'ဒါ မင်းအိမ်လား....'ချန်းယောလ်ဘာမှမပြောဘဲ အိမ်ထဲဝင်မည်အလုပ်...
'တလမ်းလုံးငါဘဲပြောလာရတာ မင်းကနည်းနည်းလေးမှတောင်ပြန်မပြောဘူး စိတ်မကောင်းလိုက်တာ....
ပြန်တော့မယ် မနက်ဖြန်ကျောင်းတူတူသွားမယ်နော် ငါနဲ့စောင့်နေ.....'ချန်းယောလ်မျက်မှန်ကိုပင့်ရင်း နောက်ပြန်လှည့်ကြည့်လိုက်သည်.....
တော်တော်ဝေးသွားမှ ချန်းယောလ်သက်ပြင်းချကာ...
"တော်သေးတာပေါ့ နှလုံးခုန်သံတွေတအားကျယ်နေတာသူကြားသွားလောက်လာ...."
ချန်းယောလ်ရင်ဘတ်ကိုကိုင်ရင်း အိမ်ထဲဝင်လာတော့သည်....
.
.
.
.
'သား ကျောင်းတက်ရတာအဆင်ပြေလား သူငယ်ချင်းရောရပြီလား....'မေမေ့ရဲ့စကားသံကိုကြားပေမယ့် ပြန်မဖြေဖြစ်
'စားပြီပြီ ကျနော်အရင်ထနှင့်မယ်....'
'ချန်းယောလ် သား သားကမေမေ့သားနော် တခုခုဆိုမေမေ့ကိုပြောပြလို့ရတယ်.....'
လှည့်မကြည့်ဘဲ ခေါင်းသာငြိမ့်လိုက်သည်....
.
.
.
.
.
အခန်းမီးကိုပိတ်ကာ ကုတင်ပေါ်ဖြာကျလာတဲ့ လရောင်....
စောင်ကိုရင်ဘတ်ထိတိုးခြုံကာ....
"ဒီတညပြီးရင် အခက်ခဲတွေအကုန်ပြေလည်သွားမှာမလား..."
မျက်လုံးမှိတ်ထားပေမယ့် အိပ်မပျော်တာကြောင့် စိတ်ထဲတောင်စဉ်ရေမရတွေးနေမိသည်...
တနေကုန်စကားလာပြောတဲ့ ဆယ်ဟွန်းမျက်နာကိုဘဲမြင်ယောင်နေမိသည်....
ပေါ်လာတဲ့မျက်နာလေးကို စိတ်နဲ့တွေးကာ...'အ....အ...ဆယ် ဆယ်ဟွန်း....'
'အ.........အ......'
ပြီးဆုံးသွားတော့ လက်ထဲကအရည်ပျစ်တွေကိုကြည့်ရင်း....
'တောင်းပန်ပါတယ် ငါတောင်းပန်ပါတယ်......'
.
.
.
.
.
.
.
.
အခန်းထဲကမိန်းကလေးတွေရဲ့ အသံတွေကိုနားမထောင်ချင်တာနဲ့.....
ပြတင်းပေါက်ဘက်လှည့်ကြည့်ကာ စိတ်ထဲတွေးနေမိသည်...
"ဆယ်ဟွန်းစောင့်နေမလား မနေ့ညကသူ့အကြောင်းကြောင့် ရှက်လိုက်မျက်နာမပြဝံ့တာနဲ့ တမနက်ခင်းလုံးရှောင်နေမိသည်..."
မျက်လုံးအကြောတွေနာတဲ့ မျက်မှန်ကိုချွတ်ပြီး မှောက်အိပ်လိုက်သည်....