Part - 9

1.9K 225 0
                                    

(Zawgyi)

အင်တာနက်သတင်းတွေကို ယွန်းဂီသိပ်မကြည့်ဖြစ်သော်လည်း ခုတလောမှာတော့ RM Co.,ltd ရဲ့ CEO သတင်းတွေကိုတော့ ရှာဖွေဖတ်တတ်လာတယ်...။

ဘေးနားမှာရှိနေတုန်းကတော့ ဘာမှမဟုတ်သလိုပဲဆိုပေမယ့် အဝေးရောက်သွားသောအခါမှ တမ်းတတတ်နေလေပြီ...။ ဟုတ်ပါတယ်... သူ့ကိုယွန်းဂီသိပ်လွမ်းနေပါတယ်...။ ဆော့ဂျင်ကလွဲပြီး နောက်တစ်ယောက်ကို မချစ်နိုင်တော့ဘူးလို့ မိမိကိုယ်ကိုထင်ခဲ့မိပေမယ့် သူ့ရဲ့အချစ်သစ်က ကင်မ်နမ်ဂျွန်းဆိုတဲ့လူအတွက် ထပ်မံပေါက်ဖွားလာတယ်ထင်တယ်...။

ပါးချိုင့်တွေပေါ်အောင်ပြုံးတတ်တဲ့ သူ့ရဲ့အပြုံးချိုချိုကိုရော ဂရုဏာအပြည့်ပါတဲ့ သူ့ရဲ့အသံဩရှရှကိုရော ယွန်းဂီတအားလွမ်းနေပါတယ်...။ ခပ်ချေချေနေတတ်တဲ့ အကျင့်စရိုက်အရ ဘယ်လောက်လွမ်းကြောင်းကို သူသိအောင်ချွဲနွဲ့မပြောတတ်ပေမယ့်လည်း နှလုံးသည်းပွတ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာတောင် သူ့ကိုလွမ်းဆွတ်တဲ့စိတ်တွေက အနည်ထိုင်လျက်ရှိတယ်...။

ရုတ်တရတ်တက်လာတဲ့ သတင်းအသစ်တစ်ပုဒ်ကြောင့် desktop wallpaper ပေါ်က သူ့ဓာတ်ပုံမှပါးချိုင့်လေးကို ထိတွေ့နေတဲ့ယွန်းဂီ ဆတ်ခနဲဖြစ်သွားတယ်...။ သတင်းကိုအမြန်ဖွင့်ဖတ်လိုက်ပြီးနောက် စိတ်ထဲအလိုမကျမှုကြောင့် သူ့မျက်ခုံးတွေအလိုလိုတွန့်ကွေးကုန်တယ်...။

#RM Co.ltd ရဲ့ CEO Kim Namjoon ဟာ ကိုရီးယားမြေသို့ မနေ့ညက လေယာဉ်နဲ့ပြန်လည်ရောက်ရှိလာခဲ့ပြီး လုပ်ငန်းသစ်အတွက် ရှယ်ယာရှင်အစည်းအဝေးကို တစ်ပါတ်အတွင်းကျင်းပမယ်လို့ သိရှိရပါကြောင်း#

သတင်းနဲ့အတူပါလာတဲ့ နမ်ဂျွန်းရဲ့ဓာတ်ပုံက ယွန်းဂီရဲ့ သတိရစိတ်ကို ပိုမိုတိုးပွားစေတယ်...။ တဆက်တည်းမှာပင် စဉ်းစားမိတာက နမ်ဂျွန်းသည် သူပြန်ရောက်လာတဲ့အကြောင်း ကိုယ့်ကိုအသိမပေးခဲ့ဘူးဆိုတာပါပဲ...။ ဒါ့အပြင် သူတို့၂ယောက်ဖုန်းမပြောဖြစ်သည်မှာလည်း ၃ရက်ခန့်ရှိလေပြီ...။ ကိုယ့်ဘက်ကနေစခေါ်ဖို့ကလည်း မဆိုစလောက်လေးရှိနေတဲ့ မာနအခံကြောင့်ရော သူအလုပ်များနေမလားဆိုတဲ့ စိတ်အခံကြောင့်ရော ဖုန်းမခေါ်ဖြစ်ခြင်းပင်...။

Addicted (Completed) Where stories live. Discover now