ချန်းယောလ်နဲ့အတူသွားအတူပြန်နေ့တိုင်းလိုလိုဖြစ်နေပြီ...
အမှန်က ကျနော်ကဘဲချန်းယောလ်ဆီသွားနေရတာ တခါတလေစဉ်းစားမိတယ်ချန်းယောလ်ဘက်ကရော ကျနော်နဲ့သွားရတာအဆင်ပြေလားဆိုတာ ကျနော်လဲမမေးခဲ့သလို အဖြေလဲမကြားခဲ့......
ချန်းယောလ်ကယူဂျောင်းနဲ့ဆို စကားတွေပြောပြီးရယ်ပေမယ့် ကျနော့်ရှေ့ကြဘာမှမပြောဘဲတိတ်ဆိတ်နေခဲ့သည်...
တခါတလေမေးကြည့်ချင်ပါတယ် ကျနော်ကယူဂျောင်းထက် မင်းကိုအရင်တွေ့တာပါဆိုပြီလေ.....'ဆယ်ဟွန်း ဆရာနဲ့ရုံးခန်းခဏလိုက်ခဲ့ ဆရာကိုစာအုပ်လိုက်စီပေးအုန်း....'
'ဟုတ်ကဲ့ ဆရာ.....'
နာရီလက်တံကိုကြည့်တော့ ကျောင်းဆင်းဖို့နာရီဝက်တောင်လိုသေးတာဘဲ....
စာအုပ်တွေသာ်ရင်း ဆရာ့နောက်ဆီသာလိုက်သွားလိုက်တော့သည်.....
.
.
.
..
အချိန်ကြည့်တော့ ကျောင်းဆင်းချိန်ထက်တောင်ကျော်နေပြီ ချန်းယောလ်ကစောင့်နေပါ့မလား....'ဆယ်ဟွန်းပြန်ရင်ပြန်တော့လေ ဆရာလက်စသတ်လိုက်မယ် အရေးကြီးတာရှိလို့လားနာရီတကြည့်ကြည့်နဲံ....'
'မဟုတ်ပါဘူး ဆရာ ကျနော်ဘဲလက်စသတ်ခဲ့မယ်ရတယ်ရတယ်....'
သက်ပြင်းချရင်း ချန်းယောလ်ကမစောင့်လောက်ဘူးမလား....
ကိုယ်လဲအာရုံရှိမယ့်ပုံမဟုတ်ဘူးဆိုတာနဲ့တင် တွေးရင်းပြုံးမိသည်....'ဆရာ အကုန်ပြီပြီ....'
'အေးအေး ကျေးဇူးဘဲကွာ.....'
ဆရာကိုနူတ်ဆက်ပြီး ကျောင်းပြင်ထွက်လာတော့.....
ကျောင်းရှေ့မှာငုတ်တုတ်လေးထိုင်စောင့်နေတဲ့ ချန်းယောလ်....
ဘာရယ်မဟုတ် စိတ်ထဲကြည်နူးမူလေးကရင်ထဲလိူက်ကနဲ့ ......'ချန်းယောလ်......'
အေးလို့ထင်တယ် နှာခေါင်းထိပ်လေးတောင်နီရဲနေတာ....
'ဆယ် ဆယ်ဟွန်း ငါ........'
'ငါ့ကိုစောင့်နေတာလား......'
မျက်မှန်ကိုပင့်ရင်း
'ငါ ဆယ်ဟွန်းကိုစောင့်နေတာ......'
ရင်ထဲကပျော်ရွှင်မူကြီးက သူငယ်ချင်းတယောက်ကကိုယ့်စောင့်တာကို ဒီလောက်ပျော်နေရတယ် တခြားသူတွေနဲ့တုန်းကဒီလိုမဖြစ်ဘဲ.....
အကျီထဲလက်ထည့်ထားတဲ့ လက်ကို နူတ်ပြီး ချန်းယောလ်မျက်နာကိုသွားကပ်လိုက်သည်....