အမှန်တိုင်းပြောရင် ကျနော်ဆယ်ဟွန်းကိုလွမ်းပါသည်...
မတွေ့အောင်ရှောင်နေပေမယ့် ထိန်းချုပ်မရတဲ့စိတ်ကြောင့် သူမမြင်တဲ့အကွာအဝေးတခုကနေဘဲ စောင့်ကြည့်ခဲ့တယ်....
အရင်လိုအနီးနားမလာတော့တဲ့ဆယ်ဟွန်းက ကောင်မလေးနဲ့တွဲနေလို့ပင်....
သူ့ရည်းစားကသဘောကောင်းတယ် လှလဲလှတယ် ကျောင်းရဲ့အလှဆုံးကောင်မလေးဘဲ တခြားသူတိုင်းအားကျနေရတယ်အတွဲလေး...
လိုက်ဖက်လွန်းလှတယ် တခါတလေ အရှက်မဲ့စွာကျနော်က ဆယ်ဟွန်းနဲ့စိတ်ကူးယဉ်ကြည့်ခဲ့သေးတယ်.....
အွန်း ကိုယ်ပိုင်တည်ဆောက်ထားတဲ့ လေထဲကတိုက်အိမ်လေးကတော့ပြီးပြည့်စုံလျက်ပေါ့.....
.
.
.
ရောက်ရှိတဲ့ကိုယ့်အိမ်ကိုယ်ကြည့်တော့လဲ မီးအလင်းရောင်မတွေ့...
ထုံစံအတိုင်း မေမေကနောက်ကျမည်ထင်ပါသည်...
သားမိနှစ်ယောက်ထဲနေပေမယ့် တပတ်တခါတောင် လူချင်းတွေ့ဖို့ခက်ခဲ...
မေမေက မနက်ကျနော်ကျောင်းမသွားခင် ထမင်းချက်ပြီးအရင်ထသွားနှင့်ပြီ....
ပြန်လာရင်လဲ မေမေကသန်းခေါင်လောက်မှပြန်ရောက်လာတတ်သည်.....
အိမ်ထဲမဝင်ဘဲ ရပ်ကွက်ထိပ်ကကစားကွင်းလေးဆီ ခြေဦးလှည့်လိုက်သည်....
.
.
.
.
ငယ်ငယ်ကတည်းကကစားကွင်းတွေသွားဘယ်တွေသွားသွား တယောက်တည်း....
ကျောင်းကမိဘတွေခေါ်တွေ့ရင်တောင် မေမေကမအားသောအကြောင်းပြချက်နဲ့ရောက်မလာ...
မေမေက အသက်အာမခံလုပ်ငန်းမှာလုပ်တာ တနေ့တနေ့ခြေညောင်းအောင်လျောက်ပြီး လူစုပေမယ့် မေမေကဘယ်သောအခါမှ ငြီးငြူးခြင်းမရှိပေ....
ဒါကြောင့် မေမေမအားသည်ကိုလဲအပြစ်မြင် ကျနော်သာမွေးဖွားမလာခဲ့ရင် မေမေဒီလိုပင်ပန်းမှာမဟုတ်ဘူးမလား......
ရပ်ကွက်ကတိတ်ဆိတိတော့ ကျနော်ဒန်းစီးသံကကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်.....'ချန်းယောလ်.........'
ခေါ်သံကြောင့် ချန်းယောလ်မော့ကြည့်လိုက်တော့ ကျနော်ရှောင်နေခဲ့တဲ့ ဆယ်ဟွန်း....
'ဆယ် ဆယ်ဟွန်း.....'
ပါးပြင်ကမျက်ရည်စီးချောင်းကို ခပ်မြန်မြန်သုတ်လိုက်သည်...
မေးစေ့ကို ဆွဲလိုက်တဲ့ဆယ်ဟွန်းကြောင့်.....'ဆယ် ဆယ်ဟွန်း....'
'ဘာလို့လဲ ဘာလို့ငိုနေတာလဲ.....ယူဂျောင်းနဲ့အဆင်မပြေလို့လား....'