ချန်းယောလ် ရဲ့ အရိပ်နဲ့ဝေးရာမှာ ဂျုံဒယ်ရှင်သန်ရခြင်းနဲ့အသားကျနေပြီး ဖြစ်သည်...အသစ်ရသည့်သူငယ်ချင်းများ မိတ်ဆွေများနှင့် ဂျုံဒယ်အတော်အသင့်အခြေတကျနေနိုင်နေပြီ...အရင်လိုပျော့ညံ့တဲ့ကောင်လေးမဟုတ်တော့...
ကိတ်မုန့်တွေကိုဆိုင်ရှေ့မှန်စင်ပေါ်နေရာချရင်း အတိတ်ကိုပြန်ကာတွေးနေမိသည်....တကယ်ဆို သူ့အတွက်လိုအပ်ခဲ့ခြင်းမရှိပဲ ကိုယ်ကသာချစ်လွန်း၍ပေးဆပ်နေခြင်း...ကုန်ခဲ့ရတဲ့အချိန်တွေကိုတွေးမိတော့နှမျောမိသည်....
"ကျွန်တော် ရောက်ပြီ"
ဆိုင်အဝင်ဝတံခါးလေးမှာချိတ်ထားတဲ့ ချူလုံးငယ်ဟာတစ်ချွင်ချွင်တိုးမြည်ရင်း အားကျိုး အသံပေးရင်းဝင်လာသည်...
အားကျိုး....ဒီကောင်လေးက အခုမှ တက္ကသိုလ်ဒုတိယနှစ် ဂျုံဒယ်ထက်ငယ်ပေမဲ့အားလည်းကိုးရသည် တရုတ်မှာဆိုင်စဖွင့်တည်းကအချိန်ပိုင်းလာလျှောက်ရင်း အခုတော့ဂျုံဒယ်အတွက်မရှိမဖြစ် ဖြစ်နေပြီ
"အားကျိုး ရောက်ရင်ကော်ဖီစေ့တွေစက်ထဲထည့်ထားတာ ကြည့်ပေးပါဦး တော်ကြာအပူရှိန်လွန်ပြီးကျွမ်းကုန်မှာစိုးလို့..."
"အင်း.. "
ဂျုံဒယ်က ကိတ်မုန့်တွေနဲ့ပက်သက်ရင်ပါရမီပါပေမဲ့...ကော်ဖီနဲ့ဆိုရင်တော့ လူညံ့တစ်ယောက်သာ...ဂျုံဒယ် ဖျော်တဲ့ကော်ဖီက ဘယ်တော့မှ အရသာမညီတတ် အားကျိုးကသာကော်ဖီနဲ့ပက်သက်ရင်ဆရာတစ်ဆူလိုကျွမ်းကျင်သူ...
ဒီကောင်လေးက အစက သူ့ကိုအားကျိုးလို့ခေါ်ရင်လုံးဝကြိုက်တာမျိုးမဟုတ် နာမည်အရင်း ဝမ်ယွင့်ကျိုး ကိုသာခေါ်စေချင်သည်...ဒီကောင်လေးက တကယ်ဂျစ်ကန်ကန်ရယ် ၆ပေကျော်သည့်အရပ်ကြီးကတစ်စုံတစ်ဦးကိုသတိရစေတာမို့ သူ့ကိုမြင်တိုင်းပြုံးမိသည်...ဂျုံဒယ်စကားပြောသက်သာစေရန်ဆိုပြီးကိုရီးယားစာကိုတောင်သင်ထားတဲ့ကောင်လေး....ဒါပေမဲ့လည်းဂျုံဒယ်ကတော့ တရုတ်လိုပြောတာအကျင့်ဖြစ်နေပြီ....
"အားကျိုးရေ.....kitchen ထဲမှာလိုတာတွေရှိရင် မိန်ရှင်းကိုဝယ်ဖို့စာရင်းပေးလိုက်နော် ge ဈေးသွားဖို့ပြောထားတယ် "