Unicode Version
လန်ဝမ့်ကျီး POV
" အောင်မယ်လေး !! "
မနက်အိပ်ယာထမျက်လုံးဖွင့်ဖွင့်ချင်း
အပေါ်ကမိုးကြည့်နေတဲ့မျက်နှာကြောင့်
လန်ဝမ့်ကျီး လန့်သွားတာအမှန် ..အယောင်ယောင်အမှားမှားနဲ့အိပ်ယာမှ
ဆတ်ခနဲကောက်ထလိုက်တာမို့
ကုန်းနေတဲ့ခါးကိုပြန်မတ်လိုက်သူက ဝေ့ရင်း" နိုးလာပြီလား .. "
ဝါးစားတော့မလိုမျက်လုံးများနှင့်
စိုက်ကြည့်နေတဲ့ လန်ဝမ့်ကျီး ကို ဝေ့ရင်း
ဂရုမစိုက်သလိုလက်လေးပိုက်ကာမေးရင်း
ကျေနပ်ပြုံးပါပြုံးထားလိုက်သေးသည် ..." ဝေ့ဝူရှန့် ! .. "
" ငါရှိတယ် ငါရှိတယ် .. "
သူ့ကိုခေါ်တယ်များထင်နေလားမသိ
လက်လေးမြှောက်ပြကာ
ရီသွမ်းသွေးနေသေးသည့် ဝေ့ရင်း ..အကြောကိုတင်းတယ် ..
" မင်းဒါဘာလုပ်တာလဲ .. "
" မင်းငါ့ကိုမနေ့တုန်းကလုပ်ထားလို့
လက်စားချေတာ .. "" ဘာ ! "
လန်ဝမ့်ကျီး ကိုယ့်နားကိုယ်ပင်မယုံနိုင်
သူ့ဆီကအကူအညီလိုနေတဲ့လူက
သူနဲ့အဆင်ပြေအောင်နေဖို့မကြိုးစားပဲ
လက်စားချေသတဲ့ ...ကြားလို့မှကောင်းကြသေးရဲ့လား ..
" မင်းမနေ့ကငါ့ကိုခန္ဓာကိုယ်သုံးပြီး
လန့်အောင်လုပ်တာကို .. "" ဘာဖြစ်တယ် .. "
( မင်းစကားကဘာအဓိပ္ပါယ်ထွက်နေသလဲ
သိရဲ့လား ဝေ့ရင်း .. )လန်ဝမ့်ကျီး အတွေးကိုမသိတဲ့ ဝေ့ရင်း
ကတော့အရိုးခံမျက်နှာလေးနဲ့သာ
ဆက်ပြောနေသည် .." အဲ့ဒါကြောင့်မင်းလန့်သွားအောင်
ပြန်လုပ်တာ .. "" ဒီမှာ ..
မင်းကငါ့အကူအညီကိုလိုအပ်နေတဲ့သူနော် ..
အခုမင်းလုပ်လိုက်တဲ့ပုံကငါ့ကိုကူညီချင်စိတ်
မပေါက်စေဘူးဆိုတာလောက်တော့
မင်းတွေးတတ်မှာပါ ... "" ဒီတိုင်းရောမင်းကကူညီတာကျလို့ .. ဟွန့် ...
ထတော့ မျက်နှာသစ် .. "
KAMU SEDANG MEMBACA
Love On Fire 🔥 [ Uni + ZG ]
Fiksi PenggemarUnicode အဖေတစ်ယောက်တည်းနဲ့ကြီးပြင်းလာခဲ့ရတဲ့ သူဌေးသားလေး ဝေ့ရင်း Heart Attack Operation မှာ Coma ဝင်ပြီး ဝိညာဥ်အဖြစ်သာနေနိုင်တဲ့နောက် သူ့ကိုမြင်နိုင်တဲ့တစ်ယောက်တည်းသောသူ လန်ဝမ့်ကျီး နဲ့တွေ့ဆုံခဲ့ပြီး အမေသေဆုံးမှုကို စုံစမ်းပေးဖို့အကူအညီတောင်းခဲ့ပေမ...