Unicode Version
ဝေ့ရင်း POV
" လန်ကျန့် .. မင်းဘာလို့အမှန်တိုင်းမပြောတာလဲ
ဝမ်နင် ကအားနည်းတဲ့ပုံပေါက်ပေမယ့်
ယုံကြည်ရတဲ့လူမျိုးပါ .. "သူစိတ်ထဲသိပ်အလိုမကျတာကြောင့်
ဆေးရုံကအပြန် ကားပေါ်မှာ လန့်ကျန့် ကို
အတွန့်တက်ကြည့်မိတယ်" အမှန်တိုင်းပြောလိုက်ရင်သိပ်ကြောင်သွားမှာပေါ့
ဒီတိုင်းလည်းအဆင်ပြေပါတယ် ..
ခက်တာက ကျင်းဇီရွှမ်း နဲ့ဘယ်လိုရင်ဆိုင်မလဲပဲ
မင်းတွေးထား .. သူကလွယ်တာမဟုတ်ဘူး ..
မရတဲ့အဆုံးဆိုရင်တော့ NFS ကိုခိုးဝင်ရမှာပဲ "ကားရှေ့လမ်းနဲ့နောက်မှန်ကိုသာကြည့်ပြီး
ကျင်လည်စွာမောင်းနှင်နေတဲ့ လန်ဝမ့်ကျီး ရဲ့
ခပ်ပေါ့ပေါ့အပြောကြောင့် ဝေ့ရင်း အော့ခနဲ
လုပ်ပြလိုက်ရင်း" ဖင်ခေါင်းကတော့ငါ့ကိုပါထည့်ထားလို့ရအောင်
ကျယ်တာပဲ .. NFS ကိုဘာထင်လို့တုန်း ..
သာလေရာဇရပ်မှတ်နေလား "သူ့စကားကြောင့်ရှေ့ကိုကြည့်နေတဲ့
လန်ကျန့် ရဲ့မျက်ဝန်းတွေအရောင်ဖျော့သွားသလိုအေးလေ
သူပြောတာမှားသလား
" ကူညီတာကိုကျေးဇူးတင်ပေမယ့်
ငါမင်းကိုဒီလိုမျိုးတွေထိမလုပ်ခိုင်းရက်ပါဘူး "သူဖြည်းဖြည်းချင်းဆက်ပြောတော့
အဖြူလုံးလေးရဲ့အကြည့်တွေက
သူ့ဆီအတုန်းအရုန်းနဲ့ရောက်လာတယ်" ဘာလို့လဲ "
လေသံလို့သတ်မှတ်နိုင်ရုံအနေအထားနဲ့
တစ်ခွန်းတည်းလှည့်မေးလာတဲ့ လန်ကျန့်" အင်း .. မင်းကိုမထိခိုက်စေချင်လို့ပေါ့ "
ကျွီ ...
သူ့စကားအဆုံးဘရိတ်ကိုဖိနင်းချလိုက်တဲ့
လန်ကျန့် ကြောင့်လက်တွေက
အလန့်တကြား မီရာဆွဲကိုင်ပစ်ရတယ်လန်စုတ် အကျင့်ယုတ်ပြီ
" ဝေး .. ဘာဖြစ်တာလဲ "
" ဘာလို့လဲ "
ခုနကမေးခွန်းကိုပဲထပ်မေးလာပြန်တာလား
YOU ARE READING
Love On Fire 🔥 [ Uni + ZG ]
FanfictionUnicode အဖေတစ်ယောက်တည်းနဲ့ကြီးပြင်းလာခဲ့ရတဲ့ သူဌေးသားလေး ဝေ့ရင်း Heart Attack Operation မှာ Coma ဝင်ပြီး ဝိညာဥ်အဖြစ်သာနေနိုင်တဲ့နောက် သူ့ကိုမြင်နိုင်တဲ့တစ်ယောက်တည်းသောသူ လန်ဝမ့်ကျီး နဲ့တွေ့ဆုံခဲ့ပြီး အမေသေဆုံးမှုကို စုံစမ်းပေးဖို့အကူအညီတောင်းခဲ့ပေမ...