ဆရာ့စာအုပ်တွေကူသယ်ရင်း ချန်းယောလ်ရုံးခန်းထဲဝင်တော့ ဆရာ့ခုံဘေးနားမှာ စာအုပ်တွေစီပေးနေတဲ့ဆယ်ဟွန်း ကျနော်နဲ့ဆယ်ဟွန်းမတွေ့တာတပတ်ပင်ရှိသည် သူကောင်မလေးရပြီးကတည်းကဆိုပ်တော့...
အရင်ကဆို ကျောင်းဆင်းချိန်အခန်းပေါက်ရှေ့လာလာစောင့်နေတာသူကို မမျော်မိဘူးဆိုလိမ်ရာကျမှာပေါ့ ချစ်ရသူကလာကြို လာစောင့်ပေးတဲ့အရာက....
ဒါပေမယ့် ဒါတွေကတဖတ်သတ်အတွေးတွေပါလေ....'ချန်းယောလ် ဒီနားချခဲ့လိုက်တော့နော်....'
ဆရာကပြောပြီး ရုံခန်းထဲကပြန်ထွက်သွားခဲ့သည် ဆယ်ဟွန်းနဲ့ကျနော်နစ်ယောက်ထဲရှိသည်...
ဆရာ့အသံကြောင့် သူကျနော်ရှိရာဘက်လှမ်းကြည့်ပေမယ့် ချက်ချင်းပြန်မျက်နှာလွှဲသွားသည်....
ကျနော်တို့နစ်ယောက်ကြားကလေထုက အေးစက်လာတာကြောင့် ခပ်မြန်မြန်စာအုပ်တွေချရင်း ပြန်ထွက်လာခဲ့တော့သည်...
ဆယ်ဟွန်းကိုအရင်စစကားမပြောမိသလို မသိသလိုပြန်ထွက်လာခဲ့သည်...
ကျနော်ပြောတယ်မလား ကျနော်ကအပေါင်းသင်းညံ့သူတယောက်ပါဆို.....
.
.
.
.
'ချန်းယောလ်....'ခပ်လှမ်းလှမ်းရောက်မှ အနောက်ကခေါ်သံကြောင့်ပြန်လှည့်ကြည့်တော့....
'ဆယ်ဟွန်း.......'
တလှမ်းလှမ်းချင်းပုံမှန်လမ်းလျောက်လာတဲ့သူကြောင့် ရင်ထဲတဒိတ်ဒိတ်ခုန်နေသည်မှာအမှန်ပင်...
အနားရောက်လာတဲ့လူကြောင့် နှလုံးခုန်သံတောင်ကြားသွားမှာကိုပင် ကြောက်နေမိသည်....'ခဏလောက် စကားပြောရအောင်......'
.
.
.
.
.
.
ခေါ်လာတဲ့နေရာက ကျောင်းခေါင်မိုးထပ်ပေါ်..
အဝေးကဘဲငေးကြည့်နေတဲ့ဆယ်ဟွန်း ဘာမှမပြောဘဲငေးနေသည်မှာကြာပြီ....'ဆယ်ဟွန်း......'
ခေါ်ပြီးတော်တော်ကြာသည့်အထိ ပြန်မဖြေတာကြောင့် ချန်းယောလ်ပါအဝေးကိုငေးကြည့်လိုက်မသည်...
'ချန်းယောလ် မင်းကဂေးလား.....'
မထင်မှတ်ထားတဲ့စကားကြောင့် တအံတဩကြီးချန်းယောလ် ဆယ်ဟွန်းကိုကြည့်လိုက်မိသည်...
'မင်းဂေးဆိုပေမယ့် ငါ့မင်းကိုစိတ်မပျက်ပါဘူး ဒါမယ့်အတာက သဘာဝတရားကိုဆန့်ကျင်နေတာမဟုတ်ဘူးလာ မင်းမှာခံနိုင်ရည်ရှိပါ့မလား....'