Unicode Version
လန်ဝမ့်ကျီး POV
" မြေး ..
ခုဖွားပြောမယ့်စကားတွေကို
သေချာနားထောင်ပါ "အဖွားရဲ့တိုးတိုးညင်သာပြောသံကြောင့်
သူ သောကမျက်လုံးတွေနဲ့
အတိုင်းသားမော့ကြည့်မိတယ်အိပ်ပျော်နေဆဲဖြစ်တဲ့ ရင်းကလေး မှာတော့
သူ့ရင်ခွင်ထဲပကတိသန့်စင်လျက်ဒေါ်လေးမျန် အိမ်ပေါ်ထပ်မှ
ကသောကနင်းပြန်ဆင်းလာပြီး
အဖွားမရှိတော့ကြောင်းပြောတော့
ဖုန်းပြောနေဆဲဖြစ်သည့် လန်ဝမ့်ကျီး မှာ
လက်ထဲကဖုန်းပါလွတ်ကျသည်ဝမ်နင် ကိုလောလောဆယ်
သတင်းခဏအုပ်ထားရန်သာပြောပြီး
ဘာဆက်လုပ်ရမှန်းမသိတာကြောင့်
ဝေ့ရင်း ကိုဘေးချကာလက်သည်းသာ
ထိုင်ကိုက်နေမိသည်* ရင်း ခဏနေနိုးလာမှာပါ
ဟုတ်တယ် နိုးလာမှာ *ကိုယ့်ကိုယ်ကိုသာအထပ်ထပ်အားပေးရင်း
မျက်ရည်များကထိန်းမရဒီလောက်အချိန်ဆိုပြန်နိုးလာသင့်နေပြီ
ငါ့ကိုမနောက်ပါနဲ့တော့ ရင်း ရာ
" ဒေါ်လေးမျန် အလုပ်ရှိသေးရင်သွားလေ "
သူအငိုမျက်လုံးတွေနဲ့လှည့်ပြောတော့
ဒေါ်လေးမျန် နားမလည်ပေမယ့်
ခေါင်းကိုအသာညိမ့်ပြပြီးထွက်သွားတယ်စိတ်အတော်ထိန်းနိုင်တဲ့အချိန်ရောက်မှ
ပီကျင်း လိုက်သွားဖို့ဆုံးဖြတ်ပြီး ဝေ့ရင်း ကို
အသာ မ ချီဖို့ပြင်တုန်းအိမ်ထဲဝင်လာခဲ့တဲ့အဖွားဘယ်ကဘယ်လိုအပြင်ရောက်နေတာလဲမသိ
" ဝေ့ရင်း ကိုခေါ်ခဲ့ .. မြေး "
အပေါ်လိုက်ခဲ့ရန်လက်ဟန်ပြပြီး
အဖွား ကလှေကားပေါ်
တက်သွားတော့တာမို့
သူအနောက်မှအမြန်လိုက်လာခဲ့ရတယ်အခုတော့အပေါ်ထပ်ကအခန်းလေးထဲ
အဖွား ရှေ့မှောက်မှာ
အရာရာကိုရင်ဆိုင်ဖို့စောင့်နေရပြီကရုဏာသက်သလိုကြည့်နေတဲ့
အဖွားရဲ့မျက်ဝန်းတွေထဲမှာ
အဓိပ္ပါယ်အများကြီးရစ်ဝဲနေတာမို့
သူအသံတိတ်ပြီးနားထောင်ဖို့ဆုံးဖြတ်လိုက်တယ်
VOCÊ ESTÁ LENDO
Love On Fire 🔥 [ Uni + ZG ]
FanficUnicode အဖေတစ်ယောက်တည်းနဲ့ကြီးပြင်းလာခဲ့ရတဲ့ သူဌေးသားလေး ဝေ့ရင်း Heart Attack Operation မှာ Coma ဝင်ပြီး ဝိညာဥ်အဖြစ်သာနေနိုင်တဲ့နောက် သူ့ကိုမြင်နိုင်တဲ့တစ်ယောက်တည်းသောသူ လန်ဝမ့်ကျီး နဲ့တွေ့ဆုံခဲ့ပြီး အမေသေဆုံးမှုကို စုံစမ်းပေးဖို့အကူအညီတောင်းခဲ့ပေမ...