Unicode Version
လန်ဝမ့်ကျီး POV
ဒီဆေးရုံကနေအမြန်ဆုံးထွက်သွားချင်၍
အလောတကြီးလျှောက်လာကာမှ
သူ့အရှေ့ခပ်လှမ်းလှမ်းရှိ
လူတစ်ယောက်ကြောင့် လန်ဝမ့်ကျီး ရဲ့
ခြေလှမ်းတို့တန့်သွားရသည် ..( ဟင် .... )
ခေါင်းငိုက်စိုက်လျှောက်လာပြီး
အတွေးများနေပုံရသည့်လူတစ်ယောက် ..Shirt လက်ရှည်အပြာကိုလက်ခေါက်တင်ထားပြီး
trouser ခဲရောင်နဲ့တွဲဝတ်ထားတဲ့
အရပ်ရှည်ရှည်ကောင်လေး ...
ဘေးဘီမကြည့်ပဲကားလမ်းဖြတ်ကူးရန်အပြင်တွင်
အရှိန်နဲ့ထိုသူဆီလာနေတဲ့ကားတစ်စီးကို လန်ဝမ့်ကျီး အတွေ့ ...( ဟာ သေကုန်တော့မှာပဲ .. )
အနောက်ကမြင်ရတာတောင်
ကြည့်ကောင်းလွန်းတဲ့ကျောပြင်ကြောင့်
ဒီအတိုင်းပေးသေလိုက်ရမှာ
နှမြောစရာကြီးမို့ဘယ်လိုမှမနေနိုင်ပဲ
လန်ဝမ့်ကျီး ပြေးသွားပြီး
လက်တို့ကထိုသူကိုအလိုအလျောက်
လှမ်းဆွဲလိုက်မိသည် ..မထင်မှတ်ထားတဲ့ရုတ်တရက်အနေအထားကြောင့်
အားလွန်ကာနောက်ပြန်အလဲတွင်
သူ့ခန္ဓာကိုယ်အပေါ်ထပ်ပိကျလာသည့်ထိုသူ ..( အောင်မယ်လေး ... )
နာလိုက်တာမှကျောကိုအောင့်ရော ...
လက်ကလည်း
အဂ်တေသားပေါ်ထောက်မိတာမို့
ပွန်းသွားသည်ထင်သည် ..အပေါ်ကလူဖိထားတဲ့ဒဏ်ကလည်း
အားယူထားတာမို့
ကိုယ်ရောလက်ရောက
လေခိုအားနဲ့ဆစ်ခနဲ ..အလိုက်တသိနဲ့ဖယ်ပေးမည်ထင်၍
စောင့်မိကာမှလူကြီးမင်းလေးက
သူ့ခန္ဓာကိုယ်ကိုမွေ့ယာထင်နေလားမသိ ..
KAMU SEDANG MEMBACA
Love On Fire 🔥 [ Uni + ZG ]
Fiksi PenggemarUnicode အဖေတစ်ယောက်တည်းနဲ့ကြီးပြင်းလာခဲ့ရတဲ့ သူဌေးသားလေး ဝေ့ရင်း Heart Attack Operation မှာ Coma ဝင်ပြီး ဝိညာဥ်အဖြစ်သာနေနိုင်တဲ့နောက် သူ့ကိုမြင်နိုင်တဲ့တစ်ယောက်တည်းသောသူ လန်ဝမ့်ကျီး နဲ့တွေ့ဆုံခဲ့ပြီး အမေသေဆုံးမှုကို စုံစမ်းပေးဖို့အကူအညီတောင်းခဲ့ပေမ...