Prologue

7.6K 361 17
                                    

(Zawgyi)

ဆူညံတဲ့တေးဂီတသံတွေဖုံးလွှမ်းနေတဲ့နေရာတစ်ခု..။
တစ်နည်းအားဖြင့် သူရောက်ရှိနေတာက ဂန်းနမ်က နာမည်ကြီး Club တစ်ခုပင်ဖြစ်တယ်...။

ပုံမှန်ဆိုသူက ဒီလိုနေရာမျိုးကိုမနှစ်မြို့ပါ...။
အပျော်အပါးလည်းမမက်သလို နားအေးပါးအေးလည်း နေတတ်သူမို့ ဖိတ်ကြားခံရတဲ့ ပါတီပွဲတွေကိုတောင် မဖြစ်မနေမှသာ တက်ရောက်ဖြစ်တယ်...။

အခုတော့အပြောနဲ့အလုပ် တခြားစီလိုဖြစ်နေလေပြီ...။ ရှန်ပိန်တစ်ခွက်ကို အရသာခံသောက်ရင်း သူ့မျက်ဝန်းအကြည့်တွေက လူအုပ်တွေရဲ့ အလယ်က ခပ်သေးသေးစင်မြင့်ထက်ဆီသို့...။

ထိုစင်မြင့်လေးပေါ်မှာ မိန်းမပျိုတစ်ယောက်က တစ်ကိုယ်လုံးဖော်ချွတ်မတတ် ကပြဖျော်ဖြေနေတယ်...။ စင်မြင့်အလယ်မှာစိုက်ထူထားတဲ့ စတီးချောင်းကိုအားပြုကာ ခန္ဓာကိုယ်ကိုအမျိုးမျိုး နွဲ့နှောင်းစွာလှုပ်ပြရင်း ပုရိသတွေကိုဆွဲဆောင်လို့နေတယ်...။ တကယ်တော့ သူစိတ်ဝင်စားတာ အဲဒီကောင်မလေးကိုမဟုတ်သေး...။ မျက်လုံးအကြည့်တွေကသာ စင်မြင့်ထက်ရောက်နေပေမယ့် စိတ်အာရုံတွေကတော့ ပျံ့လွင့်နေဆဲ...။

"Yayyyy...!!!!"

လူအုပ်ကြီးထံမှ ပျော်ရွှင်စွာဟစ်ကြွေးသံကြောင့် သူခပ်လျောလျောမှီထိုင်နေရာကနေ ဆတ်ခနဲဖြစ်သွားတယ်..။ တွေ့ရပါပြီ...။ သူတချိန်လုံး စောင့်မျှော်နေရတဲ့သူကိုပေါ့...။ သူသာမက ဒီကလပ်တစ်ခုလုံးက လူတော်တော်များများက စောင့်ကြိုနေကြတယ်ဆိုတာ ချက်ချင်းပင်ဆူညံလာတဲ့ လက်ခုပ်သံတွေကြောင့် သိလိုက်ရတယ်...။

Suga လို့ လူအများသိရှိထားတဲ့
ဒီကလပ်ရဲ့ နာမည်အကြီးဆုံး Stripper လေး...။

ဖြူနုသောအသားအရည်က ခပ်မှိန်မှိန်မီးအလင်းရောင်မှာတောင် ထင်ရှားနေလေရဲ့..။ သူ့တကိုယ်လုံး အနက်ရောင်တွေချည်း ဝတ်ဆင်ထားတာကြောင့်မို့လို့လည်း အသားဖြူတာပိုပေါ်လွင်တာဖြစ်မယ်...။

ဒူးအထက်လောက်ရှိတဲ့ ဘောင်းဘီတိုအောက်မှာ ဇာပေါက်တွေနဲ့ stocking အနက်ရောင်ကိုပါ တွဲဖက်ဝတ်ထားတာကြောင့် တစ်မျိုးလေးဆွဲဆောင်မှုရှိနေပြန်တယ်...။

Addicted (Completed) Where stories live. Discover now