ကျနော်ကလူမသိသူမသိကျောင်းသားတယောက် ကျနော်ပျောက်ကွယ်သွားရင်တောင် ဘသူမှသိလိမ့်မည်မဟုတ်.....
ကျနော်သဘောကျတဲ့ကောင်လေးကကျတော့ တကျောင်းလုံးရဲ့အချစ်တော် ဘက်စုံထူးချွန်သူလေး....
သဘောလဲကောင်းတယ် ရုပ်လဲချောတယ် တခါတလေစကားမပီတာကအစချစ်ဖို့ကောင်းတယ်...
ကျနော်ကိုဂေးလားမေးရင် ကျနော်သဘောကျတဲ့ကောင်လေးအတွက်ဘဲဂေးတာ အရင်ကျနော်ယောကျာ်းလေးတွေစိတ်မဝင်စားဘူး.....
စာသင်ခန်းရဲ့ပြတင်းပေါက်ကိုငေးတော့ Aခန်းကလူတွေကာယလုပ်နေကြတာ...
ကျနော်သဘောကျနေတဲ့ကောင်လေးက သစ်ပင်နားလေးမှာ ဘောလုံးအကျီဝတ်စုံနဲ့ ဆော့ပြီးအပန်းဖြေနေပုံဘဲ....
ဟော ကျနော်ရှိတဲ့ပြတင်းပေါက်ကိုလှမ်းကြည့်လာပြီ ကျနော်ဘလိုလုပ်ရမလဲ ဒီတိုင်းရပ်နေရမလား ခုချက်ချင်းခုံပေါ်မှောက်လိုက်ရမလား....
ဘလိုလုပ်ရမလဲ ကျနော်ကိုကြည့်ပြီးပြုံးသွားတာလား ဒါမှမဟုတ်ဘေးဘက်ကိုကြည့်တော့ကျနော်လိုဘဲငေးကြည့်နေတဲ့လူတွေ...
ကျနော်ကိုပြုံးပြသွားတာတော့မဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ကျနော်ကကောက်နေရင်တောင် သူကကောင်ချင်မှကောက်အုန်းမှကိုး......'ဟေး........နောက်စာသင်ချိန်ကိုAခန်းနဲ့ ပေါင်းသင်ရမှာနော်.....'
တစ်တန်းလုံးကပျော်နေကြပေမယ့်ကျနော်ကမပျော်နိုင်ဘူးလေ ဘာလို့ဆိုတော့ ကျနော်အတန်းကအညံ့ဆုံးအတန်း Cခန်းလေ တပတ်တခါပေါင်းသင်ရတယ် ဘာလို့ပေါင်းသင်လဲမေးကြည့်တော့ စာဒီထက်ကြိုးစားစေချင်လို့တဲ့လေ.....
တချိန်ပြီးတချိန်ပြီးသွားတော့ Aခန်းကလူတွေအလျိုလျိုဝင်လာကြတယ် ပြတင်းပေါက်ရဲ့ထောင့်ဆုံးဂျောင်ကြတဲ့နေရာလေးမှာကျနော်ထိုင်တာ ဘသူမှလာမထိုင်ကြ ခါတိုင်းလဲဒီလိုပါဘဲ ဘသူကနောက်ဆုံးခုံမှာကျနော်နဲ့အတူတူတွဲထိုင်ချင်ပါ့မလား....
ကျနော်ကောင်လေးကရော ဟွန်းသူကတော့ကျနော်ရဲ့မျက်စောင်းထိုးမှာထိုင်တာ....
ဆက်ဆံရေးလဲဖော်ရွေတော့ ခဏလေးနဲ့သူကတစ်တန်းလုံးနဲ့ခင်ရော နစ်ဝက်ရှိပြီ ကျနော်အတန်းထဲကလူတွေကိုကျနော်တယောက်မှနာမည်မသိဘူး....
သူတို့လဲကျနော့်မသိကြဘူးကျနော်ကအနေအေးတဲ့ထဲပါတယ် မဟုတ်ဘူးကျနော်ကဘလိုပေါင်းသင်းရမလဲဆိုတာမသိဘူး ဆက်ဆံရေးမကောင်းဘူး....
.
.
.
ခါတိုင်းလိုမျက်စောင်းထိုးမှာကျနော်ထိုကောင်လေးကိုမတွေ့ရ ဟူး....
လာမတက်တာလား ကျနော်ရဲ့မျက်မှန်ထူကြီယကိုပင့်ပြီး ပြတင်းပေါက်အပြင်ဘက်ငေးနေလိုက်သည်...
တိုက်ခိုက်လာတဲ့လေငြင်းတွေရဲ့အရသာကိုခံစားကြည့်နေလိုက်တော့တယ် အေးချမ်းတယ် နေရထိုင်ရအဆင်ပြေတယ်.....
သဘောကျတယ် မမြင်ရတဲ့လေတွေကိုတမေ့တမောခံစားကြည့်ရတာ....
ဘလောက်ထိခံစားနေလဲမသိပေမယ့် ဆရာရဲ့မြေဖြူနဲ့လက်ပေါက်မှ သတိထားမိတယ်....