*ကံကြမ္မာရဲ့ ဆန်းကျယ်မှုကိုတော့ ဘယ်သူမှ လိုက်မီနိုင်မှာ မဟုတ်တော့ပါဘူး
ကျွန်တော်နဲ့ ငယ့်ကိုပဲ ကြည့်လေ
ကျွန်တော်ဟာ ငယ့်ကို မုန်းခဲ့ဘူးတယ်ဘယ်လိုပြောရမလဲ အမုန်းလို့ မမည်ထိုက်တဲ့ အမုန်းလေးပေါ့
ဒါလည်း ကိုယ့်စိတ်ကို သေချာ မသိခဲ့တာလည်း ပါတာပေါ့
ညီတစ်ယောက်လိုပဲ ချစ်တာပါဆိုပြီး အတင်းမှတ်ယူခဲ့မိပြီး မသိစိတ်က ညီတစ်ယောက်ထက် ပိုနေတာကို မသိနိုင်ခဲ့ဘူးလေ
ဒါကြောင့်လည်း ကလေးဘက်က ချစ်တယ်လို့ ဝန်ခံလာခဲ့ချိန်
ရင့်သီးတဲ့ စကားတွေနဲ့ တုံ့ပြန်ခဲ့ပြီး ငယ့်ကိုနာကျင်စေခဲ့တယ်လေအရာရာအားလုံး တည်ငြိမ်သွားချိန်မှာတော့ ကျွန်တော်ဟာ ငယ့်အတွက် အချစ်တတ်ဆုံး လူသားတစ်ယောက် ဖြစ်လာခဲ့တယ်လေ
ယောက်ျားလေးနှစ်ယောက် တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးမို့ မိသားစုဘဝ ရပိုင်ခွင့် မရှိနိုင်ဘူးဆိုပေမယ့်
ငယ့်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျွန်တော်လည်း သာယာတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်နိုင်တော့မယ်
အခုဆို ငယ့်ရဲ့ဗိုက်လေးတောင် ၈လထဲရောက်နေပြီ
ဗိုက်ပူပူလေးနဲ့ ငယ်ဟာ အရမ်းကို ချစ်စရာကောင်းလွန်းနေတယ်ကိုယ်ဝန်ကြောင့် ခြေလက်တေ ယောင်နေလို့ ခန္ဓာကိုယ်က ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ယုန်လေးကနေ ဝက်ပေါက်ကလေးဖြစ်လို့နေတယ်
ကိုယ်ဝန်လရင့်လာတာနဲ့ သဝန်တိုတာလည်း အရင်ကထက် ပိုလာတယ်
ရစ်လာတာလဲ သူ့အပြင်နှစ်ယောက်မရှိတော့ဘူးကိုကို့ကို အမြဲတမ်းရစ်နေတဲ့ ကျိုးချန်တောင် ငယ့်ကို မီအောင်ရစ်နိုင်မယ်မထင်
ကိုကိုနဲ့ ကျိုးချန်ကလည်း ငယ့်စနက်ကြောင့် ချစ်သူတွေဖြစ်လာကြတာ သုံးလပြည့်ခဲ့ပြီ
ငယ်ကလေ သူတို့အတွဲအတွက် မြှားနတ်မောင်ပါပဲကိုကိုတို့က ငယ်မွေးပြီးရင် သူတို့လည်း လက်ထပ်ဖို့ ပြင်ဆင်နေကြပြီ
![](https://img.wattpad.com/cover/201619430-288-k306345.jpg)
KAMU SEDANG MEMBACA
ကျွန်တော်ချစ်သောကိုကို(completed)
Fiksi Penggemarပထမဆုံး Yizhan fan fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့သာရေးရတာ သိပ်တော့မရေးတတ်ဘူးရယ်😁