နေမင်းကြီးက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လုနီးနေပြီ
နေဝင်ချိန်ရောက်လေ နေဝန်းကနီလာလေ မျက်စိရှေ့ကပန်းခင်းနဲ့က ပနံသင့်လေပေရှောင်းကျန့် မိမိရှေ့ကမြင်ကွင်းကို မျက်စိမလွှဲနိုင်တော့ ဒီလိုသဘာဝရှုခင်းကို ဒီရောက်ထဲက သူမတွေ့ရတော့တာပင် အခုတော့ ချစ်ရသူကျေးဇူးနဲ့ သဘာဝပန်းချီကားချပ်ကို နောက်ထပ်မြင်တွေ့ရပြန်သည်
ဒါပေမယ့် မိုးချုပ်လာတာမို့ အိမ်ပြန်ရပေမည် မားတို့လည်း ခုချိန်လောက်ဆို စိတ်ပူနေမှာအမှန်
'ကိုကို အိမ်ပြန်ရအောင်လေ မှောင်လာပြီ မားတို့လည်းစိတ်ူနေတော့မယ်'
'အင်းပါ သည်းငယ်ပြန်ချင်ပြန်မယ်လေ '
'ဟုတ် ကိုကို ပြီးတော့လေ ပြီးတော့ ဟူး..ဘာမှမဟုတ်တော့ပါဘူး ပြန်ရအောင်ပါ'
'သည်းငယ် ဘာပြောစရာရှိလို့လဲ ကိုကို့ကိုပြောလေ'
'ဟင့်အင်း..ဘာမှမဟုတ်တော့ပါဘူး'
'သည်းငယ် ကိုကို့ကိုမညာနဲ့ကွာ ကိုကိုမကြိုက်ဘူး ဘာပြောမလို့လဲ ကိုကို့ကိုပြော'
'ဘာလဲ ဗိုက်ဆာနေလို့လား'
'အွန်း...ဟုတ်တယ် ပြီးတော့ထမင်းလည်းမစားချင်ဘူး ငယ်စားချင်တာပြောရင်လည်း ကိုကိုကမတည့်ဖူးဆိုပြီး စားခိုင်းမှာမှမဟုတ်တာ'
'ကဲပြောပါဦး ကိုကို့သည်းငယ်ကဘာစားချင်လို့လဲ'
'ပင်လယိစာ'
''ငယ်က ပင်လယ်စာ တော်တော်ကြိုက်တာပဲ'
'အွန်းဟုတ်တယ် ငယ်အထက်တန်းကတည်းက ပင်လယ်စာအရမ်းကြိုက်သွားတာ ဒါပေမယ့်ရပါတယ် ကိုကိုမစားစေချင်ရင်မစားတော့ပါဘူး'
ဟောကြည့် ကိုကပဲလူဆိုးကြီးဖြစ်တော့မယ် ပင်လယ်စာတေ တအားစားလွန်းရင် သူလေးတစ်ခုခုဖြစ်မှာဆိုးလို့ မစားခိုင်းတာကို အခုတော့ မျက်နှာငယ်လေးနဲ့ သူအကြိုက်ဆုံးပါဆိုပြီး လာပြောနေတာ ဒီလူက ဘယ်နှလုံးသားနဲ့ ညင်းရက်မှာလဲ
'ကဲပါ ကိုကိုဝယ်ကျွေးပါ့မယ် ဒီတစ်ခါပဲနော်'
'ဟီးးးးဟုတ် အာ့ကြောင့် ကိုကို့ကိုချစ်တာ'
![](https://img.wattpad.com/cover/201619430-288-k306345.jpg)
YOU ARE READING
ကျွန်တော်ချစ်သောကိုကို(completed)
Fanfictionပထမဆုံး Yizhan fan fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့သာရေးရတာ သိပ်တော့မရေးတတ်ဘူးရယ်😁