(Zawgyi)
နှစ်အတန်ကြာခွဲခွာရမယ့် ကိုရီးယားမြေကို ဂျောင်ကုတစ်ယောက် ကားပြတင်းပေါက်ကနေတဆင့် ငေးကြည့်နေမိတယ်...။ ရင်ထဲမှာတော့ လွမ်းဆွေးမှုကြောင့် ဆို့နင့်နင့်နဲ့ နေရခက်နေတယ်...။
"မင်းရဲ့ fan တွေရှုပ်ရှက်နေမှာစိုးလို့ အချိန်ပြောင်းပြောထားတယ်... အဆင်ပြေရဲ့လား...??"
ကားမောင်းရင်းမေးလာတဲ့ Hyung ကို ဂျောင်ကုခေါင်းသာညိတ်ပြလိုက်တယ်...။ ကြေငြာထားတဲ့အချိန်ထက် ၂ရက်ခန့်ပိုစောသလို အချိန်ကလည်း မနက်ဝေလီဝေလင်းမို့ ဘယ်သူကမှလေဆိပ်မှာ စောင့်မနေတာသေချာပါတယ်...။
"ဟိုရောက်ရင် Hyung ကိုဖုန်းဆက်ဦးနော်.. ကျန်းမာရေးလည်းဂရုစိုက်.. လိုတာရှိရင်လှမ်းမှာလိုက်... ဘာမှအားမနာနဲ့ သိလား..??"
ဂျောင်ကု အသာပြုံးမိပြန်တယ်..။ လူအများထင်ကြတဲ့ သွေးအေးလွန်းတဲ့မင်ယွန်းဂီဟာ တကယ်တမ်းတော့ သိပ်ကိုနွေးထွေးတဲ့လူသားတစ်ယောက်ပါ...။ ခုလည်းကြည့်လေ.. ကိုယ့်အတွက်အစစအရာရာတွေးပြီး စီစဉ်ပေးထားတာများ ထောင့်ကိုစေ့နေတာပဲ...။ ဒါတောင် ဟိုအထိလိုက်ပို့ပေးမယ်ဆိုလို့ မနည်းတားထားရတယ်...။
"Hyung..!!! ဟိုလေ ထယ်ယောင်းရော.. သူ... နေကောင်းတယ်မဟုတ်လားဟင်...??"
ဘယ်လောက်ပဲစိတ်တင်းထားထား မနေနိုင်စွာနဲ့ ဂျောင်ကုထုတ်မေးမိတယ်...။ Hyung က ဖုံးကွယ်ထားရမယ့်လူ မဟုတ်တာကြောင့်လည်း ပါတာပေါ့..။ အနည်းဆုံးတော့ သူ့မျက်နှာလေးကို မသွားခင်မှာခဏတွေ့ချင်မိတာ ဂျောင်ကုရဲ့လောဘပဲထင်တယ်...။
"ကောင်းပါတယ်.. သူအခု ဟိုဆော့ဆီခဏပြန်နေတယ်"
"အော်.. သူတို့ အဆင်ပြေသွားကြပြီလား..??"
မျက်နှာမကောင်းတဲ့ဂျောင်ကုကို ယွန်းဂီဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိတော့ပါ...။ ၂ယောက်လုံးကို သနားနေတာခက်တယ်...။ ကင်မ်ထယ်ယောင်းဆိုတဲ့ အကောင်ငယ်လေးဟာလည်း အချစ်ကိုအရမ်းကိုးကွယ်လွန်းတယ်လေ...။
တကယ်တမ်းစဉ်းစားကြည့်တော့ ထယ်ယောင်းလုပ်တာလည်း မမှားပါ...။ ဂျောင်ကုကို သူဘယ်လိုမှမချစ်လာနိုင်တဲ့အတွက် မျှော်လင့်ချက်မပေးတာလေ..။ ပြတ်ပြတ်သားသားငြင်းလိုက်တဲ့အတွက် ဂျောင်ကုအစပိုင်းမှာတော့ အလူးအလဲခံရပေမဲ့ နောက်ဆိုအသားကျသွားမှာပါ...။
YOU ARE READING
Addicted (Completed)