Unicode Version
" VVIP Room ကကြည့်ကောင်းကောင်းနဲ့
လူနာလေးကအခုထိသတိမရသေးဘူးလား "" မရသေးဘူး .. သတိမေ့နေတာတော်တော်ကြာပြီ
ဒေါက်တာကျန်း ပြောတာတော့
ဒီတိုင်းသာဆို Coma ဝင်သွားလိမ့်မယ်တဲ့ .. "( ဟင် ... )
Reception မှမိန်းကလေးနှစ်ယောက်ရဲ့
အပြောကြောင့်သူခုံမှာထိုင်နေရင်း
ဆတ်ခနဲခေါင်းထောင်ကြည့်မိသည်" ဟယ် သနားပါတယ် ..
ရုပ်ကလေးကမင်းသားတောင်ရှုံးတာကို ..
ပိုက်ဆံလည်းတော်တော်ရှိမယ့်ပုံ .. ""ရှိဆိုသူ့အဖေကငါတို့နိုင်ငံရဲ့
လူချမ်းသာစာရင်းဝင်လေ ..
သူမေ့နေတာတစ်ပတ်ရှိပြီနော် ..
တစ်ခါမှတော့လာမကြည့်ဘူး ..
ငါသတင်းသဲ့သဲ့ကြားထားတာတော့
သူကမိထွေးနဲ့နေရတယ်ပြောတယ် ..
ပြီးတော့မိသားစုနဲ့အိမ်ခွဲနေတာတဲ့ .. "" ဟယ် ဟုတ်လား ..
ဘယ်လိုအဖေပါလိမ့် .. သူ့ဘဝကလည်း
ချမ်းသာပေမယ့်လည်းတစ်မျိုးကြီးနော် "မချင့်မရဲပြောလာသည့်မိန်းကလေးရဲ့စကားကြောင့်
ဝေ့ရင်း ပြုံးလိုက်မိသည် ..သူဝမ်းမနည်းပါ ..
သူ့အကြောင်းကိုလူတွေဒီလိုပြောကြတာ
ပထမဆုံးကြားဖူးတာမှမဟုတ်ပဲ ..အဖေသူ့ကိုဂရုမစိုက်တာလည်းအမှန် ..
မိထွေးနဲ့နေရတာလည်းအမှန် ..အဲ့တော့ရောဘာဖြစ်လဲ ..
သူဘာကိုဂရုစိုက်ရမလဲ ..ဘဝကိုဒီလိုပဲအရွဲ့တိုက်ပြီး
အလိုက်သင့်မျောလာကာ
လုပ်ချင်တာလုပ်ရင်းနေလာတာကြာ ..( ဒီနေ့ရောဘယ်ထပ်လျှောက်သွားရမလဲ .. )
ထိုင်နေရာမှထလိုက်ကာ
ဝေ့ရင်း အတွေးများနှင့်သာကော်ရစ်တာပေါ်
ခေါင်းငိုက်စိုက်လျှောက်လာသည်ဆေးရုံမို့လူအသွားအလာများတာသိပေမယ့်
လျှောက်လမ်းကိုသူမကြည့်မိ ..လူတွေသူ့ကိုဝင်တိုက်လည်း
သူ့ကိုယ်ထဲကနေဖောက်ထွက်သွားကြမှာပဲဟာဝေ့ရင်း ရုတ်တရက်နှလုံးဖောက်ရာက
Emergency ရောက်ပြီး
ခွဲစိတ်နေစဥ်ဦးနှောက်ကို
Oxygen ပြတ်လပ်မှုဖြစ်ခဲ့တာ ..
![](https://img.wattpad.com/cover/204381018-288-k197824.jpg)
YOU ARE READING
Love On Fire 🔥 [ Uni + ZG ]
FanfictionUnicode အဖေတစ်ယောက်တည်းနဲ့ကြီးပြင်းလာခဲ့ရတဲ့ သူဌေးသားလေး ဝေ့ရင်း Heart Attack Operation မှာ Coma ဝင်ပြီး ဝိညာဥ်အဖြစ်သာနေနိုင်တဲ့နောက် သူ့ကိုမြင်နိုင်တဲ့တစ်ယောက်တည်းသောသူ လန်ဝမ့်ကျီး နဲ့တွေ့ဆုံခဲ့ပြီး အမေသေဆုံးမှုကို စုံစမ်းပေးဖို့အကူအညီတောင်းခဲ့ပေမ...