Unicode Version
လန်ဝမ့်ကျီး POV
တကယ်တော့ လန်ဝမ့်ကျီး တိမ်လွှာနန်းမြိုင်
ရောက်ရောက်ချင်းအဖွားနဲ့ပြောစရာ
စကားတွေအများကြီးရှိနေတာသူ့အရိပ်အကဲကိုသိပေမယ့်
အမြဲလိုအေးဆေးတည်ငြိမ်တဲ့အဖွားက
အချိန်ရတယ်မလားဆိုလာတော့
အထွေထူးငြင်းစရာမရှိပဲသိလိုက်ပြီငယ်ငယ်ကတည်းက
ကိစ္စအတော်များများကို
ကြိုသိနေတတ်တဲ့အဖွားက
ခုလည်းထိုနည်း၎င်းပင်ဖြစ်လိမ့်မယ်" လန်ကျန့် !! "
အဖွားစိုက်ထားတဲ့ဂန္ဓာမာပန်းခင်းတွေကြား
လျှောက်သွားကာပျော်နေတဲ့သူ့ရဲ့ ရင်းဟုတ်တယ် သူ့ရဲ့ ရင်း
ပန်းပွင့်တွေကြားထဲ
လက်လေးဖောက်ဝင်သွားတာကိုလည်း
ဂရုစိုက်ပုံမရကလေးတစ်ယောက်လိုပျော်မြူးပြီး
သူရှိရာကိုလှည့်ကြည့်ကာ
အော်ဟစ်နေတဲ့လူကြီးလေးသူသတိထားမိသလောက်
ရင်း မှာပုံစံနှစ်မျိုးရှိပါတယ်မာကျောပြီးရဲရင့်ပုံရတဲ့မျက်နှာထားရယ်
နူးညံ့ပြီးသိမ်မွေ့ဟန်ရှိတဲ့အမူအရာရယ်ရင်း ကသူ့အတွက်တော့
အဖြေအမျိုးမျိုးထွက်နိုင်ခြေရှိတဲ့
ပုစ္ဆာငယ်တစ်ပုဒ်" မင်းအဖွားကအရမ်းတော်တာပဲ ...
ဒါတွေအားလုံးသူ့လက်ရာပေါ့ ဟုတ်လား "" ဒေါ်လေးမျန် နဲ့ ခြံအလုပ်သမားတွေရဲ့
လုပ်အားလည်းပါပါတယ်ကွ ..
နေတောင်စောင်းလာပြီ ..
ငါမင်းကိုတစ်နေရာခေါ်သွားစရာရှိသေးတယ်
ပန်းခင်းထဲဒီလောက်ပဲနေရအောင် လာခဲ့ .. "လန်းဆန်းကြည်လင်စွာပြုံးနေတဲ့ ဝေ့ရင်း ကို
လန်ဝမ့်ကျီး တမြတ်တနိုးကြည့်ပြီး
လက်ယက်ခေါ်လိုက်သည်စကားနားထောင်တဲ့သိုးပေါက်လေးလိုမျိုး
သူ့ဆီပြန်ရောက်လာတဲ့ ဝေ့ရင်း ကို
လန်ဝမ့်ကျီး သေချာအောင်ထပ်ကြည့်မိတယ်လူသိခံလို့မဖြစ်တဲ့
သူ့ရဲ့အလုပ်အကိုင်အကြောင်းကို
ဖွင့်ပြောမိခဲ့တာကြောင့် ဝေ့ရင်း သူ့ကို
အထင်သေးမှာကြောက်မိပါတယ်
VOUS LISEZ
Love On Fire 🔥 [ Uni + ZG ]
FanfictionUnicode အဖေတစ်ယောက်တည်းနဲ့ကြီးပြင်းလာခဲ့ရတဲ့ သူဌေးသားလေး ဝေ့ရင်း Heart Attack Operation မှာ Coma ဝင်ပြီး ဝိညာဥ်အဖြစ်သာနေနိုင်တဲ့နောက် သူ့ကိုမြင်နိုင်တဲ့တစ်ယောက်တည်းသောသူ လန်ဝမ့်ကျီး နဲ့တွေ့ဆုံခဲ့ပြီး အမေသေဆုံးမှုကို စုံစမ်းပေးဖို့အကူအညီတောင်းခဲ့ပေမ...