ဒုက္ခဘောပင်

46 2 0
                                    

အချိန်က နေ့လည်(2နာရီ)ဘမောင်းတစ်ယောက် ကားမောင်း၍လာသည်။ နေ့လည်ဖက် ဖြစ်၍အလွန်ပူပြင်း၏။ဘမောင် coffeeဆိုင် တစ်ဆိုင် တွင် ခဏအနား ယူရန်ဆုံးဖြတ်လိုက်သည်။ဘမောင် မောင်းလာသော ကားမှာ (india-နိုင်ငံမှ တင်သွင်းသော အပြာရောင် [တာ တာ] ကားဖြစ်သည်)ထို့ကြောင့် အဲးယားကွန်း မပါ။ဘမောင် တစ်ယောက် အတွက် အဲးယားကွန်း မပါသော ကားကို နေ့လည်ဖက် မောင်းရသည်မှာ အလွန် စိတ်ညစ်စရာ ဖြစ်သည်။ ဘမောင် အတွက် စိတ်ညစ်စရာ အလွန်ကောင်း သော ကားကိုမမောင်းချင် သော်လည်း မောင်းနေရသည်။ အဘယ်ကြောင့်ဆိုသော်-ဘမောင် ၏အလုပ် ဖြစ်သောကြောင့်။ဘမောင်သည် ဝန်ထမ်း တစ်ဦး ဖြစ်၏ဘမောင်၏ အလုပ်မှာ ကားတစ်စီးဖြင့် မုန့်ပို့ သောအလုပ် ဖြစ်သည်။ဘမောင်၏သူဌေး ဖြစ်သူ ဦးစံကောင်း ပေးသော မှတ်စု စာအုပ် အတွင်း ဦးစံကောင်း၏ ဖောက်သည် မုန့်ဆိုင်များသို့ ဘမောင် မုန့် လိုက်ပို့ရသည်။ဘမောင် မုန့်ပို့သော ကားကို မောင်းနေကြ ဖြစ်၍ ဘယ်လမ်းမှာ တော့ဖြင့်ဘာ လက်ဖက်ရည် ဆိုင် ရှိတယ်။ဘယ်လမ်းမှာ တော့ဖြင့် ဘာcoffeeဆိုင်ရှိသည် ဆိုတာ သိနေသည်။ထို့ကြောင့် ဘမောင် ကားနှင့် အနီးဆုံးcoffeeဆိုင် သိုသွားရန် ညာဖက်သို့ကွေ့ဝင်လိုက်သည်။ အရှေ့တွင်မြင်နေရသော ကောင်းကြွယ် ကဖီး ဆိုင်းနားတွင် ကားကို ဖြေးညင်းစွာ ဘရိတ်အုတ်လိုက်သည်။ဘမောင် ကားပေါ်မှဆင်းလိုက်သည်။ဘမောင်၏ပုံစံမှာ အသားဖြူဖြူဝဝကစ်ကစ် ထောင်ထောင်မောင်းမောင်း ဖြစ်ပြီး ပုဆိုး အပြာအကွက်နှင့် စွတ်ကျယ် အင်္ကျီ ဝတ်ကာ ဘေးလွယ်အိပ် အနက်ရောင် လေးဖြင့် ကားပေါ်မှဆင်းလာသည်။((ဝ သော လူ အချို့တို့သည် ပူပြင်း သော ဒဏ် မခံနိုင်ကြ ဝသောလူတို့သည် ပူလာ လျှင် ခေါင်းမူး လာတက်၏ ထို့ကြောင့် ဘမောင်ကဖီးဆိုင်တွင် ခဏအနားယူရန် ဆုံးဖြတ်ခြင်းဖြစ်၏))ဘမောင် ကဖီးဆိုင်ထဲသို့ဝင် လိုက်၏။စားပွဲ တစ်ခု့တွင်ထိုင်၍ စားပွဲ ထိုးလေးကိုလှမ်းခေါ် လိုက်၏။''ညီလေးးး maxအချိုရည် ပေးကွား ''''နံပါတ်12စားပွဲက max အချိုရည် တစ်ပုလင်း တဲ့ဟေ့''စားပွဲထိုး လေး၏ ပျော်ရွှင်စွာ အော်ပြောနေသော လေသံ အား ဘမောင်ပီတိဖြစ်မိ၏။ ဘမောင် တစ်ယောက်စာပွဲထိုးလေးအား စိတ်ထဲမှ ချီးကျူးနေမိသည်။ ဘမောင် အအေး ပုလင်းလာမချ ခင် လွယ်အိပ် ထဲမှ ဦးစံကောင်း ပေးလိုက်သော စာအုပ်ကိုထုပ် လိုက်သည်။ စာအုပ်ထဲ မှစာရင်းများ မှန်မမှန် စစ်ဆေး နေ၏။မှားနေသော စာရင်းများအား ဘောပင် ဖြင့် ပြု့ပြင်နေ၏။ ထိုအချိန် စားပွဲထိုးလေး က ဘမောင်မှာထားသောအအေးပုလင်း လာချပေသည်။စားပွဲထိုး အအေးပုလင်ချပေးပြီး ပြန်ထွက်သွားသည်။ဘမောင် စာရင်းလုပ်နေ ရင်း ဘမောင်သုံးနေသော ဘော့ပင်မှာ မှင် ကုန်သွား၏။ လွယ်အိပ်ထဲတွင်လဲ စပယာ ဘော့ပင်မပါ။ ဘမောင်ထိုင်နေသော ကဖီးဆိုင်အနီးတွင်လဲ စာရေး ကရိယာရောင်းသောဆိုင်မရှိ ။ သို့နှင့် ဘမောင်ထိုဆိုင်သို့ မရောက်ခင်အချိန်ထဲက ရှိနေသော စားပွဲပေါ်တွင် ဘော့ပင် တစ်ချောင်း ကို တွေ့သွားသည်။ ဘမောင်ထိုဘော့ပင် ကို ယူ၍ လုပ်လက်စစာရင်းများ ဆက်လုပ် ၏။ ဘမောင်အအေး လေးသောက်လိုက် စာရင်းလုပ်လိုက်နှင့် ဟန်ကျ နေသည်။အချိန် နာရီဝက် ကျော် ကြာသွားသည်ဘမောင် စာရင်လုပ်၍ပြီးသွားသည်။အအေး လဲကုန်သွားသည်။ ဘမောင်ဘော့ပင်ကို လွယ်အိပ်ထဲသို့ ထည့်လိုက်သည်။စာအုပ် များလဲ လွယ်အိပ်ထဲ ထည့်လိုက်သည်။ထိုအချိန်မှ စ၍ ဘမောင် ကံဆိုးတော့၏။(အကြောင်းမှုကား-ဘမောင် စားပွဲပေါ်တွင် ရှိနေသော ဘော့ပင်အား လွယ်အိပ်ထဲသို့ ယူလိုက်မိသောကြောင့်ဖြစ်၏)ထိုဘောပင်သည်ဘမောင်၏ဘော့ပင့် မဟုတ် ဘမောင်ကဖီးဆိုင် မရောက်ခင် ကထဲက လူတစ်ဦးကျန်ခဲ့သော ဘောပင် ကိုဘမောင် ယူရေးမိ၍ မေ့ပြီး လွယ်အိပ်ထဲ ထည့်လိုက်မိသောကြောင့်ဖြစ်၏။(စာဖတ်သူများအနေဖြင့် ဘော့ပင်တစ်ချောင်းအရေးပါလို့လားဟူ၍မေးချင်မေးလိမ့်မည်။ စာရေးသူအနေဖြင့် ဟုတ်ကဲ့ အရေးပါပါတယ် ဟူ၍ ပြောဖို့သာရှိသည်။)ဒီလိုနှင့် ဘမောင် စားပွဲထိုးလေးအားခေါ်၍ ပိုက်ဆံ ရှင်းလိုက်သည်။ကားပေါ်သို့တက်၍ ကားစက်နိုး လိုက်သည်။ ထိုနေ့ ဘမောင်လုပ်စရာရှိသည့် အလုပ်များအကုန်လုပ်၍ပြီးသွားသည်။သူဌေး ကို ကားပြန်ပေးပြီး စာရင်းစာအုပ်မှ စာရင်းများရှင်းလိုက်သည်။ကိုဘမောင်၏အလုပ်ကိစ္စပြီးသွားသည်။ ကိုဘမောင် အိမ်သို့ ပြန်ရန် သာရှိတော့၏။ အိမ်သို့လိုင်းကားစီး၍ပြန်သည်။''ဗိုလ်ချုပ် မှတ်တိုင်ပါလား''စပယာ၏ အသံကြောင့် ဘမောင်တစ်ယောက် ကားပေါ်၌အိပ်နေရာမှ လန့်နိုးသွားသည်။အင့်ပေါ့လေတစ်နေ့လုံး အလုပ်လုပ်နေရသူဆိုတော့လဲ ညောင်းညာ နေပြီ ပင်ပန်းနေပြီလေ။ကိုဘမောင်အသံပြု့လိုက်သည်။''ပါတယ် ဗျို့းးးး''ကားပေါ်မှဆင်းရန် ဟန်ပြင်လိုက်သည်ကားရပ်သည်နှင့် ကိုဘမောသ်လဲဆင်းလိုက်သည်။ ကိုဘမောင်၏အမ်မှာကားဂိတ် နှင့်ဝေးသောကြောင့် လမ်းလျှောက်၍သာပြန်သည်။အချိန်ကား ည 8:00ဖြစ်၏။ကိုဘမောင် လမ်းလျှောက်ရင် အနောက်မှ တစ်ခု့ခု့ လိုက်လာသလိုခံစားနေရ၏။ကိုဘမောင်လဲ သွက်သွက်လေး ခြေလှမ်း၍ အိမ်သို့ရောက်ခဲ့သည်။ ကိုဘမောင်သည် ယောက်ကျားပီသသော်လည်း အနည်းငယ်တော့ကြောက်တက်၏။ကိုဘမောင် အိမ်ရောကိရောက်ချင်း ရေချိုးဖို့စဉ်းစား လိုက်သည်။ရေချိုးဖို့အင်္ကျီချွတ်လိုက်သည်။အပုတ်အနံ အလိုလို ရလာသည်။ကိုဘမောင်ကတော့ စိတ်ထဲတွင်သရဲခြောက်နေပြီလားမသိဘူးဟူ၍တွေးလိုက်မိသည်။သို့သော် သူဒီအိမ်မှာနေသည်ကကြာလှနေပြီ သရဲဆိုလို့တစ်ခါမှမမြင်ဖူးထို့ကြောင်ကိုဘမောင် သူ၏ကြောက်စိတ်ကိုဖြေသည့်အနေဖြင့် အိမ်မှ ကြွက်သေနေတာဖြစ်ရမယ်ဟူ၍တွေးလိုက်သည်။ ကြောက်စိတ် ပေါ့သွားသည်။ ထို့အချိန်မှစ၍ ဇာတ်လမ်းက စတော့သည်။ကိုဘမောင်ရေချိုးဖို့ ရေချိုးခန်းထဲသို့ဝင်လိုက်သည်။ တံခါးလော့ချလိုက်သည်။ လေလေးတချွန်ချွန်နှင် သံရေခွက်ကိုလဲကိုင်ရောရေထဲမှ မဲမဲနဲ့ လက်ကြီးတစ်ချောင်းက ကိုဘမောင်၏လက်ကို စွဲးနေသည်။ ကိုဘမောင်လဲ ကြောက်ကလဲကြောက် နှင့်အတင်းရုန်းကန်ရင်း ခုဏက လက်မဲမဲကြီးမရှိတော့ ကိုဘမောင်လဲ မျက်လုံးမျက်ဆံပြူး သွားသည်။ရေထဲကိုလဲ မင်္သကာဖြစ်နေသည်။ရင်တထိတ်ထိတ်ဖြစ်သွားသည်။စိတ်ထဲထူးစမ်းနေသည်။ရေအမြန်ချိုးလိုက်သည်။ ရေချိုးပြီးသည်နှင့် ရေချိုးခန်း တံခါးဖွင့်၍မရတော့ ပါ ရုတ်တရက်မီးပြတ်သွားသည်။ ကိုဘမောင်လဲတံခါးကို တဒုန်းဒုန်း ထုပြီး ကြောက်ကြောက်နှင့်အော်နေရပါတော့သည်။''အားးးး ကယ်ကြပါအုံး လုပ်ကြပါအဲုံး ဗျားးး''ကိုဘမောင်၏အိမ်တစ်အိမ်လုံးကျွတ်ကျွတ်ညံသွား သည်။ခဏအကြာ မီးပြန်လာသည်။တံခါးကလဲ ပွင့်သွားသည်။ တံခါးပွင့်ပွင့်ချင်း ရေစို ပုဆိုးကြီးဖြင့်ရေချိုးခန်းက အထွက် ရုပ်ဆိုးပန်းဆိုးနဲ့မိန်မကြီးတစ်ယောက်က ကိုဘမောင်ကို စိုက်ကြည့်နေသည်။ကိုဘမောင်လဲ ကြောက်ကြောက်နှင့်ငယ်သံပါအောင် အော်သော်လည်းငယ်သံတောင်မထွက်တော့ တစ်ခါတည်း ရေစိုပုဆိုးကြီးဖြင့် အိမ်ပေါ်က နေဆင်းပြေးတာ လမ်းမပေါ်လျှောက်ပြောတာ မနက်မိုးလင်းတဲ့အထိပဲ ။မနက်မိုးလင်းတော့ 7:00အချိန်သူကြောက်ကြောက်နှင့် အိမ်ပြန်ကြည့်သေးသည်။သူအိမ်ထဲသို့ဝင်ကြည့်သည်။အမယ် သူရဲမ က စာရေးခဲ့တယ်ဗျသရဲမ ရေးခဲ့တဲ့စာ ကဤသို့ဖြစ်၏ကောင်လေး မင်းဒီနေ့ယူလာတဲ့ဘော့ပင်က ငါပိုင်တဲ့ဘော့ပင်ပဲကွ ငါ့ကို ဂမ္ဘီရ ဆရာတစ်ဦးက ဘော့ပင်မှာ အင်းစွဲပြီးငါ့ကိုဖမ်းချုတ်ထားတာကွ ငါပိုင်တဲ့ဘောပင်ကို မင်းက ယူလာတော့ ငါက ခြောက်မှာပဲမင်းက ငါ့သခင်မှမဟုတ်တာငါ့ကိုအစာလဲမကြွေးဘူးဒီနေ့ည ငါလာအုန်းမည်။ဒီဘော့ပင်ကို မင်းယူခဲ့တဲ့နေရာပြန်သွားထားဒါမှငါ့သခင် ရှာလို့တွေ့မှာ ကြားလားဤသို့ရေးထားခြင်းဖြစ်သည်။ဘမောင်လဲ ကြောက်ကြောက်နှင်းဘောပင်ကိုကြည့်လိုက်ရာဟုတ်တယ်ဗျ အင်းစွဲထားတာကျွန်တော် ကဖီးဆိုင်မှာထဲကတွေ့ခဲ့ရင် ကောင်းမယ်ဟုတွေးလိုက်မိ၏ဘာပဲဖြစ်ဖြစ် ညမရောက်ခင်ဒီဘောပင်ယူခဲ့တဲ့နေရာပြန်ထားမယမဟုဆုံးဖြတ် လိုက်သည်။taxiတစ်စီးငှားပြီး မနေ့က ထိုင်ခဲ့တဲ့ကဖီးဆိုင်သို့ ကြောက်ကြောက်နှင့်သွားရသည်။taxiသမားတော့ အဖြစ်အပြက်များမသိသောကြောင့်မကြောက် ဘမောင်ကဖီးဆိုင်သို့ရောသွားသည်။ဟုတ်တယ်ဗျ လူတစ်ဦးက ဘမောင်စီမှဘေ့ာပင်တောင်းတော့သည်။ ဘမောင်လဲ ဘောပင်ပေးပြီးအမြန်ဆုံးအိမ်ပြန် ရတော့သည်။အိမ် သိုရောက်တော့ ဘမောင် 4ရက်လောက်အိပ်မပျော် တော့ဘမောင် လူများပစ္စည်း ဘယ်တောမှမယူတော့ဟုဆုံးဖြတ်လိုက်သည်။ သရဲလဲထို့နေကစ၍မခြောက်တော့။END စာဖတ်သူအားလုံးကျေးဇူးတင်ပါသည်။ ကျွန်တော်ရေးသောစာများမှာ စိတ်ကူးယဉ်များဖြစ်သောကြောင့်တကယ်မဟုတ်ပါ။ အကယ်၍GOODတယ်ဆိုလျှင် ကျွန်တော့ကိုကောမန့် မှာ ဝေဖန်ပေးကြပါနော်။စာဖတ်သူအဖို့ ရသတစ်ခုရခဲ့လျှင်LIKEတစ်ချက်နိုပ်ခဲ့ပါနော်။ရေးသူ-စာနဂါး

စိတ်ကူးယဉ်သရဲဇာတ်လမ်းများWhere stories live. Discover now