လမ်းမှာ အမဲသားစားမိလို့

60 1 0
                                    

ကျွန်တော်သိတက်စ အရွယ်က တော့အမေကပြောဖူးတယ်။''ငါ့သားးးးရထားလမ်းမှာ ဆို အမြဲတတိထား''တဲ့ ဒီစကား ကိုကျွန်တော် လူကြီး ဖြစ်တဲ့အထိမှတ်မိနေတယ်။ ဒါပေမယ့် တစ်နေ့သော အခါ က ကျွန်တော် အမေပြောခဲ့တဲ့စကားကို မေ့သွားတယ်။ အဲ့ဒီနေ့က ကျွန်တော်အတွက် ကံဆိုးတဲ့နေ့လို့ ပြောရမလားပေါ့။ကျွန်တော်နာမည် (ပူပြင်း)ကျွန်တော့်အသက် (18)နှစ်ဖြစ်သည်။ကျွန်တော့် အမျိုးတွေ ကတော့ကျွန်တော့ကို ရခိုင်ဘာသာစကားနဲ့(သားချေ)လို့ ခေါ်တယ်။သားချေ ဆိုတာ ဗမာလို သားလေး /တူလေးအဲ့လိုဖြစ်သည်။ ကျွန်တော့် အဒေါ်တွေက ရခိုင်လူ မျိုး တွေဖြစ်သည်။ ကျွန်တော်ဟာ လူလဒ်တန်းစားဖြစ်သည်။ သူဌေး သူကြွယ်မဟုတ်။ ကျွန်တော် အလုပ်သည် ဈေးရောင်းခြင်းဖြစ်သည်။ ကျွန်တော်သည် ဈေးသယ် ဖြစ်သည့်အတွက် ငွေ သုံးနိုင်စွဲးနိုင်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင်ငွေ အသုံးအစွဲးကြမ်းသည်။ငွေအသုံးအစွဲး ကြမ်းသလောက်အလုပ်ကြိုးစား သည်။အလုပ်ဆိုလျှင်နေ့မနား ညမနားလုပ်သည်။ဈေးရောင် း ကုန် ပစ္စည်း များ နေ့တိုင်းမြို့ထဲးမှာသွားသွားဝယ်နေရသည်။မြို့ထဲ သည်။ကျွန်တော်၏အလုပ် ဟူ၍ပြောလျှင်ပိုမှန် လိမ့်မည်။ကျွန်တော်သည် သမိုင်း7 လမ်း နေသည်။ကျွန်တော်သည် သရဲကားဆိုလျှင်ရုပ်ရှင်ကားများသာကြည့်ဖူးသူဖြစ်သည်။အဲ့ဒီနေ့က ကျွန်တော့် ကံဆိုးသည်။သရဲ ဆိုတာ ထင်ထင်ရှားရှား ကြီးကိုမြင်ခဲ့ရသည်။ဖြစ်ပုံက ဒီလိုဗျ?????အဲ့ဒီနေ့က ကျွန်တော်ဈေးရောင်း ပြီးပြန်လာသည်။စိတ်များ မကြည်ဖြစ်နေသည် ဈေးရောင်းမကောင်းဝယ်သူ များနှင် စကားပြောအဆင်မပြေ ဘုနှင့်ဘောက်ပဲ ။ကျွန်တော်အိမ်ရောက်တဲ့အထိစိတ်ဆိုးမပြေသေး ။ဈေးရောင်းကုန်ပစ္စည်း များဝယ်ရန်အစီအစဉ် ရှိသေးသည်။မြို့ထဲသို့သွားရအုံးမည်။ကျွန်တော်မြို့ထဲသွားခါနီး ကျွန်တော်အဒေါ်က စကားလှမ်းပြောသည်။''သားချေ မင်းလမ်းကြုံရင်အမဲးသားတုတ်ထိုးဝယ်ခဲ့နော်''ကျွန်တော် စိတ်တိုနေရတဲ့အထဲကျွန်တော့်ကို သားချေ တဲ့ကျွန်တော်အရွယ်ကသားချေတဲ့လားသားကြီးလို့ခေါ်လို့မရဘူးလားဟူ၍တွေးလိုက် မိသည် ။ စိတ်တို နေသည့်အချိန်မှို့ စကားပြောလျှင် အမှားပါမည် စိုး၍ ကျွန်တော်ဘာစကားမှမပြောပဲ လမ်းထိပ်သို့ထွက်ခဲ့သည်။ဘုရင့်နောင်လမ်းဆုံမှ 39ကားစိးသည်။ကျွန်တော်စိတ်မကြည် သည့်အချိန်မှို့မည်သူနှင့်မှစကားပြောအဆင်မပြေကားကလည်း ကျည်း တော့စီး၍အဆင်မပြေ တိုးဝှေ့ ပြီးစီးနေရသည်။ ကျွန်တော့စိတ်ထဲမှာတော့ အိမ်ပြန်ရင်ရထားစီးပြီးပြန်မယ်ဟူ၍တွေးလိုက်သည်။ လမ်းကလည်းပိတ်နေတော့နေ့ခင်း2နာရီမှ မြို့ထဲရောက်သည်။ကျွန်တော်လိုအပ်သည့်ပစ္စည်း များဝယ်သည်။ 4နာရီမှ ဝယ်စရာများ ကုန်သွားသည်။ခြေထောက်များလဲညောင်းနေပြီ စိတ်ထဲမှာလဲ စိတ်ညစ်နေတာလေးနည်းနည်းပေါ့သွားသည်။ဒီလိုနဲ့ အထုပ်မနိုင်မနင်း နဲ့ဘိန်းစားတန်း ကိုသွားသည်။နည်းနည်းတော့ စပ်စု တက်တယ်ဗျကျွန်တော်က ။ ကျွန်တော်ဘိန်စားတန်းရောက်တော့အဟောင်းပစ္စည်းဘာဝယ် ရင်ကောင်းမလဲ စဉ်းစားသည် ။စဉ်းစား၍မရ အချိန်ကုန်သွားပဲ အဖတ်တင်တယ် ညနေ့ 6နာရီထိုးနေပြီလေ။ အဲ့အချိန်မှာကျွန်တော်ကံစဆိုးသည်။ကျွန်တော်ပစ္စည်းများမနိုင်မနင်းနဲ့ ရထားစီးဖို့ ဘူတာသို့သွားသည်။ချွေးများလဲ အလွန်ထွက်လာသည်။အရမ်းပင်ပန်းနေပြီ ခြေထောက်များပင်မသယ်ချင်တော့။ဗိုက်ကလဲဆာလာသည်။ ရထားဘူတာရောက်တော့ 7နာရီထိုးသွားပြီ ။ ဗိုက်ဆာနေသည့်ပြသာနာကိုအရင်ရှင်းဖို့စိတ်ကူးလိုက်သည်။ ဘူတာသို့ရောက်ရောက်ချင်း အမဲးသားတုတ်ထိုး သယ်ကိုမြင်သည်။ဈေးသယ်အချင်းချင်းမှို့အားပေးချင်သည့် စိတ်နဲ့ ဗိုက်ဆာလာတာနဲ့ ဝင်စားပစ်လိုက်တော့သည်။အဲ့ဒီအချိန်ကျွန်တော် ဘေးနားမှာ မိန်းမတစ်ယောက်ထိုင်နေသည်။ကျွနိတော့်ကိုလဲစိုက်ကြည့်နေသည်။အစ ကတော့ သတိမထားမိဗိုက်နည်းနည်းပြည့်လာတော့အဲ့ဒီမိန်မကြီးက ထိုင်၍စိုက်ကြည့်နေသည်ကို သတိထားမိသွားသည်။ကျွန်တော်လဲကျွန်တော့ရဲ့အဒေါ်အတွက် ဒုတ်ထိုးဝယ်လိုက်သည်။ ကျွန်တော်ကသနားတက်တယ်ဗျ။အဲ့ဒီမိန်းမကြီးဖက်လှည့်ပြီး ကျွန်တော်မေးလိုက်သည်။ ''ဗိုက်ဆာလို့လာအမ''စကားပြန်မပြော ခေါင်းညိမ့်ပြသည့်။အမဲးသားဒုတ်ထိုးသယ် ဈေးသယ် မိန်းမက ကျွန်တော့ကိုကြည့်သည်။ပြီးတော့ကျွန်တော်ကြည့်တဲ့နေရာကို ကြည့်သည်။ပြီးတော့ကျွန်တော့ကိုရူးနေလား ဟူးသော မျက်လုံးမျိုးနှင့်စကားလှမ်းပြောသည်။''ဟဲ့ကောင်လေး နင်ဘယ်သူ့ကိုစကားလှမ်းပြောနေတာလဲ ဘယ်သူမှမရှိပဲ တစ်ယောက်ထဲစကားပြောနေတာလား''ကျွန်တော်ကြောင်စီစီဖြစ်သွားသည်။ကျွန်တော် မြင်ပြီး ဒုတ်ထိုးသယ်မိန်းမမမြင်တာလား ဟုတွေးမိသည်။ကျွန်တော် ကြက်သီးထလာသည်။သရဲလားမသိဘူး ဆိုပြီးစိတ်ထဲကတွေးလိုက်သည်။ပြီးတော့ အရဲ စွန့်ပြီးလှည့် ကြည့်လိုက်သည် ။မရှိတော့။ကျွန်တော် မျက်လုံးပြူးသွားသည်။စားလက်စ အမဲးသားတောင်မျိုမကျတော့။''ဘော်းးးးးးးးးး''(ရထားလာသံ)စားထားသလောက်ပဲ ပိုက်ဆံ အမြန်ရှင်းလိုက်သည်။ ရထားလက်မှတ်အမြန်သွားဝယ်လိုက်သည်။''ကွီးးး ဂျုန်းဂျန်း ''ရထားအရှေသို့ရောက်လာသည်။ပစ္စည်းထုပ် မနဲးးမ ၍ ရထားပေါ်တက်မည်အလုပ် သရဲမ ကကျွန်တော့်အရှေ ရထားအပေါက်ဝက စောင့်နေလေရဲ့ ။ကျွန်တော့မှာ သူမျက်နာကိုကြည့်ပြီး ကြောက်စိတ်အကြီးကြီးဝင်လာသည်။ ရထားကလဲထွက်တော့မည်။ဒီသရဲမ ဒုက္ခတော်တော်ပေးတာပဲ ဟူ တွေးမိသေးသည်။ကျွန်တော်မမြင်ချင်ယောင်ဆောင်ပြီး အထုပ်များနှင့်ရထားပေါ်တက်လိုက်သည်။ရထားကလဲ ကျွန်တော်အပေါ်ရောက်ပြီဆိုတာနဲ့စမောင်းသည်။ ကျွန်တော် ထိုင်ခုံ တစ်နေရာ ဝင်ထိုင်လိုက်သည်။သရဲမက မသွားသေးဘူးဗျာကျွန်တော့်ရှေမှာဒူးထောက်ပြီးထိုင်နေသည်။ကျွန်တော့မှာ ရင်တုန်ပန်းတုန်ဒူးများလဲတုန် အသံတွေလဲတုန် ပေါ့ကြောက်ပါတယ်ဆိုမှ သူကဖြဲခြောက်နေတယ်။ အဲ့ဒါနဲ့ ကျွန်တော့စိတ်ထဲသူအမဲးသားစားချင်လို့ လိုက်လာသလားမသိဟုထင်မိသည်။သူက ခေါင်းညီမ့်ပြသည်။ကျွန်တော့်စိတ်ထဲပြောသမျှသူကြားနေရသလားဟုမေးလိုက်သည်။သူကခေါင်းညိမ့်ပြသည်။အဲ့ဒါနဲ့ကျွန်တော်လဲကြောက်ကြောက်နဲ့ကျွန်တော့အဒေါ်အတွက် ဝယ်လာတဲ့အမဲသားအထုပ် ကို ဖွင့်ပြီး စားပါဟုစိတ်ကနေ ပြောပြီး အပြင်သို့ လွင့်ပစ်ခဲ့သည်။သူလဲပြောက်သွားသည်။သမိုင်ဘူတာလဲရောက်ပြီ။ရင်ထဲအလုံးကြီးလဲကျသွားသည်။နောက်ဘယ်တော့မှရထားမစီးတော့ဟူဆုံးဖြတ်လိုက်သည်။ ENDကျေးဇူးတင်ပါသည်ရေးသူ--စာနဂါး

စိတ်ကူးယဉ်သရဲဇာတ်လမ်းများWhere stories live. Discover now