(Zawgyi)
ဟိုဆော့ရဲ့ အိမ်ကိုသွားနေတဲ့လမ်းတလျှောက်လုံး ယွန်းဂီစိတ်လှုပ်ရှားနေမိတယ်...။ ကလေးငယ်ဟာ ကိုယ့်ကိုတွေ့ရင် ဘယ်လိုများဖြစ်သွားလိမ့်မလဲ...??
သံယောဇဉ်ဆိုတာလည်း ကြောက်စရာတော့အကောင်းသား...။ ကိုယ့်မိသားစုနဲ့တောင် မပတ်သတ်ချင်လို့ ခပ်ကင်းကင်းနေနေတဲ့ ကိုယ့်အတွက်တော့ ထယ်ယောင်းဆိုတဲ့ကလေးငယ်ဟာ အလွန်ခိုင်မာတဲ့ သံယောဇဉ်ကြိုးလေးတစ်ချောင်းပါ...။
တဆက်တည်းမှာပင် ကိုယ့်ဘေးက ကားမောင်းနေတဲ့ဟိုဆော့ကို မသိမသာလှမ်းကြည့်မိတယ်...။ ချောမောခန့်ညားတဲ့ရုပ်ရည်ရှိတဲ့ ဂျောင်ဟိုဆော့ဟာ အပေါ်ယံကြည့်ရင်တော့ ပြီးပြည့်စုံလှပေမယ့် ပွေရှုပ်လွန်းတာကတော့ ချွင်းချက်တစ်ခုပင်...။ သူလိုလူက ထယ်ယောင်းလိုချို့ယွင်းချက်ရှိနေတဲ့ ကလေးတစ်ယောက်ကို အတည်တကျတွဲမယ်ဆိုတာ ယုံရမှာတဲ့လား...?? သူတာဝန်ယူမယ်ဆိုတာကရော ထယ်ယောင်းကို အိမ်မှာချောင်ထိုးထားပြီး သူကျတော့ပွေချင်တိုင်းပွေမှာရော မဖြစ်နိုင်ဘူးလား...??
ထိုအခိုက်ကားလေးက ခြံဝန်းကျယ်တစ်ခုထဲ ချိုးကွေ့ဝင်သွားတာကြောင့် ယွန်းဂီကိုယ်ကိုမတ်လိုက်တယ်...။ အရင်ကဒီနေရာကို ရောက်ခဲ့ဖူးပေမယ့်လည်း ခုတစ်ခေါက်က ထူးခြားနေတယ်...။ သူသိပ်တွေ့ချင်နေတဲ့ ယောင်းငယ်လေးကိုလည်း အိမ်ပေါက်ဝမှာ မတ်တပ်ရပ်လျက်သားလေး တွေ့လိုက်ရတယ်...။ ကလေးငယ်ဟာ ကလပ်မှာအလုပ်လုပ်ရတုန်းကထက်စာရင် ပိုပြီးတောက်တောက်ပြောင်ပြောင် ဖြစ်လာတယ်ဆိုတာကတော့ ဝန်ခံပါတယ်...။
ဟိုဆော့က ကားကိုဆင်ဝင်အောက်မှာပင် ရပ်ပေးလိုက်တော့ ယွန်းဂီခါးပတ်ကိုဖြုတ်ကာ ကားပေါ်မှဆင်းလိုက်တယ်...။ ကားထဲကိုလှမ်းချောင်းနေတဲ့ ကလေးငယ်ဟာလည်း ယွန်းဂီကိုမြင်တော့ အံ့သြသွားခဲ့တယ်...။
"ယောင်းငယ်....!!!"
သူ့နာမည်လေးကိုလှမ်းခေါ်လိုက်တော့ ကလေးငယ်ဟာ ငိုမဲ့မဲ့နဲ့ပင် ယွန်းဂီကိုပြေးဖက်လာတယ်...။ သူ့ကျောလေးကို အသာပုတ်ပေးကာ နှစ်သိမ့်နေရင်း ယွန်းဂီရဲ့ငုတ်လျှိုးထားတဲ့ ဒေါသစိတ်တွေက ပြန်ပေါ်လာခဲ့တယ်..။ ဘာမှမပြောတတ်တဲ့ကလေးငယ်ကို မကောင်းကြံစည်တဲ့သူတွေကို ဘယ်လိုမှမကျေနပ်နိုင်...။
YOU ARE READING
Addicted (Completed)