ပါးတစ်ဖက်လျှော်ကြေး😌
အပိုင်း(၄)မာန့်တော်ဝင်စံအိမ်. .
စံအိမ်ရှေ့ကိုရောက်သည်နှင့်မင်းထက်ဆင်းလိုက်ပြီးလူခေါ်ဘဲကိုရှာလိုက်သည်
''တီးတောင်. . တီးတောင်. . .
လူခေါ်ဘဲကိုနှိပ်လိုက်သည်နှင့် အလုပ်သမားတစ်ယောက်ပြေးထွက်လာပြီးခြံတံခါးဖွင့်ပေးသည်
မင်းထက်ထိုက်တန်. . . . အဖွားဆီသို့လာခဲ့တာဖြစ်သည်
အဖြားက မာန့်တော်ဝင် စံအိမ်မှာတစ်ယောက်ထဲ သူမရဲ့ ဘူယုံ အချေွအရံတွေဖြင့်နေထိုင်တာဖြစ်သည်. .
ကြီးမားပြီး ထည်ဝါသည့် မာန့်တော်ဝင် စံအိမ်ကြီးက ဟိုးအရင်က မင်းထက် နေခဲ့စဉ်ကအတိုင်းပင် ဘာမှပြောင်ူလဲမူမရှိ. . .
ဒယ္ဒီရဲ့ ထိမ်းသိမ်းမူအောက်မှာ အမြဲတောက်ပလျှက်သား. . .
နှစ်ကြာခဲ့တာမှန်ပေမယ့် ဟောင်နွမ်းမူမရှိပဲ တောက်ပလျှက်ပင်. . .
ငယ်စဉ်က ဒီနေရာမှာ သူပြေးလွားဆော့ကစားခဲ့တာပေါ့. . . . . . ကားကို ဆင်ဝင်အောက်မှာရပ်လိုက်ပြီး မင်းထက်လမ်းဆင်းလျှောက်လိုက်သည်''သခင်လေး လာပြီလား. .
''ဟုတ်တယ်. .ဒေါ်လှ အဖွားရော. . . .
''လာကြဲ့. . . သခင်လေးရဲ့အဖွားကစောင့်နေတာ. . .
မင်းထက် ဒေါ်လှ နောက်မှလိုက်လာခဲ့သည်. . ဒေါ်လှ ဆိုတာ အဖွားရဲ့လူယုံပေါ့. . . စံအိမ်ကိုထိမ်းသိမ်းနိုင်ပြီး အလုပ်သမားတွေရဲ့ခေါင်းဆောင်သဘောပေါ့. . .
အိမ်ရဲ့အထဲမှပြင်ဆင်မူနည်းနည်းပြောင်းသွားသလိုထင်ရသည့်. . ဒယ်ဒီလက်ရာဖြစ်မှာပေါ့. . . .ငယ်စဉ်ထဲက ဒီအိမ်မှာနေ ဒီအိမ်မှာပဲကြီးခဲ့တော့ ယခုမွ သူတကယ့်အိမ်ကိုပြန်ရောက်သလိုခံစားရသည်
''အဖြား. . .
''ငါ့မြေးလေးလာပြီ. . .
ဝှီးချဲပေါ်ထိုင်နေသည့်အဖွားကို ဖတ်ပြီးမင်းထက် ထိုင်ချလိုက်သည်. .
''အောင်မလေး ငါ့မြေး က အရင်ကထက်ပိုချောလာပါလား. . . မှန်းစမ်းပါဦး အဖေကိုသာရဲ့လားကြည့်ချင်လို့. . . .
အဖွားကမင်းထက်မျက်နှာကိုဆွဲယူပြီး ဖွဖွပွက်သက်နေသည်. .
အဖွားရင်ခွင်ကနွေးထွေးစွာ. . .
အေမဆိုတာ ဓာတ်ပုံသာမြင်ဖူးခဲ့သည့် မင်းထပ်အတွက် အဖြားကသာ အမေနေရာကိုယူခဲ့တာလေ. . .