(Zawgyi)
များပြားလှတဲ့ Email တွေနဲ့ စစ်စရာရှိတဲ့ဖိုင်တွဲတွေကြောင့် ယွန်းဂီစိတ်ပျက်စွာနဲ့ တချက်ညည်းညူမိတယ်...။ ဒီရက်ပိုင်းအလုပ်မလာတဲ့ အကျိုးကျေးဇူးတွေပင်...။
စိတ်ကိုအတတ်နိုင်ဆုံးလျှော့ချလိုက်ပြီး အရင်ဆုံး Email တွေကိုတစ်စောင်ချင်းစီဖတ်ပြီး အဆင်ပြေသလို reply လုပ်လိုက်တယ်...။ စိတ်ကိုသေချာနှစ်ထားတာကြောင့် အလုပ်တော့မြန်မြန်ပြီးပါတယ်...။ တစ်ဝက်ကျော်လောက် Reply ပြန်အပြီးမှာတော့ ရုံးခန်းတံခါးခေါက်သံကြောင့် ဝင်လာခဲ့ဖို့ လှမ်းပြောလိုက်တယ်...။
"ဒီဟာက လချုပ်စာရင်းတွေပါ CEO... လုပ်ငန်းကြော်ငြာရိုက်ချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့ကလည်း CEO နဲ့ စကားပြောချင်နေပါတယ်"
ယွန်းဂီစိတ်ရှုပ်စွာနဲ့ ခရမ်းရောင်ဖျော့ဖျော့ဆိုးထားတဲ့ သူ့ရဲ့ ဆံပင်တွေကို ထိုးဖွနေမိတယ်...။ မန်နေဂျာကြီးကတော့ သူ့ဆီကနေအဖြေစကားမရတာကြောင့် ဘေးမှာငြိမ်ငြိမ်လေး ရပ်နေလေရဲ့...။
"အဲဒါခင်ဗျားဘာသာ ကြည့်လုပ်လိုက်လို့မရဘူးလား...?? ကုမ္မဏီရဲ့ rule တွေကိုလည်း သိနေတာပဲလေ"
"ဒါပေမယ့်သူတို့က CEO နဲ့မှ စကားပြောချင်..."
"Shit...!!! နေရာတကာကျွန်တော်ပါမှလား"
စားပွဲကိုဒုန်းခနဲထုရင်း မတ်တပ်ထရပ်လိုက်တဲ့ ယွန်းဂီကြောင့် မန်နေဂျာကြီးလည်း နောက်သို့ဆုတ်သွားမိတယ်...။ အလုပ်လုပ်တာစေ့စပ်သေချာပြီး အရမ်းတော်သလောက်လည်း စိတ်တအားထက်ပြီး ဒေါသကြီးတဲ့မင်ယွန်းဂီဘေးမှာ ဘယ်သူမှကြာကြာအလုပ်မလုပ်နိုင်...။
ယွန်းဂီစိတ်ကိုတဖြည်းဖြည်းချင်း ပြန်လျှော့ချနေမိတယ်...။ အသက်အရွယ်အားဖြင့် ကိုယ့်ထက်အများကြီးကြီးတဲ့ မန်နေဂျာကြီးက ခုတော့ရုံးခန်းထောင့်မှာ ခပ်ကုတ်ကုတ်လေးဖြစ်နေပြီလေ...။ သူကလဲသူ...။ ဒေါသထွက်ရင် ပါးစပ်ကလည်း အဆဲလေးပါလာတတ်တယ်...။
"အတွင်းရေးမှူးတစ်ယောက်လောက်ရှာပေးထား... ကျွန်တော်လိုချင်တဲ့ပုံစံမျိုး မန်နေဂျာကြီးသိတယ်နော်.... စောက်နလပိန်းတုံးလို အူကြောင်ကြောင်လာလုပ်နေရင်တော့ ခန့်တဲ့မန်နေဂျာကြီးပါ အလုပ်ထွက်ဖို့ပြင်ထား"
YOU ARE READING
Addicted (Completed)