အားကစားအချိန်ဆိုပြီး ကိုယ့်ကြိုက်တဲ့အားကစားကိုယ်လုပ်ချင်ကိုယ်လုပ်နေကြတာ အကုန်လုံးအသီးသီးသူ့ဟာနဲ့သူကစားနေကြတာ အားကစားရုံထဲနားတွေတောင်ပူလို့....
ဘာမှမလုပ်ချင်တဲ့ကိုယ်ကတော့ အပြင်ထွက်ငေးနေရုံဘဲရှိတယ်.....
.
.
မြေသင်းနံ ပန်းနံ လေထဲကအနံပေါင်းစုံကိုမျက်စိမှိတ်ပြီးရူရိူက်နေမိသည်....
ဖြတ်ပြေးသွားတဲ့လေတွေကိုတကယ်သဘောကျတယ် အေးတယ်ဆိုပေမယ့်တမျိုးလေးသဘောကျသည်...
အပေါ်မော့ကြည့်တော့လဲ သစ်ပင်ကြီးရဲ့အရိပ်ကြောင့်နေပေါက်တောင်မထိုးပေ....
နေထိုးတဲ့နေရာလေးကိုလက်ခံကြည့်တော့လဲ ဖမ်းဆုပ်လို့ရရင်သိပ်ကောင်းမှာဘဲ.....
.
.
.
'ဟာ ချန်းယောလ်.....'အသံကိုကြားပေမယ့်လှည့်မကြည့်ရဲ....
ဘေးနားကိုလာထိုင်တာကြောင့် ထိုင်ခုံရဲ့ဘေးစွန်းကိုတိုးလိုက်သည်....
တဖက်ကရယ်သံကြောင့် လှမ်းကြည့်လိုက်သည်...'ချန်းယောလ်က ကျနော်မခင်ဘူးလား နှာမြောစရာကောင်းလိုက်တာ ကျနော်ကခင်ချင်တာကို.....'
ချန်းယောလ်ဘာမှမပြောဘဲ မတ်တတ်ထရပ်လိုက်သည် ပြီးတော့ ခန်းမဆီပြန်သွားဖို့ပြင်ရုံရှိသေးတယ် ဆွဲကိုလာတဲ့လက်ကြောင့် တုန်ရီနေမိသည်.....
'နည်းနည်းလေးတော့အဖတ်လုပ်လေဗျာ ဘာလဲမခင်ချင်ဘူးလား....'
ချန်းယောလ်ဘာမှမပြောဘဲ လက်ကိုသာဆွဲနူတ်လိုက်သည် အချည်းနီးသာ....
ပိုပြီးတင်းကျပ်လာတဲ့လက်ကြောင့်အနေရခက်စွာ...'လွှတ်....'
ခေါင်းကြီးရှေ့တိုးပြီး...
'အမ် ဘာပြောတာလဲမကြားရဘူး....'
'လက်ကိုလွှတ်.....'
ဆယ်ဟွန်းရယ်လိုက်သည်....
'အတာဆို ကျနော်ကိုခင်မှာလား....'
ပိုမိုနီးကပ်လာတဲ့ဆယ်ဟွန်းမျက်နာကြောင့် ချန်းယောလ်မျက်နာကိုအပေါ်မော့လိုက်သည် မျက်မှန်အောက်ကမျက်လုံးလေးတွေအလှကိုတော့ ဆယ်ဟွန်းသိသိသာသာမြင်လိုက်ရသည်....
လက်ကအလိုလိုမျက်မှန်ကိုသွားချွတ်လိုက်မိသည် အံဩတကြီးကြည့်လာတဲ့ချန်းယောလ်ကြောင့် ဆယ်ဟွန်း အယောင်ယောင်အမှားမှားဖြစ်သွားသည်....