ပါးတစ်ဖက်လျော်ကြေး 😌အပိုင်း (၁၅)
''မာန ရောက်လာပြီလား. .
''ဟုတ်ကဲ့ . . .
''လာ. . . ထိုင် ဒါက ကိုယ်နဲ့ ဟိုဘက်နိုင်ငံမှာ အတူ လက်တွဲနေတဲ့ သူဌေး ဦးထွန်းဦး ပါ. .
''မင်္ဂလာပါရှင့် တွေ့ရတာဝမ်းသာပါတယ်. . .
''မင်္ဂလာပါ တူမေရ. . .
ဒီက မောင်ရင်က ဦးနဲ့ သားအဖတွေလိုပဲလေ . . .
သမီးက ဒီဘက် မြန်မာပြည်မှာ စီးပွားရေးလောကမှာ နံပါတ် ၁နေရာယူထားတယ်ကြားလို့ တွေ့ဖူးချင်လို့ဖိတ်ခိုင်းလိုက်တာပါ. . . .''ဟုတ်တယ် မာနလဲတွေ့ဖူးတာပေါ့. . .
ကူညီနိုင်တာဆိုရင် အချိန်မရွေးပြောပါကူညီပါ့မယ်. . .''လမ်းဖွင့်ပေးတော့ပြောဖို့အားရှိသွားပြီလေ. . .
ဒီဘက်ကဈေးကွက်စီးပွားရေးတွေ ဒီက သမီးကနားလည်တာဆိုတော့ ဦးတို့နဲ့ လက်တွဲပေးစေချင်တာပါ. .
ဦးတို့က Hotel နဲ့ အိမ်ခြံမြေ ဆောက်လုပ်ရေး ရောင်းချရေး ကန္ထရိုက္လုပ္တာပါ. . .''မာန လဲအခု အဲ့ ဘိုလူတွေနဲ့ပဲ လက်တွဲလုပ်နေတာပါပဲ. .
မာန ရဲ့ ကုပ္မဏီ ကလဲ ဒါတွေအတွက် လိုအပ်တာတွေထုပ်လုပ်တာမို့ လေ. .
ပြီးတော့ မာန ရဲ့ ခင်ပွန်း က လဲ အိမ်ခြံမြေ ရောင်းဝယ်ရေးကပါပဲ. . .''ကြားပါတယ်ဗျာ . . မာန့်တော်ဝင် ရဲ့ သခင်မ တစ်ပါးဆိုတာကိုပေါ့. .
''အဟင်း. .
''မာန့်တော်ဝင် က အရမ်းကို အောင်မြင်တဲ့ ကုပ္မဏီတစ်ခုပါ. . . သူတို့နဲ့ မယှဉ်နိုင်ဘူးဆိုရင်တောင်မှ သူတို့လိုအရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ နဲ့ ခိုင်ခန့်စိတ်ချရတဲ့တိုက်အိမ်တွေဆောက်လုပ်ချင်တာပါ. . .
''ကောင်းပါတယ်. . .
''တဖတ်နိုင်ငံမှာလဲ ဦး တို့က ဒါပဲ လုပ်ကြတာ ဒီမွာက လုပ်ငန်းတိုးချဲ့တဲ့သဘောပေါ့. .
''ဟုတ်ကဲ့ မာန ကူညီနိုက္တာ တက်နိုင်သလောက်ကူညီပါ့မယ်. .
''ကြားရတာနဲ့တင် ပျော်ပါပြီဗျာ. .
ကဲ အေးအေးဆေးဆေး ပေါ့ သုံးဆောင်ပါဦး. . .
''ဟုတ်ကဲ့. . . .