LOF Episode 10

1.6K 115 0
                                    

Unicode Version

" လန်ကျန့် .. လာခဲ့လေ ... "

ကားပေါ်မှဆင်းဆင်းချင်း
ဆေးရုံဝင်းထဲအရင်လျှောက်သွားပြီး
လန်ဝမ့်ကျီး ကိုလက်ပြလှမ်းခေါ်နေသူက ဝေ့ရင်း

လှည့်ကြည့်ရင်းပြုံးနေပုံလေးက
တကယ့်ကိုအေးအေးချမ်းချမ်းလေး

ဒီနေရာကိုလာဖို့​တွန့်ဆုတ်မိပေမယ့်ကူညီမယ်ပြောပြီးကတည်းကလန်ဝမ့်ကျီး အလုပ်တွေနဲ့ရှုပ်နေပြီးဘာဆိုဘာမှမလုပ်ပေးရသေးတာတစ်ပတ်နီးပါးမို့ဂျစ်တိုက်နေတဲ့ ဝေ့ရင်း သဘောကျလိုက်ခဲ့ပေးရတာ

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.

ဒီနေရာကိုလာဖို့​တွန့်ဆုတ်မိပေမယ့်
ကူညီမယ်ပြောပြီးကတည်းက
လန်ဝမ့်ကျီး အလုပ်တွေနဲ့ရှုပ်နေပြီး
ဘာဆိုဘာမှမလုပ်ပေးရသေးတာ
တစ်ပတ်နီးပါးမို့ဂျစ်တိုက်နေတဲ့
ဝေ့ရင်း သဘောကျလိုက်ခဲ့ပေးရတာ ...

သူဝေးဝေးကရှောင်ရတဲ့အရာတွေထဲမှာ
ရဲစခန်း ပြီးရင် ဆေးရုံ တို့ သခ်ျိုင်းကုန်း တို့က
ဒုတိယနေရာယူထားတယ် ...

ဆေးရုံကတော်​​သေးတယ်ဆိုပေမယ့်
အချိန်နဲ့အမျှအသက်ထွက်နေတဲ့လူက
ဒုနဲ့ဒေးမို့ရှောင်နိုင်မှလွတ်တာမျိုး ...

အဲ့လိုအနိဋဿဌာရုံတွေမြင်လွန်းလို့လည်း
နုနုယွယွတွေသူမခံစားတတ်တော့တာနေမယ် ..

ဒီကိုလာတာပထမဆုံးအကြိမ်တော့မဟုတ် ..

သူတို့လေးယောက်ရဲ့အလုပ်ကိစ္စနဲ
တစ်ခါလာဖူးသေးသည်ကို ...

ပစ်မှတ်ကဆေးရုံမှာဖြစ်နေတော့
သူ့မှာမလာလို့မရ ... ဒီကြားထဲ
ရန်လီ ကလည်းသူ့အကိုရှိတဲ့ဆေးရုံမို့
တစ်ချိန်လုံးတဗျစ်ဗျစ်တတောက်တောက် ...

ဒါတောင်ပြန်အလစ်မှာ
နေးဟွိုက်ဆန်း ရဲ့အကွက်တွေကြောင့်
ရိုးရာမပျက်ပြေးပေါက်မှားခဲ့ရသေး ...

" လန်ကျန့် .. ဒီနေရာမလား ..
ငါတို့စတွေ့ခဲ့တာ ... "

ဖြည်းဖြည်းချင်းလျှောက်လာနေတဲ့
လန်ဝမ့်ကျီး ကိုအော်ပြောရင်း
ဆေးရုံဆင်ဝင်အောက်မှာရပ်နေတဲ့ ဝေ့ရင်း

Love On Fire 🔥 [ Uni + ZG ]Où les histoires vivent. Découvrez maintenant