ပါးတစ်ဖက်လျော်ကြေး

6.5K 114 4
                                    


ပါးတစ်ဖက်လျော်ကြေး

  အပိုင်း (၂၄)  The End

မာန ဂျပန်ကိုရောက်တော့ တစ်ယောက်ထဲယောင်လည်လည်ဖြင့်. . 
သမီးနဲ့အတူ လာဖို့စိတ္ကူးတာမို့ ခုတော့ သမီးမပါပဲ သူမ တစ်ယောက်ထဲသာ. . . .
ဖေဖေ စီစဉ်ပေးတာတဲ့ တိုက်ခန်းကို သွားပြီး တစ်ယောက်ထဲ ပါးပြင်မှာစီးကျနေသောမျက်ရည်များ. . .

ယခုတော့ မင်းထက် က သူ့သမီးဆိုတာကို သိသွားပြီပေါ့
လက်ခံသွားပြီပေါ့. . 
ကောင်းပါတယ်လေ သမီးလေးပျော်ရင်ပြီးတာပါပဲ
မာန က တစ်ယောက်ထဲလဲနေသာူကျနေပါပြီ

မာန ကိုကို လို့ခေါ်ခဲ့တဲ့ အောင်စစ်ပိုင် က သူလိမ်ခဲ့တာပါတဲ့
ဒါဆို မာန ရဲ့ ကိုကို က ဘယ်မှာလဲ. . . .
အောင်စစ်ပိုင် ကို စိတ်ဆိုးပေမယ့် သူ့ဘက္က ရိုးရိုးသားသားဝန္ခံခဲ့တာမို့ ခွင့်လွတ်ပေးလိုက်တယ်. . .
အခု မာနနဲ့ မင်းထက်တို့ကွဲသွားတာကိုလဲ သူအျပစ္လို့ ထင်နေမှာ အသေအချာပင်. . 
တကယ်တော့ သူနဲ့မဆိုင်ပါဘူး
လူတစ်ယောက်ကြောင့် လူတစ်ယောက်က မာန ကိုအဝေးကိုအမြဲတွန်းပို့ခဲ့တာပါပဲလေ . .   
သူ့ရဲ့မာန သိက္ခာ အားလုံးကိုနင်းခြေပြီးမှ အဝေးရောက်အောင်တွန်းပို့ခဲ့တာ
ရှင်နိုင်ပါတယ် ဦးမင်းထက်
ရှင် အပြတ်အသတ်နိုင်ပါတယ်
မာနလျံဆိုတဲ့မိန်းမက ရှင့်ရှေ့မှာတောင် ဒူးထောက်ဖူးခဲ့တာပဲ. . .
ရှင်ကို ပါးရိုပ္မိတဲ့ မာနရဲရိူင်းဆိုင်းတဲ့အပြု အမူအတွကိပြန်ပေးဆပ်ရတာဆိုရင်တောင်
ကျေလောက်ပါပြီ. . . ဒီလောက်မှာပဲရပ်သင့်ပြီလေ. . .

အချစ်. . .အခ်စ္ဆိုတာ မာန မသိခဲ့ဘူး.    
အမြဲတမ်း လူတစ်ယောက်ရဲ့စကားအတိုင်း လိုက်လုပ်ရင်း လူတွေနဲ့အဝေးဆုံး မွာ တစ်ယောက်ထဲကြီးပြင်းခဲ့တာ. . .

ညရောက်တော့လဲတော်တော်နှင့် အိပ်မပျော်
သမီးလေးလဲ ငိုနေမှာသိနေသည်
အရင်ကလဲ ဒီလိုပဲ ခွဲပြီး ၁ပတ် သို့မဟုတ် ၃ ရက်လ၄ရက် သွားဖူးပေမယ့် ယခုနှင့်မတူ. . . .
ယခု က် တစ္ခုခုကာဆီးထားသလို  ခံစားနေရသည်

ဒီနေ့တော့ အလုပ်သွားစရာ မလိုသေးဘူး
မနက်ဖြန်က စျပီး ဖေဖေ ခိုင်းလိုက်တဲ့ လုပ်ငန်းခွင်ထဲ ဝင်ရတော့မည်လေ. . . .
တမနက္လုံး စိတ်ပြေလက်ပျောက်တွေရာကောက်စား
ရေတွေသောက်. . ဟိုလျောက်ဒီလျောက်ဖြင့် မာန တသ်ယောက်ထဲ ခံစားနေရသည်ကို ဟန်ဆောင် မေ့ပြစ်ဖို့ကြိုးစားလျှက်. . .

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Aug 15, 2020 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

ပါးတစ်ဖက်လျော်ကြေးTempat cerita menjadi hidup. Temukan sekarang