4.

728 133 27
                                    

နံပါတ်စဉ်(၄)

အကြောင်းမရှိ အကြောင်းရှာပြီး စကားစပြောပါ

ပူပူနွေးနွေး ရလာတဲ့ ဖုန်းနံပါတ်လေးရဲ့ contact name ကို ချစ်သည်းညှာလေး လို့ ပေးလိုက်ပြီး
သူ့ကို ဖုန်းခေါ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်....

တတူတူနဲ့ ဝင်သွားတဲ့ဖုန်းသံကို နားထောင်ရင်း
စိတ်လှုပ်ရှားလာတယ်...

ဖုန်းမကိုင်ရင် ဘယ်လိုလုပ်မလဲ?

ဖုန်းကိုင်လိုက်ရင်ရော သူ့အသံ ကြားရင် ဘာစပြော
ရမလဲ?

"Hello "

kyaaaaaaa!!!!!! Oh Sehun အသံက ဖုန်းထဲက
နေတောင် တည်ကြည်နေတာပဲ သဘောကျလိုက်
တာနော်! !!(。>﹏<。)

"Hello?"

ပြန်မထူးတာကြောင့် ဟိုဘက်က မေးခွန်းသံနဲ့
မေးလာတော့ ကျွန်တော်ဘာလုပ်ရမှန်းမသိ....

"အဟမ်း ဘာမှမဟုတ်ဘူး ငါ Byun Baekhyun
ငါ့ဖုန်းနံပါတ်ကိုလည်း မှတ်ထားဦး ဒါပဲ"

"အာ.....အွန်း ဒါပဲလား ဟင် အဲ့ဒါဆို ဖုန်းချလိုက်
တော့မယ်...နော်!"

"နေဦး မင်း အိမ်ပြန်ရောက်ပြီလား?"

"ဗျာ ဟုတ်ကဲ့...."

"အွန်းအွန်း ထမင်းစားပြီးရင် နားတော့နော်
တာ့တာနော်"

"......."

ဟိုဘက်ကဘာမှပြန်မပြောခင် ဖုန်းကို အမြန်ချလိုက်
တယ်....

စကားတီတီတာတာ တွေပြောချင်ပေမယ့်
ကျွန်တော်နဲ့သူက တီတီတာတာ ပြောလို့ရသေးတဲ့
လူတွေမှမဟုတ်တာကို (¯―¯٥)

တီတီတာတာ တွေ ပြောချင်လှပြီမို့ 
ငါ့ကို ပြန်ကြိုက်ပါတော့ Oh Sehun ရဲ့ ლ(´ڡ'ლ)

............................

Sehun နဲ့ ဖုန်းပြောပြီး ညနေ ၄နာရီလောက်
ကတည်းက တစ်ရေးလောက်ဆိုပြီး
အိပ်လိုက်ပေမယ့် နိုးလာတော့ ၁၁နာရီပင်ထိုးတော့မယ်......

How To Flirt your Crush....!Donde viven las historias. Descúbrelo ahora