ဆေးရုံပေါ်ကစေခိုင်း၍ရသောသရဲမ နှစ်ကောင် နဲ့ ကျွန်တော့ဖိုးတေ ၏ကံဆိုးပုံ

76 6 0
                                    

ကျွန်တော့်နာမည် ဖိုးတေပါခင်ဗျာ။ကျွန်တော် ပြိုင်ပွဲတစ်ခုမှာ ပြေးနေရသလို အားသွန်ခွန်စိုက်ပြေးနေရသည်။ ပြိုင်ပွဲမဟုတ်ပါ။''ပြေးဟေ့ ပြေးဟ''''အားးးးးးး''ဤသို့သော အသံများနှင့်အတူ ကျွန်တော်နှင့်အခြားလူများ အပြိုင်အဆိုင် ပြေရပါတော့သည်။ အခြား တော့မဟုတ်ပါ ဆေးရုံထဲမှ သရဲများပုံမှန် လူတစ်ယောက်နှင့် မတူသောလမ်းလျှောက်နည်း နှင့် အပြေးအလွှားလိုက်လာကြသည်။ ထို မြင်ကွင်းကို မြင်သောကျွန်တော့အဖို့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက် ပဲဟူသော အတွေးမျိုးနှင့် ပြေးရပါတော့သည်။ ကျွန်တော်အလွန်မေားးး နေပြီ''ဟူးးးးဟဲးးး ဟူးး မေားလိုက်တာ''ကျွန်တော် လန့်နိုးလာသည်။ မျက်လုံးချက်ချင်း ဖွင့်လိုက်သည်။အနီးအနားရှိ ပတ်ဝန်းကျင် အခြေအနေ ကို ကြည့်လိုက်သည်။ခြင်ထောင်ကို သာတွေ့သည်။''ဟူးးးး အမလေး တော်ပါသေးရဲ့အိပ်မက် ဖြစ်နေလို့ပေါ့''ကျွန်တော့်ပါးစပ်မှ အဲ့ဒီစကား သူ့ဟာသူ ထွက်လာသည်။ ကျွန်တော်နဖူးတွင်ချွေးများ အလွန်ထွက်နေသည်။ကျွန်တော်ခြင်ထောင်ထဲ ထထိုင်လိုက်သည်။''အမလေးးးးဟ ''ကျွန်တော့ဘေးမှဖုန်းမြည်သံကြောင့် ကျွန်တော် လန့်ဖြန့်ပြီး အော်လိုက်ခြင်းဖြစ်သည်။လူကလဲ ကြောက်နေသည့်အချိန်မှို့ ဖုန်းမြည်သံကိုလန့်သွားခြင်းဖြစ်သည်။ကျွန်တော်ဖုန်းကို ကောက်ကိုင်လိုက်သည်။''ဟဲလို•••''ကျွန်တော် အသံပြု့လိုက်သည်။'''''အေ••တူလေးဖိုးတေ ရေ မင်းအဒေါ်မမျိုး လေ ဆေးရုံတက်ရလို့တဲ့ အဲ့တာဒီနေ့မနက်ကပဲ ဆေးရုံပို့ပေးခဲ့ရတယ်အဲ့ဒါ ညစောင့်ဖို့လာခဲ့ပါလား တူလေ'''''ကျွန်တော့်အဒေါ် အလဒ်မ အသံဖြစ်သည်။ ကျွန်တော့အဒေါ်အကြီးမ ဆေးရုံတက်ရကြောင်းအဒေါ်အလဒ်မ ကကျွန်တော်ကိုဖုန်းဆက်ခြင်းဖြစ်သည်။'''ဗျာ •••ဘာဖြစ်တာတဲ့လဲ အခြေအနေဘယ်လိုလဲ'''ကျွန်တော်သိချင်စိတ်များစွာနဲ့လှမ်းမေးလိုက်သည်။'''အခြေအနေမကောင်းသေးဘူး'''''ဟုတ်လားဒါဆို ကျွန်တော်ဒီနေ့ညလာခဲ့မယ် နော်''ကျွန်တော်မှာလဲ အလုပ်ရှိ သောကြောင့် ညမှလာခဲ့မည်ဟူ၍ပြောလိုက်သည်။ဒီလိုနှင့် ကျွန်တော် လုပ်စရာ ရှိသည် များကို ကြိုးစားစွာလုပ်လိုက်သည်။ ညနေ အချိန်သို့ရောက်သွားသည်။ကျွန်တော်အလွန်ပင်ပန်းနေပြီ။ ဒါပေမယ့် ကျွန်တော်ဆေးရုံပေါ်မှ အဒေါ်အကြီးမမမျိုး သည် ကျွန်တော့်အပေါ်မှာကျေးဇူးရှိသူဖြစ်သည်။ ထို့ကြောင့်ကျွန်တော် ည သွားစောင့်ဖို့ ဆုံးဖြတ်လိုက်သည်။taxi ငှား လိုက်သည်။''(•••••)ဆေးရုံကိုဘယ်လောက်လဲ အကို''''5000ညီလေး''ကျွန်တော် ဆေးရုံသို့ရောက်ခဲ့သည်။ဆေးရုံ သို့ရောက်ရောက်ချင်းကျွန်တော်လှမ်းမေးလိုက်သည်။''ညီမလေး ဟို လေ အခန်းနံပါတ်(•••)ဘယ်အဆောင်မှာလဲ''ဆေးရုံ တွင် မေးမြန်းရန်နေရာတွင်အလုပ်လုပ်နေသော မိန်းကလေး များသည် အသံချိုလှသည်။''ဟေ့လူ ဟိုဖက်မှာပါရှင့်''ဒီလိုနှင့်ကျွန်တော် ဆေးရုံ သို့ရောက်နေသော အဒေါ်အကြီးမမမျိုး ရှိသောအခန်းသို့ ရောက်ခဲ့သည်။အဒေါ်လဒ်ကတော့ အိမ်တွင် ဟိုအလုပ်လုပ်ရအုံးမည် ဒီအလုပ်လုပ်ရအုံးမည် ဟုပြောတော့မယ် ထင်သည်။ထင်ထားသည့်အတိုင်းပင် ။''တူလေး ဖိုးတေ /ငါ အိမ်မှာ ထမင်းချက်ရအုံးမယ် အိမ်ပြန်လိုက်အုံမယ်နော်''''ဟုတ်•••ဟုတ်ကဲ့''ကျွန်တော့်မှာဟုတ်ကဲ့ကလွဲ၍အခြားပြောစရာမရှိ။ ကျွန်တော် အဲ့ဒီည ဆေးရုံတွင်အိပ်ရတော့မည်။ည8နာရီထိုးနေပြီ အဒေါ်အလဒ်မ လဲအိမ်ပြန်သွားသည်။ ဆေးရုံတွင်အခြား လူနာများလဲရှိ သလို အခြားလူနာစောင့်များလဲရှိသည်။ထိုအချိန်တွင် ကျွန်တော့ အဒေါ်ကုတင်ဘေးတွင်ရှိသော လူနာမှာ သေသွားသည်။ကျွန်တော်အိပ်ရမည့် နေရာကသေသွားတဲ့လူ သေကောင် ဘေးတွင်အောက်ဖက်ကြမ်းပြင်၌အိပ်ရတော့မည်။ ကျွန်တော်ဒီနေ့လာမိတာမှားပြီဟူ၍တွေးလိုက်မိသေးသည်။ကြောက်ကြောက်နှင်အိပ်လိုက်တာ10နာရီလောက်မှာအိပ်ပျော်သွားသည်။ ဇာတ်လမ်းက အဲ့ဒီအချိန်မှာ စတော့တာပဲဗျာ ကျွန်တော်အိပ်ပျော်နေ ချိန် သေသွားတဲ့ ကုတင် ပေါ်က ဆံပင်မပါသည့် မိန်မတစ်ယောက်ကျွန်တော့လက်ကိုလာစွဲသည်။ကျွန်တော်ကလဲသတိ ကောင်းသည်။ကျွန်တောလက်ကိုစွဲစွဲခြင်း ကျွန်တော် မျက်လုံးဖွင့်ကြည့် လိုက်သည်။ကျွန်တော်မျက်လုံးဖွင့်ဖွင့်ကြည့်ခြင်းထိုဂတုံးမ ကြီးက ကျွန်တော့မျက်နာရှေတွင် မျက်လုံးပြူးပြီးကြည့်နေသည်။သူ့ဘေးတွင်အခြား တစ်ယောက်လဲရှီသည်။ ကျွန်တော်လဲကြောက်ကြောက်နဲ့အော်လိုက်သည်။''အားးးး သရဲ''ကျွန်တော်တို့နှင်တစ်ခန်းထဲ အိပ်ရသည့် အခြားလူနာစောင့်များလန့်နိုးသွားသည်။ သူတိုက ကျွန်တော့ကို ဝိုင်းပြီးကြည်ကြသည်။သူတို့မျက်လုံးထဲမှာ သရဲကို တွေ့သည့်ပုံမပေါ်ကျွန်တော ကြည့်လိုက်တော့ ခုဏက ဂတုံမ ကိုမတွေ့တော့ ပါ။ကျွန်တော် လူနာစောင့်များ အားလုံး ကို စကားတစ်ခွန်းလှမ်းပြောလိုက်ရသည်။''ဘာမှမဟုတ်ဘူး အိပ်မက်မက်တာပါ''ကျွန်တော်လိမ်ပြောလိုက်ရသည်။လိမ်မပြော၍လဲမရ အဘယ်ကြောင့်ဆိုသော် ကျွန်မတော့ကိုရူးနေတယ်ဟု ထင်သွားမှာဆိုး၍ဖြစ်သည်။ အဲ့ည ကအိပ်၍မပျော်တော့ မနက်မိုးလင်းသွားသည်။ ကျွန်တော့အဒေါ် ထမင်းအိုးကြီး မလာ၍''တူလေး ဖိုးတေ အိမ်ပြန်ချင် ရင်ပြန်တော့ လေအဒေါ်မနက် ပိုင်းစောင့်လိုက်မယ်ဒါပေမယ့် ညရောက်ရင် လာခဲ့အုံးနော်''''ဗျားးးးး''''ဘာဖြစ်လို့လဲ''''ဘာမှမဖြစ်ပါဘူး လာခဲ့မယ်နော်''ကျွန်တော်က အားနာတက်သည်။ဒီလိုနဲ့ ကျွန်တော်အိမ်ပြန်ခဲ့သည်။လမ်းမှာ ကျွန်တော့သူငယ်ချင်းမိုက်ကြီးနဲ့တွေ့သည်။ ကျွန်တော်ရင်ဖွင့်ချင်လျှင် သူဆီမှာရင်ဖွင့်၍ရနိုင်သည်။သူနဲ့ကျွန်တော် လက်ဖက်ရည် ဆိုင်မှာ ထိုင်၍ ညကဖြစ်ခဲ့သည့် အကြောင်းအစုံကိုပြောပြလိုက်သည်။''ဟားဟားဟားဟား''မိုက်ကြီးက ရယ်သည်။''မရယ်ပါနဲ့ကွာ ငါတကယ်ပြောနေတာကွ''''ဒါဆို မင်း ဆရာအောင်သိုက်ဆီသွားလိုက်သူက သရဲဆိုရင် နိုင်တယ်ကွ မင်းဒီနေည သရဲမခြောက်စေရဘူးအာမခံတယ်''မိုက်ကြီးအတည်ပေါက်ပြောနေသည်။ကျွန်တော်လဲ လူငယ်ဆိုတော့ စမ်းသက်ကြည့်ချင်သည်။''သွားမယ်ကွာ ငါ့ကိုလိုက်ပို့''ကျွန်တော်နှင့်မိုက်ကြီး နှစ်ယောက်ဆရာအောင်သိုက်ဆီသို့သွားကြသည်။ဆရာအောင်သိုက်ဆီ ရောက်တော့''လာကွယ် ကိုဖိုးတေ မင်းလာမယ်ဆိုတာ အဘသိတယ်''ဆရာအောင်သိုက်ပြောလိုက်တဲ့စကားကြောင့် အံအေားသွားသည်။ သူကကျွန်တော့နာမည် ကိုသိနေသည်။''မင်းအဒေါ် ဆေးရုံတက်နေရတယ်မို့လား''ဆရာအောင်သိုက် ပြောလိုက်တဲ့စကားကြောင့်ပိုအံအေားးသွားသည်။ ကျွန်တော့အဒေါ် ဆေးရုံတက်နေတာသူသိနေသည်။ကျွန်တော်အနည်းငယ်ယုံကြည်သွားသည်။ ဆရာအောင်သိုက် က ဘာမပြောညာမပြောနှင့် ကျွန်တော့လက်ထဲသို့ ရွှံနှင့်လုပ်ထားသည့် လက်မအရွယ်ရှိအိုးသေးသေးနှစ်လုံးပေးသည်။''အဲ့ဒီအိုးကို မင်းအိပ်ခါနီး အဖုံးဖွင့်ပြီးအိပ် မအိပ်ခင်ဒီဂါထာ ကိရွတ်''ဆရာအောင်သိုက်က ကျွန်တော့ကိုဂါထာ စာရွက် လက်ထဲထည့်ပေးသည်။ကျွန်တော်လဲဟုတ်ကဲ့ ဟုပြောလိုက်သည်။သူကပြောသေးတယ်''ပိုက်ဆံ ပူဇော်စရာမလိုဘူး ငါ့ကို ''ကျွန်တော်လဲ ဆေးရုံကိုယူသွားသည်။စမ်းကြည့်ချင်သည်။ ထိုနေညက ကျွန်တော်သူပြောသည့်အတိုင်းလုပ်ပြီးအိပ်လိုက်သည်။ ဟုတ်တယ်ဗျဘာသရဲမှမခြောက်တော့ဘူးဗျ မနက်မိုးလင်းတော့ ဆရာအောင်သိုက်က ဖုန်းဆက်သည်။''မင်းငါပြောတဲ့အတိုင်းလုပ်လား''''လုပ်ပါတယ်''''ဒါဆို အဲ့ဒီအိုး ငါ့ကိုပြန်ပေးဖို့<br>အောင်ကောင်းကြွယ်လက်ဖက်ရည်ဆိုင်လာခဲ့ ကြားလား ဒါပဲ''ဖုန်းချသွားသည်။ကျွန်တော်သူပြောတဲ့လက်ဖက်ရည်ဆိုင်ကိုသွားသည်။သူ့အိုးသေးသေးနှစ်လုံးပြန်ပေးဖို့အတွက်ပေါ့ ဒါပေမယ့်ဗျာ လက်ဖက်ရည်ဆိုင်မှာသူပြောလိုက်တဲ့စကားကြောင့် ကျွန်တော်လူဆိုးကြီးလူမိုက်ကြီးတစ်ယောက်ဖြစ်သွားရသည်။သူက အိုးနှစ်လုံးကို နားရွက်နှင်နားထောင်ကြည့်သည်။ပြီးတော့ကျွန်တော့ကိုပြောသည်။''ကျေးဇူးပါပဲကွာ မင်းဖမ်းပေးလို့သရဲနှစ်ကောင် ဖမ်းမိတာ''''ဘာ''ကျွန်တော်စိတ်တိုသွားသည်။ ကျွန်တော့ကိုအသုံးခြသွားသည်။ကျွန်တော်သည် ကိုယ်နှင့်ဘဝမတူသည့် သရဲများကိုဖမ်း တဲ့လူဖြစ်သွားသည်။ကျွန်တော် သနားသွားသည်။ သူကပြောသေးသည်''မင်းသရဲနစ်ကောင်ပြန်လွှတ်ပေးချင်လား ''''ပြန်လွှတ်ပေးချင်တာပေါ့ဗျ''''မရတော့ဘူးကွ ငါဆရာတောင်ပြန်လွှတ်ရင်သူတို့ ဂလဲစားချေတာခံရမှာကွ''ကျွန်တော်သူပြောသည့်စကားကြောင့်ပြန်လွှတ်ပေးချင်သည့်စိတ်ပြောက်သွားသည်။ သရဲနှစ်ကောင်ကိုလဲသနားမိသည်။ကိုယ်ကိုကိုယ်လဲစိတ်တိုမိသည်။ကျွန်တော်လဲ လက်ဖက်ရည်ဆိုင်ထဲကထထွက်ခဲ့လိုက်သည်။နောက်ဆို ဘယ်တော့မှဒီလိုမလုပ်ဟုဆုံးဖြတ်လိုက်သည်။ သင်ခန်းစာတစ်ခုလဲရခဲ့သည်။ဆရာအောင်သိုက်သည်။ သရဲများကိုခိုင်းစားသော လူယုတ်မာဖြစ်သည်။ကျေးဇူးတင်ပါသည်။ ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်မဟုတ်ပါ စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါသည်။ အကယ်၍ စာဖတ်သူအဖို့ရသ တစ်ခု ရခဲ့ပါကlike တစ်ချက်နိပ်ခဲ့ပါနော်ရေးသူ-စာနဂါး

စိတ်ကူးယဉ်သရဲဇာတ်လမ်းများWhere stories live. Discover now