ညမိုးချုပ်မှဖုန်းလှမ်းဆက်ပြီး အစမရှိအဆုံးမရှိစကားတေပြောလာတဲါရိပေါ်ကြောင့် ဖန်ရှင်းတစ်ယောက်နားမလည်တော့
'ဝေ့...ဝမ်ရိပေါ်...မင်းဘာပြောတာလဲ...လူနားလည်အောင်ပြောစမ်းပါ..အစမရှိအဆုံးမရှိနဲ့...သေချာပြောပြ..'
'ညနေက..မင်းတို့နဲ့ပြောထားတဲ့ကိစ္စကိုသဘောတူတယ်လို့....ဟိုကလေးကိုတလအတွင်းရအောင်လိုက်ဖို့လေ..'
'မင်းသေချာလား....ရိပေါ်ဒါက နောက်စရာမဟုတ်ဘူးနော်...'
'သေချာပါတယ်ကွ....မနက်မှအသေးစိတ်ပြောပြမယ်.....ဒါပဲကွာ..'
'အေးအေး....ဒါပဲ...မနက်မှပြောလည်းရရဲ့သားနဲ့လူကိုအနှောင့်ယှက်ပေးတယ်...ဝမ်ရိပေါ်စုတ်'
'အေး...မင်းမနက်ကျမှငါ့လက်ကလွတ်အော်ပြေးထား တွေ့လို့ကတော့အသေပဲ..ဒါပဲကွာ အစုတ်ပလုတ်'
ဝမ်ရိပေါ် သူပြောချင်တာပြောပြီး ဖုန်းချလိုက်သည်
တစ်ဖက်ကဖန်ရှင်းကတော့ ပြောချင်ရာပြောပြီး ဖုန်းချသွားတဲ့ဝမ်ရိပေါ်ကိုကျိန်ဆဲနေတယ်မသိတော့ဘူး ခုလောလောဆယ်တော့ ဟိုကောင်တေနဲ့အလောင်းစားလုပ်ထားတဲ့အတိုင်းလိုက်ကြည့်ဦးမယ်
တစ်လကြီးတောင်အချိန်ရှိပါတယ် တစ်လအတွင်းမှာငါ့ခံစားချက်တေကို သေချာအောသ်ပြန်ကြည့်ရမယ် ငါတကယ်ပဲသူ့ကိုချစ်မိနေတာလား ဒါမှမဟုတ် ဒီတိုင်းသံယောဇဉ်ပဲရှိတာလားဆိုတာ သေချာအောင်စစ်ကြည့်ရမယ်ဝမ်ရိပေါ်တစ်ချက်ပြုံးလိုက်တယ် ပြီးမှမနက်အတွက်လိုအက်တာတေကိုစီစဉ်တော့တယ် သူကလေးကိုလိုက်မှာဆိုတော့ နည်းနည်းလေးတော့roချင်သား
ကိုယ့်စိတ်ကိုသေချာမသိပဲ ကိုယ်ဘာစိတ်ကူးနဲ့ဒါတေလုပ်နေလဲဆိုတာဆောင် သတိရသေးရဲ့လားမသိ သေချာတာတော့ ဝမ်ရိပေါ်တစ်ယောက် အပြုံးကမ္ဘာထဲရောက်နေတာပဲ
ကုတင်ပေါ်မှာအိပ်နေတဲ့ ယုန်လေးကိုကြည့်ပြီး သူပြုံးမိပြန်တယ် ဖြူစင်လွန်းတယ်ကလေးရယ် မင်းအပေါ်ကိုယ်မှားခဲ့တာတွေအတွက် ကိုယ့်ကိုခွှင့်လွှတ်ပါ ပြီးတော့ကိုယ်အခုလုပ်မယ့် အရာအတွက်ရောပဲ
ကိုယ်ဒါကိုလုပ်ရတာ မသေချာသေးတဲ့အရာတစ်ခုကို အတည်ပြုချင်လို့ပါ ကလေးစိတ်ဆိုးမယ်ဆိုလည်း အာ့အချိန်ကျမှပဲ ကိုကိုပြန်ချော့ပါ့မယ် ကလေးစိတ်ကျေနပ်တဲ့အထိပေါ့ ပြီးတော့ သေချာသွားတဲ့အချိန်ကျရင် ကိုယ့်ကိုလည်းမုန်းမသွားပါနဲ့ကလေးငယ်
![](https://img.wattpad.com/cover/201619430-288-k306345.jpg)
ESTÁS LEYENDO
ကျွန်တော်ချစ်သောကိုကို(completed)
Fanficပထမဆုံး Yizhan fan fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့သာရေးရတာ သိပ်တော့မရေးတတ်ဘူးရယ်😁