ကျွန်တော်ချစ်သောကိုကို (37)(final)

10.7K 400 21
                                    

*ဟူး
ပျင်းလိုက်တာ ကိုကိုကလည်း ဒီနေ့မှ ကုမ္ပဏီကို အရေးကြီးကိစ္စနဲ့ သွားရတော့ အိမ်မှာမရှိဘူး

မသွားချင်ပေမယ့် အစည်းအဝေးက ကိုကိုမသွားလို့ မဖြစ် အရေးကြီးနေတော့ ကိုကပဲ မနည်းရအောင် ပြောလွှတ်လိုက်တယ်

အိမ်မှာ Zhao Chanနဲ့ Hai Kuan Geလာနေပေးတယ်လေ

သူတို့က သူများကို စိတ်ပူလို့လာနေပေးတာလား သူတို့လင်လင်နှစ်ယောက် လာroတာလား မသဲကွဲဘူး

အရူးတေ ဘာမှန်းလဲမသိဘူး ကြည့်နေ နှိပ်စက်ပြမယ် ဎွန့် ကျန့်ကျန့်ကို ဘာမှတ်နေလဲ*

'Ge ရေ Ge
Ge လာပါဦး ကျန့်ကျန့်ဆီကို '

ကျန့်ကျန့်အော်သံကြောင့် အောက်ထပ်က ဧည့်ခန်းမှာ ထိုင်roနေပါသော နှစ်ယောက်မှာ မင်းသားလေးရှိရာ အပေါ်ထပ်ကို လေအလျင်နဲ့ အမြန်တက်လာရတော့တယ်

Hai Kuanပေါင်ပေါ်တက်ထိုင်ပြီး ခွံ့ကျွေးတာမှန်သမျှ ထိုင်စားနေသော ကျိုးချန်က ရှောင်းကျန့်ကို မေတ္တာတေ အတုံးလိုက်ပို့သလျက်

ကျိုးချန်ကို မုန့်ခွံ့ကျွေးပြီး လည်ဂုပ်လေးကို မသိမသာခိုးနမ်းရင်း သူ့ချစ်သူလေးရဲ့ ကြာပန်းရနံ့လေးကို ရှူနေသော Hai Kuanမှာတော့ အပြစ်မြင်ချင်ပေမယ့် မမြင်ရက်ပေ
မိမိတို့အိမ်ရဲ့ ဆည်းလည်းလေးမို့ အလိုလိုက်ထားသူလေးဆိုတော့လည်း အပြစ်တင်တာထက် စိုးရိမ်စိတ်ကအရင်

ကျန့်ကျန့်မကြောင်း နောကျေနေတဲ့ ကျိုးချန်ကတော့ အကျင့်ယုတ်တာကို သိနေတော့ စိုးရိမ်မပေးနိုင်ရှာ

ထင်တဲ့အတိုင်းပါပဲ အခန်းတံခါးကို လှပ်လိုက်တော့ ကုတင်ပေါ်မှာ အကောင်းကြီးအတိုင်း ငုတ်တုတ်ထထိုင်နေပါသော ယုန်အကျင့်ယုတ်ရယ်ပါ

သူ့ဗိုက်လေးကို အသာပွတ်ရင်း မျက်နှာလေးက ရှုံ့မဲ့နေတာ မသိရင် သနားစရာရုပ်လေး

ကိုကတော့ မသနားနိုင်ပါ အဲ့ယုန်ပေါက် တမင်လုပ်နေတာ အသိသာကြီးလေ

စောစောလေးကတင် သူများလင်လင် roနေတာကို အမြင်ကတ်တယ်ပြောပြီး အပေါ်ထပ်တက်သွားတာများ မွေးခါနီးဗိုက်လို့ပြော ဘယ်သူမှယုံမှာမဟုတ် သွက်လက်နေတာများ ကိုယ်တေကို တကယ်အမြင်ကတ်နေလို့လားတော့မသိ
သူ့ကိုကိုနဲ့ တိုင်မှာလို့က ပြောသွားသေးတာ

ကျွန်တော်ချစ်သောကိုကို(completed)Donde viven las historias. Descúbrelo ahora