ရှောင်းကျန့်တစ်ယောက် ကဒ်ပေါ်ကလက်ရေးကိုမြင်ပြီး
နေရာမှာတင် ကြောင်အစွာရပ်နေမိသည်
သေချာပါသည် ဒီလက်ရေးက ကောလက်ရေးအစစ်အရင်ကတည်းက တစ်အိမ်ထဲအတူနေသူတေမို့ ကောလက်ရေးကိုမြင်ဖူးသည်
လက်ထပ်ပြီးနောက်ပိုင်း တစ်ခန်းထဲစာအတူလုပ်ကြတာမို့
ကောလက်ရေးဆိုတာမမှားနိုင်....ကိုကိုဘာတေလုပ်နေပြန်တာလဲ သူဘာမှစဉ်းစားမရတော့
အခုကဘာလဲ တစ်ကယ်ချစ်မိလို့ပဲ ခုလိုတေလုပ်နေတာလဲ
ဒါမှမဟုတ် သူ့ခံစားချက်တေကိုစစ်ဆေးရင်း ငါ့ကိုမျှော်လင့်ချက်ပေးနေတာလားခုံပေါ်ကလက်စွပ်ကိုကြည့်မိတော့ သူတို့လက်ထပ်လက်စွပ်မဟုတ်
လက်ထပ်လက်စွပ်က ရှိသေးရဲ့လားတောင်မသိ
အာ့နေ့ညကတည်းက ကိုကိုကချွတ်ပစ်မှာပြောခဲ့တာဒီအချိန်ထိ ကိုကို့လက်မှာလက်စွပ်ဝတ်ထားတာမတွေ့ခဲ့
အခုရော ကိုကိုဘာတေလုပ်နေတာလဲ
ချစ်တယ်ဆိုတဲ့စာလေးက ကိုကို့လက်ရေးနဲ့ပေမယ့်
ကိုကို့စိတ်ထဲကလား ဒါမှမဟုတ် ဘယ်သူ့အတွက်လည်းရှောင်းကျန့်တွေးရင်းနဲ့ပင် မျက်ရည်တေကျနေမိသည်
...တစ်ကယ်သာ ဒါတေကိုကိုလုပ်ထားတာဆိုရင် အိမ်မှာကျတော့ ဘာလို့မသိချင်ယောင်ဆောင်ရတာလဲ....
.....အိမ်မှာဆိုကိုကိုကဂရုစိုက်ပေမယ့် ဒီအကြောင်းတေကို တစ်ခွန်းမှမဟဘူး.....
.....ဟူး..ဒီအခြေအနေတေကို ဘယ်လိုနားလည်ရမလဲတောင်မသိတော့ဘူး
နာကျင်ရတာများတော့လည်း နှလုံးသားကို ဦးနှောက်က ဦးဆောင်သွားမြဲပဲလေ ကို့ရှေ့မှာအမှန်ပါလို့လာပြောရင်တောင် မယုံကြည်ရဲတော့ပါ.....'ရှောင်းကျန့်...ကျန့်ကျန့်ဘာဖြစ်လို့လဲ ဘာလို့ညိမ်နေတာလဲ'
'ဒီလိုပါပဲကွာ ငါ့ကိုတစ်ယောက်ယောက်က အရူးလုပ်နေတယ်လို့ခံစားရလို့'
'ဘာလို့လဲကျန့်ကျန့် မင်းပြောတာနားမလည်ဘူး'
'ကျိုးချန်ရာ မင်းပဲစဉ်းစားကြည့် ငါ့ကိုဒီလိုလက်ဆောင်တေလာပေးတယ် ပြီးတော့ဘယ်သူပေးတာပါဆိုပြီး လူလုံးလည်းထွက်မပြဘူး ပြီးတော့ကဒ်မှာလည်းချစ်တယ်လို့ရေးထားသေး ဒီအခြေအနေကြီးက လုံးဝကိုအရူးလုပ်ခံရသလိုပဲကွာ'
ESTÁS LEYENDO
ကျွန်တော်ချစ်သောကိုကို(completed)
Fanficပထမဆုံး Yizhan fan fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့သာရေးရတာ သိပ်တော့မရေးတတ်ဘူးရယ်😁