နေမကောင်းလို့ ကျောင်းမသွားပါနဲ့ပြောတာကို ပြောမရတဲ့ကလေးကြောင့် ရိပေါ်စိတ်ပူနေရသည် သူ့အစီစဉ်မဖြစ်တာထက် သူ့ကလေးတစ်ခုခုဖြစ်သွားရင်ဆိုတဲ့စိတ်ကြောင့်
ခါတိုင်းစကားနားထောင်တဲ့ကလေးက ဒီနေ့ကျမှ ဘယ်လိုပြောပြောမရ ဒီတော့လည်း သူကိုယ်တိုင်ဂရုစိုက်ပေးရုံကလွဲပြီး ဘာမှမတတ်နိုင်တော့
ဒီနေ့ ကျောင်းကို ကိုကိုနဲ့အတူသွားရတယ် ပျော်လိုက်တာ ခါတိုင်းကိုကိုက သူနဲ့အတူတူသွားဖို့မပြောဖူးဘူး မနေ့က နေမကောင်းဖြစ်လိုက်တာက တော်တော်လေး အကျိုးရှိသွားတာပဲ
'ကလေးကကွာ စကားလည်းနားမထောင်ဘူး ကျောင်းမသွားပါနဲ့ဆိုတာပြောမရဘူး '
'ကိုကိုကလည်း ကျန့်ကျန့်နေကောင်းပါပြီ ပြီးတော့ စကားနားမထောင်လို့လည်း အခုလိုကိုကိုနဲ့တူတူသွားရတာလေ "
'ကလေးစုတ်လေး....ဒီတစ်ခါပဲနော် နောက်ဆိုပြောစကားနားထောင်'
'ဟုတ် ကိုကိုbb...'
ရှောင်းကျန့် ကျောင်းထဲရောက်ရောက်ချင်း ရှာတာက ကျိုးချန်တို့ ရှာမတွေ့တဲ့အဆု့း ကန်တင်းဘက်ထွက်လာတော့ တွေ့ပါပြီဟိုနှစ်ကောင် စားနေသောက်နေလိုက်တာများ ခုနှစ်ဘဝလောက်ငတ်နေတဲ့အတိုင်းပဲ နင်တို့နဲ့ငါ့မျက်နှာထားစရာမရှိတော့ဘူးနော် အစားပုပ်နှစ်ကောင်
'Yaaaaaaa!!! ဝမ်ကျိုးချန်!! ယွီပင်း!! '
'သေနာ ရှောင်းကျန့် သေမလို့အော်နေတာလား'
'မင်းတို့နှစ်ကောင်ကို ငါရောက်စကတည်းကကြည့်နေတာ စားနေသောက်နေတာ ခုနှစ်ဘဝလောက် ငတ်သေခဲ့တဲ့အတိုင်းပဲ ငါ့သူငယ်ချင်းလို့မပြောကြနဲ့ နင်တို့နှစ်ယောက်'
'အောင်မာ ရှောင်းကျန့်စုတ် နင်ကပဲပြောရတယ်ရှိသေး နင်စားရင်ဒါကလို့လား ငါတို့ကခုနှစ်ဘဝဆို နင်ကဘဝပေါင်းခုနှစ်ဆယ်ငတ်သေလာတဲ့မသာပဲနေမာ'
'မင်းတို့ကလဲဟာ ငါ့ဆိုပြောဖို့ပဲ တော်ပြီ မင်းတို့နဲ့ပြောတော့ဘူး ငါ့ဟာငါ အတန်းထဲသွားတော့မယ် ဟွန့်😏😏'
မျက်စောင်းတထိုးထိုးနဲ့ထွက်သွားတဲ့ သူတို့သူငယ်ချင်းလေးကြောင့် ကျိုးချန်နဲ့ယွီပင်းမှာ ရှောင်းကျန့်နောင်မီအောင်လိုက်ရသည် ရှေ့ကနေ တောက်တောက် တောက်တောက် နဲ့လျှောက်သွားတဲ့ရှောင်းကျန့်မှာ ကလေးတစ်ယောက်လိုပင်
ESTÁS LEYENDO
ကျွန်တော်ချစ်သောကိုကို(completed)
Fanficပထမဆုံး Yizhan fan fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့သာရေးရတာ သိပ်တော့မရေးတတ်ဘူးရယ်😁