"အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ် ဝမ်ယွင့်ကျိုးလို့ခေါ်ပါတယ်ခင်ခင်မင်မင်ရှိသွားချင်ပါတယ်ခင်ဗျ"
အခန်းကျယ်တစ်ခုလုံးလက်ခုပ်သံတွေနဲ့ဆူညံသွားပြီးမိန်းကလေးတစ်ချို့ဆီက ခပ်စူးစူးအသံလေးတွေထွက်လာတယ်...
"ဝေ့...ရွှိက်ကော (အကိုချောလေး) ချစ်သူရှိလား..."
အားကျိုး ရယ်လိုက်ရင်း...
"ဟုတ်ကဲ့ ရှိတယ်ခင်ဗျ..."
"ဝါး....လေယာဉ်ပေါ်မှာ romance လေး ကြိုးစားကြည့်မလို့ဟာ အခု ကျပိုင်ရှင်နဲ့တဲ့လား..."
ဟုတ်ပါသည် အားကျိုး Delight airline ရဲ့ အလုပ်သင်လေယာဉ်မောင်အဖြစ်ပထမဆုံး အလုပ်ဆင်းခြင်း...ဇကာတင်အဆင့်ပြီးတာနှင့်သူ့ကိုချက်ခြင်းသင်တန်းသားဖြစ်လက်ခံကာသုံးလ သင်တန်းဆင်းတာနဲ့ လေယာဉ်မောင်အဖြစ်ခန့်အပ်ခံရခြင်းမှာပြောရရင်အနည်းငယ်လွယ်နေသလို...
ခင်ဖို့ကောင်းသလိုကူညီတတ်တဲ့စီနီယာတွေကြောင့်အလုပ်လုပ်ရာမှာ ပျော်ရပေမဲ့ ဘာကြောင့်မှန်းမသိ ဌာနမှူးကအားကျိုးကို လိုတာထက်ပိုပြီးစောင့်ကြည့်နေတတ်သည်...
"ယွမ့်ကျိုး သဘက်ခါ bangkok flight မှာ လိုက်ရမှာနော်....အဆင်သင့်ဖြစ်ပြီလား..."
လေယာဉ်မောင်စီနီယာအကိုက မေးလာတာကြောင့် သောက်လက်စကော်ဖီကိုဘေးချရင်း ရိုရိုသေသေပြန်ဖြေလိုက်တယ်...
"ဟုတ်ကဲ့ဖြစ်ပါပြီဗျ....ဒါနဲ့စီနီယာကျွန်တော်မသိတာတစ်ခုရှိလို့ "
"ဘာမသိတာလည်း... "
"ဟို အလုပ်သင်တွေကို ပြည်တွင်းပဲပေးလိုက်တာမဟုတ်ဘူးလားဗျ ကျွန်တော်ကျ ပထမတစ်ကြိမ်ပဲ ပြည်တွင်းလိုက်ရတယ် အခုချက်ချင်း international ဘက်ကို လိုက်ရတယ်ဆိုတော့ "
စီနီယာကရယ်လိုက်ပြီး...
"မင်းအရည်အချင်းရှိလို့ပေါ့ကွာ ငါတို့ဥက္ကဌက လူငယ်ပဲကွ သူက အလားအလာကောင်းတဲ့လူငယ်တွေကိုသဘောကျတယ် မင်းကိုလည်းအဲ့တာကြောင့်မျက်နှာသာပေးတာနေမှာပေါ့ "
"စဉ်းစားကြည့်မှ ဥက္ကဋ္ဌ ကိုကျွန်တော်မမြင်ဖူးသေးဘူးဗျ"
"မင်းမပြောနဲ့ငါတို့တောင် သူ့အတွင်းရေးမှုးကိုပဲ မြင်ဖူးတာ ဥက္ကဋ္ဌ ကအရမ်းအာဏာ ရှိတဲ့သူတဲ့ ဒီ airline က ဥက္ကဋ္ဌ ငွေပိုနေလို့ရင်းနှီးထားတာ လို့တောင်ကောလဟာလရှိတယ် "