(Zawgyi)
နမ်ဂျွန်းရဲ့ကုမ္မဏီရှေ့ကို ဒုတိယအကြိမ်မြောက် ယွန်းဂီရောက်သွားခဲ့တယ်...။ ပထမတစ်ခေါက်တုန်းကတော့ နမ်ဂျွန်းနဲ့မတွေ့ဘဲ သူ့ညီဖြစ်သူနဲ့ပြဿနာတက်ကာ ပြန်သွားခဲ့ရတယ်...။ အခုတစ်ခေါက်တော့ အဆင်ပြေစေဖို့ ယွန်းဂီမျှော်လင့်မိတယ်...။
ဖုန်းကြိုဆက်ရင်ရပါသော်လည်း စိတ်ထဲမှာဘာကို စိုးထိတ်နေမိမှန်းမသိ...။ အခုလည်း Agust-D ရဲ့ CEO မပီသစွာ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ကောင်တာဆီတိုးကပ်သွားမိတယ်..။
"ကြိုတင်ချိန်းဆိုထားတာ ရှိပါသလား ..??"
"အဲ.. အဲလိုတော့မရှိပါဘူး"
အူတိအူကြောင်လုပ်နေတဲ့ယွန်းဂီကို သူဝတ်ထားတဲ့ဝတ်စုံကြောင့် အထင်တော့မသေးရဲကြပါ...။ ဝန်ထမ်းကောင်မလေးက နမ်ဂျွန်းရဲ့မန်နေဂျာဆီ ဖုန်းခေါ်ပေးနေတာကြောင့် ယွန်းဂီလည်းအသာစောင့်နေလိုက်တယ်...။
"ဟိုလေ.. ဘယ်သူလို့ပြောပေးရမလဲ ...??။
"မင်ယွန်းဂီ....???"
ယွန်းဂီဖြေမလို့ရှိသေး အနောက်ကနေ သူ့နာမည်ကို လှမ်းခေါ်လိုက်တာကြောင့် ဆတ်ခနဲလှည့်ကြည့်မိတယ်...။ သူနဲ့မတိမ်းတယိမ်း လူကောင်သေးသေးလေးနဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ထိုသူကို မြင်လိုက်ရတော့ ယွန်းဂီစိတ်ပျက်လက်ပျက်ဖြစ်သွားရတယ်...။
"ထပ်တွေ့ကြပြန်ပြီပေါ့ ပက်ခ်ဂျီမင်းရှီ"
"ဘာလဲ မတွေ့ချင်လို့လား..??"
ပြုံးတုံ့တုံ့လေးနဲ့ ပြန်ပြောလာတဲ့ဂျီမင်းကို ယွန်းဂီဆက်ပြောချင်စိတ်မရှိတာကြောင့် မျက်နှာကိုတစ်ချက်မဲ့လိုက်ကာ တစ်ဖက်သို့လှည့်လိုက်တယ်...။ ဒါပေမဲ့ သူ့ပခုံးပေါ်ကျရောက်လာတဲ့ ဂျီမင်းရဲ့ လက်တစ်ဖက်ကြောင့် မျက်မှောင်ကြုတ်မိလိုက်တယ်...။
"ယောက်ဖကလည်း စိတ်မဆိုးပါနဲ့.. မင်းကိုငါ့အစ်ကိုက မျှော်နေတာကွ... မင်းလာမှန်းသိရင် သူအရမ်းပျော်သွားမှာ"
သူ့စကားကြောင့် ယွန်းဂီအံ့သြစွာနဲ့ မျက်ခုံးပင့်မိပြန်တယ်...။ ဂျီမင်းကသူ့ကို ငယ်ပေါင်းကြီးဖော်သူငယ်ချင်းလို ဆက်ဆံနေတာက ထူးဆန်းပေစွ...။
YOU ARE READING
Addicted (Completed)