ပါးတစ်ဖက်လျော်ကြေး

2.3K 64 1
                                    

ပါးတစ်ဖက်လျှော်ကြေး😌

     အပိုင်း (၃)

ဒီနေ့  မာန နားရက်မို့ city mark တစ္ခုမွာ ဈေးဝယ်ရင်း လာခဲ့သည်

မာန ရဲ့ စတိုင်အတိုင်း အမြဲတမ်းတစ်ယောက်ထဲပေါ့. . .
လိုအပ်တာတွေ ဝယ်ပြီး စားချင်တာစား တစ်ယောက်ထဲပဲ လည်ပတ်နေခဲ့တာ. . .

ပြီးနောက် ညေန ၆နာရီ လောက်မှာ အိမ် ကို ပြန် လာခဲ့သည်
လမ်းထိပ်ရောက်တော့ ကားကိုဆြဲအေကြ့ ဖြတ်ခနဲပေါ်လာသည့်  လူရိပ်ကြောင့် ကားကို ဘရိတ်အုပ်လိုက်ပေမယ့်. . .

''ဒုန်း. . .

''အား, .   .  .

ကား က ရပ်ထားသည့်တိုင် ပြေး လာနေသည့်လူက အရှိန်မထိမ်းနိုင်ပဲ ကားကိုဝင်တိုက်ပြီးနောက်ပြန်လဲကျသွားသည်

''ဘာလဲဟ. . . . . ကျစ်. . !!!. . ဒီရက်ထဲဘာလို့ဒီလိုဖြစ်နေပါလိမ့်.   .

တစ်ယောက်ထဲတီးတိုးပြောရင်း ကား အောက်ဆင်းလိုက်သည်

''သေသွားပြီလားမသိဘူး. .  
မဟုတ်သေးပါဘူး သေရအောင်ငါက ဝင်မတိုက်တာ သူက ဝင်တိုက်တာ. . . . .

မီးတိုင်နှင့်ဝေးသည့်နေရာမို့ မှောင်စပြုနေတော့ အသေအချာလဲမမြင်ရ. . .

''အား. .ကျွတ်. . ကျွတ်. . .

''ဒီမွာ. .

''ဟင်. .!!!

အသံကြောင့် မင်းထက်  မော့အကြည့်. .       မြင်လိုက်ရသောမျက်နှာကြောင့် အနာဟောင်းကိုတူးဆွသလို ဖြစ်သွားသည်
မာနလ်ွံ ဆိုသည့် မောက်မာသည့်မိန်းမ. .  
ပုံစံကြည့်ရတာ သူ့ကိုမှတ်မိဟန်မတူ. . . 

''ကားတစ်စီးလုံးလာနေတာ မမြင်ဘူးလား. . . .

''မမြင်လို့ပေါ့ ခင်ဗျား ကား ကို နည်းနည်းပါးပါး မီးဖွင့်မောင်းလေ. . .  

ထိုလူက နာကျင် နေ ရက်ဖြင့် နားကြပ်ကိုဆွဲဖြုတ်ရင်းပြောသည်
ဝတ်ဆင်ထားပုံက ညနေခင်း အပြေးလေ့ကျင်နေသည်ထင်.   .    

''ကားသံမကြားဘူးလား နားကြပ်တပ်ပြီးပြေးနေတာ ရှင့်အပြစ်လေ . . . .

''ခင်ဗျားက ကားနဲ့တိုက်ပြီးအပြစ်လွတ်အောင်ပြောနေတာလား.'. .

ပါးတစ်ဖက်လျော်ကြေးWhere stories live. Discover now