သူ တကယ်ရှိခဲ့သလား

105 3 0
                                    

လူတိုင်းမှာ အမှတ်ရစရာဖြစ်ရပ်တွေ တစ်ခု့မဟုတ် တစ်ခု့တော့ ရှိကြတတ်ပါတယ်။ စာနဂါး မှာလည်း လုံးဝမေ့မရတဲ့ အမှတ်ရစရာ ဖြစ်ရပ်တစ်ခု့ ရှိခဲ့ဖူးပါတယ်။အဲ့ဒီဖြစ်ရပ်ကို စဉ်းစားမိတိုင်းတစ္ဆေခြောက်ခဲ့တာလား လို့ တွေးမိပြီး အိပ်မပျော်ခဲ့တဲ့နေ့တွေ ရှိခဲ့ဖူးပါတယ်။တစ်ခါတလေ တော့လည်း အဲ့ဒီ ဖြစ်ရပ်ဟာ တကယ်ဖြစ်ခဲ့တာပဲ လို့ယူဆ မိပါတယ်။တစ်ခါတလေတော့ အိပ်မက်များဖြစ်နေမလားလို့အတွေးလေးတွေ ဝင်လာတယ်။____________________အဲ့ဒီနေ့က၇နာရီ အချိန်ပေါ့။ကျွန်တော် ညနေစာ စားနေတုန်း ခြံထဲမှာ ရေးရေးရိပ်ရိပ် နဲ့ တစ်စုံတစ်ခုကို တွေလိုက်မိလို့ သွားကြည့်လိုက်တော့ အလှမွေး ခွေးတစ်ကောင်။ဘယ်က ဘယ်လိုရောက်လာတယ် မသိ။ သူက ခြံထဲမှာ ဟန်ကျကျအိပ်နေတယ်။"ဟဲ့ခွေး "ကျွန်တော်လှမ်းအော်လိုက်တော့ ဒီကောင်က ခေါင်းလေးထောင်ကြည့် ပြီး အမြှီး လှုပ်ပြတယ်။ကျွန်တော်လည်း ခွေးဆိုရင် မုန်းတဲ့လူဆိုတော့နီးစပ်ရာ တစ်ခု့ခု့နဲ့ ပစ်ပေါက်ဖို့ လုပ်တော့မယ်အချိန်မှာ" အကိုကြီး မပစ်ပါနဲ့ ဒါကျွန်မရဲ့ခွေးလေးပါ "ခြံရှေ့က မိန်းကလေးတစ်ယောက်ရဲ့ အသံကြောင့်ကျွန်တော့ဒေါသတွေ လျှော့လိုက်တယ်။"ဒါ...မင်းရဲ့ခွေးလား "" ဟုတ်ပါတယ်ရှင့်"" အဲ့ဒါဆိုရင်လည်း မြန်မြန်ခေါ်သွား ကြာရင်ငါ ခဲနဲ့ ထုမိလိမ့်မယ်။"ကျွန်တော့ရဲ့ ရင့်သီးတဲ့စကားလုံးတွေရဲ့ အပြီးမှာ အဲ့ဒီမိန်းကလေးက ခြံထဲကိုဝင်ပြီး သူ့ခွေးကို သူပြန်ခေါ်သွားတယ်။"တောက် ... ဒီလို သတ္တဝါကို ချစ်နေကြတဲ့ လူတွေလဲ ရှိကြသေး သကို"ခြံဲထဲက ထွက်သွားတဲ့ သူ့ကိုကြည့်ရင်း ကျွန်တော်ရေရွတ်လိုက်မိတယ်။ သူကတော့ ကြားပုံမပေါ်။*********************"ဟဲ့...ယမင်း ...ခွေးတစ်ကောင်ခေါ်ပြီး ဘယ်ကိုသွားနေတာလဲ "ဆိုတဲ့ အသံကြောင့် ခွေးပိုင်ရှင် ကောင်မလေးကို တစ်စုံတစ်ယောက်က ခေါ်နေပြီဆိုတာ သဘောပေါက်လိုက်တယ်။ ပြီးတော့သူရဲ့ နာမည်က ယမင်းဆိုတာအကြောင်းမဲ့ မှတ်ထားလိုက်မိတယ်။" လာပြီ အမေ" လို့ သူက အော်ပြီး ကျွန်တော်တို့ခြံရဲ့ ဘေးက အိမ်ထဲကို ဝင်သွားတယ်။သူဝင်သွားတဲ့အိမ်က လွန်ခဲ့တဲ့ ၃နှစ်လောက်တုန်းထဲက လူမနေဘဲ ဒီအတိုင်းရှိနေခဲ့တာ ကြာပါပြီ ။အခု့လို အဲ့ဒီအိမ်မှာ လူတွေ ရုတ်တရက် တွေ့လိုက်ရတော့ အသစ်ပြောင်းလာကြတဲ့ မိသားစုတွေ ဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော် သဘောပေါက်လိုက်တယ်။သြော် အိမ်နီးချင်းအသစ်တွေကို ငါ ဒီလိုမဆက်ဆံသင့်ဘူးလို့ တစ်ယောက်ထဲတွေးရင်းကျွန်တော် အိမ်ထဲပြန်ဝင်လိုက်တယ်။--------------ဒီလိုနဲ့ ည၉နာရီလောက် ရောက်တော့ ကျွန်တော်အိပ်တော့မှာမို့ ခြံထဲဆင်းပြီး ခြံတံခါး ပိတ်ဖို့သွားတော့ခြံရှေ့မှာ ရစ်သီရစ်သီ လုပ်နေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်တယ်။ကျွန်တော်လည်း ကျားချောင်းချောင်းပြီး သေချာကြည့်လိုက်တော့ဘေးအိမ်က ယမင်းဆိုတဲ့ ကောင်မလေး ဖြစ်နေတယ်။ဒီအချိန်ကြီး သူဒီနာမှာ ဘာလုပ်နေတာပါလိမ့် ။ကိုယ်အကြောင်းမဟုတ်ဘဲ စဉ်းစားနေမိရင်းခြံတံခါးဆီကို သွားလိုက်တယ်။ ခြံတံခါးကို ပိတ်ဖို့လုပ်တော့ သူက" အကို ခဏလေးပါ""ဘာတုန်း "" ကျွန်မ ခွေးလေး အကိုတို့ခြံထဲ ဝင်သွားလို့""အဲ့တော့ "အသံခပ်မာမာနဲ့ ကျွန်တော့ရဲ့ စကားသံတွေကြောင့်သူ ရှေ့ဆက်ပြောဖို့ အတော်လေး စဉ်းစားနေပုံရတယ်။ခဏနေတော့မှ သူဆီက အသံထွက်လာတယ်။" ကျွန်မ ခြံထဲ ဝင်ပြီး ခွေးခေါ်ပါရစေ"" ယောကျားလေးရှိတဲ့ခြံထဲကို ညဘက်ကြီး ဝင်တာ မသင့်တော်ပါဘူး"ကျွန်တော် အသံကို ခပ်မာမာနဲ့ မပြောတော့ဘဲ ပုံမှန်အသံနဲ့ ပြောလိုက်တော့ သူ့မျက်နာ ဝင်းခနဲ ဖြစ်သွားတယ်။" အဲ့ဒါဆို ကျွန်မခွေးလေးကို အကို ခေါ်ပေးပါလား ဟင်""ကျုပ်က ခွေးဆိုရင် မုန်းတာဗျ ။ ဒါပေမယ့်ကျုပ် ပြန်ခေါ်ပေးပါ့မယ် "ကျွန်တော်အဲ့လိုပြောလိုက်တော့ သူမျက်နှာလေး ပြုံးသွားတယ်။ကျွန်တော်လည်း ဂတိအတိုင်းသူ့ခွေးကို လိုက်ရှာပေးရတယ်။ သူကတော့ ခြံအပြင်မှာ ရပ်စောင့်နေတာပေါ့။ခွေးရှာဖို့ အိမ်ပေါ်မှာ ဓာက်မီးသွားယူပြီး ခြံထဲဆင်းလိုက်တယ်။ ပြီးတော့ ဓာက်မီးကို ဟိုထိုး ဒီထိုး လုပ်လိုက်တယ်။ ခြံပတ်ပတ်လည်မှာ မတွေ့တွေ့အောင် လိုက်ရှာတော့ ခြံနောက်ဖေးမှာ သွားတွေ့တယ်။"ဟဲ့ခွေး လာ...လာ...လာ "ကျွန်တော်က ခေါ်နေပေမယ့် ဒီကောင်က ကျွန်တော့ဆီမလာဘူး။ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ ကျွန်တော်လည်း စိတ်မရှည်ချင်တော့ဘူး။ အဲ့ဒါနဲ့ ခွေးရှိတဲ့နေရာကို သွားပြီး ဖမ်းခေါ်ဖို့ စိတ်ကူးလိုက်တယ်။ဖြေးဖြေးချင်း ခွေးအနားကို ကပ်လိုက်ပြီးခွေးကို ဆက်ခနဲ ဖမ်းလိုက်တယ်။ခွေးကလည်း လန့်ဖျပ်ပြီး ကြောက်လန့်တကြား နဲ့ ကျွန်တော့ကို ပြန် ကိုက်တယ်။ကျွန်တော် အလဟဿ အကိုက်ခံလိုက်ရတာ ဆိုတော့ စိတ်အရမ်းဆိုးမိတယ်။ ကျွန်တော့လက် အရမ်းနာသွားတယ်လေ။ကျွန်တော် ခွေးကို နောက်တစ်ခေါက် မကိုင်ရဲတော့ဘူး။အဲ့ဒါနဲ့ ခြံတံခါး အနားကိုသွားပြီး" ဒီမယ် ခင်ဗျားရဲ့ခွေးက ကျုပ်ကိုကိုက်တယ်ဗျ ""ကျွန်မပြောသားပဲ ခြံထဲဝင်ပြီး ခွေးခေါ်ပါရစေဆိုတာကို သူ့ဟာသူခွင့်မပြု့ဘဲနဲ့ "" ခွေးက ကိုက်တတ်တယ်ဆိုရင်လဲ စောစောထဲက ပြောထားပေါ့ကွာ ""ကျွန်မခွေးအစားတောင်းပန်ပါတယ်ရှင် လောလောဆယ်တော့ ကျွန်မခွေးလေးကို ကျွန်မကိုယ်တိုင်ခေါ်ပါရစေနော် ""ဟုတ်ပါပြီ ခေါ်ပါ " လို့ ပြောရင်း ခြံတံခါးကို ဖွင့်ပေးလိုက်တယ်။ သူက ခြံထဲဝင်လာပြီးကျွန်တော့ကို မေးငေါ့ ပြတယ်။ သူ့ခွေး ဘယ်မှာလဲ ဆိုတဲ့သဘောပေါ့။ ကျွန်တော်ကလည်း အိမ်နောက်ဖေး လမ်းကြားထဲ လက်ညိုး ထိုးပြလိုက်တယ်။ ချက်ချင်းပဲ သူ့ အိမ်နောက်ဖေးကိုဝင်သွား တယ်။ကျွန်တော်ကတော့ သူ ခွေးခေါ်ပြီး ပြန်ထွက်မယ့် အချိန်ကိုစောင့်နေရတာပေါ့။ ခြံတံခါးလည်း ပိတ်ရအုံးမယ်လေ။ဒါပေမယ့် သူပြန်မထွက်ဘူး။ ဒီလောက်အကြာကြီး သူကျွန်တော်တို့ ခြံထဲမှာ ဘာလုပ်နေပါလိမ့်။ ခွေးခေါ်နေတာမှ ဟုတ်ရဲ့လား။ကျွန်တော်တစ်ယောက်ထဲ မေးခွန်းထုတ် စဉ်းစားနေမိတယ်။ အချိန်နည်းနည်းလောက် ထပ်စောင့် ပေမယ့်လည်း သူမထွက်လာသေးဘူး။အဲ့ဒါနဲ့ အိမ်နောက်ဖေးကို ကျွန်တော်ကိုယ်တိုင် လိုက်သွားပြီးတော့ လက်ထဲကိုင်ထားတဲ့ ဓာက်မီးလေးနဲ့ ဟိုထိုး ဒီထိုး လုပ်လိုက်တယ်။ဘယ်သူမှမတွေ့ဘူး။ ခွေးလည်းမတွေ့ လူလည်းမတွေ့တော့ ထူးစမ်းနေတာ အမှန်ပဲ။"မ ယမင်းရေ "ကျွန်တော်အသံပေးပြီးခေါ်လိုက်ပေမယ့် ဘယ်သူမှ မရှိကြသလို ဘာအသံမှလည်း ပြန်မထွက်လာဘူး။ခြံပတ်ပတ်လည်ကို နေရာစုံအောင် လိုက်ရှာတော့လည်း တစ်ယောက်မှမတွေ့ဘူး။ အိမ်ထဲ ဝင်ရှာတော့လည်းဘယ်သူမှမတွေ့ဘူး။ ထူးစမ်းတယ်။အချိန်ကလည်း ၁၀နာရီ ရှိပြီ ။ ကျွန်တော်လည်း အိပ်ချင်နေပြီ။ ဘယ်သူမှ မတွေ့မယ့်အတူ ခြံတံခါးပိတ်ပြီး အိပ်တော့မယ်လို့ စိတ်ကူးလိုက်တယ်။ခြံတံခါးအနားကို ပြန်သွားပြီး ခြံတံခါးပိတ်လိုက်တယ်။ပြီးတော့ အိမ်ထဲကို ပြန်ဝင်လိုက်တယ်။ရုတ်တရက် ကျွန်တော့လက်က တစစ်စစ် ကိုက်လာတယ်။ ကျွန်တော်သေချာကြည့်လိုက်တော့ခွေးကိုက်ထားတဲ့ ဒဏ်ရာ က သွေးတွေထွက်နေပြီ။အဲ့ဒါနဲ့ အိမ်မှာ အဆင်သင့်ဆောင်ထားတဲ့ ဆေးဘီရီုက အရက်ပျံ နဲ့ အနာကြက်ဆေး ယူလိုက်တယ်။ပြီးတော့ ထိုင်ခုံတစ်လုံးမှာ ဟန်ကျကျ ထိုင်ပြီးခွေးကိုက်ထားတဲ့ ဒဏါရာကို ဆေးထည့်လိုက်တယ်။စပ်လိုက်တာဗျာ။တော်တော်လေးကိုစပ်တာ။ဆေးထည့်လို့ပြီးတော့ ဆေးတွေကိုသိမ်းပြီးအိပ်ယာကို သွားလိုက်တယ်။ ပြီးတော့ ခြင်ထောင်ထောင်ပြီး ဝင်အိပ်လိုက်တယ်။လူကလည်း ပင်ပန်းနေလို့လားမသိဘူးချက်ချင်းအိပ်ပျော်သွားတယ်။-------------------------မျက်လုံးဖွင့်လိုက်တော့ မနက်မိုးလင်းနေပြီ။ နာရီကြည့်လိုက်တော့ ၈နာရီထိုးတော့မယ်။ အလုပ်နောက်ကျနေပြီ။ မြန်မြန်ထပြီး မှန်ရှေ့မှာ သွားတိုက် မျက်နှာသစ် လုပ်ရတယ်။အဲ့ဒီမှာ ထူးစမ်းတာ တစ်ခုက ကျွန်တော့ လက်မှာ ဘာဒဏ်ရာမှ မရှိတော့ဘူး။ ကျွန်တော်က မှန်အရှေ့မှာ မျက်နာသစ်တာ ဆိုတော့ ရုတ်တရက် ကျွန်တော့လက်ကိုသတိထားမိတယ်လေ။အဲ့ဒါအရေးမကြီးပါဘူးလေ ဆိုပြီး လုပ်စရာရှိတာဆက်လုပ်လိုက်တယ်။အဝတ်အစားတွေ ဝတ်ပြီးအလုပ်သွားဖို့ အိမ်တံခါးတွေ သော့ခပ် ခြံအပြင်ကိုထွက်တော့ နောက်ထပ် ထူးစမ်းတာ တစ်ခု တွေရပြန်တယ်။ကျွန်တော်တို့ ဘေးခြံမှာ မနေ့ည ၇နာရီလောက်ကပြောင်းလာကြတဲ့ မိသားစုအိမ်က သော့ခပ်ထားတယ်။ ဘယ်သူမှရှိပုံမပေါ်ဘူး။အဲ့ဒါလည်း အရေးမကြီးပါဘူးလေ ဆိုပြီး ကိုယ်အလုပ် ကိုယ်ဆက်သွားရတော့တယ်။အဲ့လိုနဲ့ အလုပ်ကိုရောက်တော့ ညကတွေ့ခဲ့တဲ့ ယမင်းဆိုတဲ့ကောင်မလေးအကြောင်း စဉ်းစားနေမိပြီပေါ့။သူက ရင်ခုန်စရာကောင်းတယ်လေ။လှလည်းလှတယ်။သူကိုနောက်တစ်ခါ တွေ့ရရင် အချစ်ရေးဆိုဖို့ စဉ်းစားနေမိတယ်။"ဟဲ့ယောင် ဘာတွေစဉ်းစားပြီး ပြုံးစီစီ လုပ်နေတာလဲ"အရင်းနီးဆုံး မိတ်ဆွေကြီး ကိုမိုးစွေ ရဲ့မေးခွန်းကြောင့် ကျွန်တော် မျက်နာကို ချက်ချင်း တည်လိုက်မိတယ်။" ဘာမှမဟုတ်ပါဘူးကွာ ""တစ်ခုခုတော့ တစ်ခုခုပဲ ဖုံးကွယ်မနေစမ်းပါနဲ့ကွာ သူငယ်ချင်းအချင်းချင်းပဲဥစ္စာ "" အေပါကွာ ငါပြောပြပါ့မယ်" ဆိုပြီး ညက ဖြစ်ခဲ့တဲ့ အကြောင်းကို ပြောပြလိုက်တယ်။ကိုမိုးစွေ အံ့သြောမင်သက် ပြီးစိတ်ဝင်တစား နားထောင်နေတာ။ပြောလို့ပြီးတော့ ကိုမိုးစွေက " ငါလည်း သူကိုတွေ့ချင်တယ်"တဲ့။"တွေချင်ရင် လိုက်ခဲ့ကွာ " လို့ ကျွန်တော်ပြောလိုက်တော့သူသဘောတွေ့သွားပုံရတယ်။ မျက်နာကြီးက ပြုံးလို့။အဲ့ဒါနဲ့ အလုပ်ပြီးတော့ သူကို အိမ်ခေါ်လာခဲ့တယ်။အိမ်ရောက်တော့ ကျွန်တော်တို့ဘေးခြံက သောခပ်ထားတုန်းပဲ။ ဘယ်သူမှမရှိကြဘူး။" မင်းပြောတဲ့ ကောင်မလေးရဲ့ အိမ်က ဘယ်မှာလဲကွ""အဲ့ဒီသော့ခပ်ထားတဲ့ အိမ်ပဲလေ "" မင်းကလဲကွာ လာနောက်နေတယ် အဲ့ဒီအိမ်က သော့ခပ်ထားတာကြာပြီလေ ""အေ အရင်းတုန်းက သော့ခပ်ထားတာမှန်တယ် ဒါပေမယ့် မနေ့ညကလူသစ်တွေ ငါ့မျက်လုံးနဲ့သေချာတွေ့လိုက်တာ ""လာနောက်မနေ့နဲ့ ငါပြန်တော့မယ်ကွာ "ကိုမိုးစွေ သဘောမတွေ့ဟန် နဲ့ အိမ်ပြန်ဖို့ ပြောလို့ကျွန်တော် ခေါင်းတစ်ချက် ငိုက်ပြလိုက်တယ်။သဘောက အိမ်ပြန်ချင်လဲ ပြန် ပေါ့။သူတကယ်ပဲပြန်သွားတယ်။ကျွန်တော်လည်း အိမ်ထဲဝင်လိုက်တယ်။နောက်ပိုင်းတွေကြတော့ အဲ့ဒီ ဘေးအိမ်မှာ လူတစ်ယောက်မှမတွေ့တော့ဘူး။ အမြဲတမ်းသော့ခပ်ထားတုန်းပါပဲ။ထူးစမ်းမိတာအမှန်ပါ ။ ကျွန်တော်တွေ့ခဲ့တဲ့ ပုံရပ်တွေက တကယ်လား။ဒါမှမဟုတ် အိပ်မက်လား။ ဒါမှမဟုတ် ဘာလဲ ဆိုတာ သိချင်မိတယ်။ကျွန်တော့လက်က ခွေးကိုက်တဲ့ ဒဏ်ရာကတော့ မရှိတော့ပါဘူး။ အဲ့ဒါကြောင့် အိပ်မက်လို ယူဆရင်လည်း ရပါတယ်။ ဒါပေမယ့် ကျွနတော်က တကယ်ဖြစ်ခဲ့တာလို့ ယုံကြည်တယ်။ယမင်းဆိုတဲ့ ကောင်းမလေးရဲ့ မျက်နာကို လည်း မှတ်မိနေသေးတယ်။ သူ့ကိုနောက်တစ်ခေါက်တွေ့ချင်စိတ်တွေ တဖွဖွ ဖြစ်နေတယ်။ သူက တကယ်ရှိတာလား။ကျွန်တော်တစ်ယောက်ထဲ နေ့တိုင်းစဉ်းစားနေမိပါတော့တယ်။(END ဝတ္ထုပြီးဆုံးသည်။)(ကလောင်နာမည်- စာနဂါး)အဲ့ဒီအဖြစ်လေးက ကျွန်တော့်ဘဝရဲ ထူးစမ်းတဲ့ ဖြစ်ရပ် တစ်ခုလို့ သက်မှတ်ထားပါတယ်။ ကျွန်တော်အမြဲတမ်း မှတ်မိနေမှာပါ။ နောက်ပိုင်း ဘာဆက်ဖြစ်သေးလဲ ဆိုတာကတော့ နောက်တစ်ခေါက်မှ ရေးပါ့မယ်။(မှတ်ချက်-စိတ်ကူးဖြင့် ပုံဖော်ရေးသည်။)

စိတ်ကူးယဉ်သရဲဇာတ်လမ်းများWhere stories live. Discover now