"သူဌေး ယွင့်ကျိုးတို့ company ကသူဌေးရောက်နေတယ် "
ယွင့်ကျိုး ပျောက်သွားပြီးတာဆယ်ရက်ပင်ရှိခဲ့ပြီ ဂျုံဒယ်လည်းဆိုင်ပြန်ဖွင့်နေခဲ့တာ နှစ်ရက်ရှိပြီဖြစ်သည် ခပ်ချောချော နဲ့ အေးတိအေးစက်သဘောကောင်းပြီးကူညီတတ်တဲ့ကောင်လေးရုတ်တရက်မရှိတော့တာကြောင် ဆိုင်မှာရှိတဲ့လူတွေ အကုန်လုံးလည်းငူငူငေါင်ငေါင် ရင်ထဲတွင် လူတိုင်း ငိုချင်နေကြသည်မဟုတ်ပါလား....
မိန်ချင်း လာပြောတာကြောင့် အတွင်းခန်းထဲ ပို့ဖို့ပြောပြီး ခပ်လျောလျောထိုင်နေရာကနေ ခါးကိုမတ်ကာတစ်ဖက်လူကိုစောင့်နေလိုက်သည်....
"မတွေ့တာကြာပြီ...ဒယ်"
#ဒီအသံ...တစ်သက်မမေ့နိုင်မည့်အသံ...
ခေါင်းကိုကပြာကလျာမော့ကြည့်မိတော့ ထင်သည့်အတိုင်း ထိုလူ....ဒါဆို အားကျိုးရဲ့သူဌေးဆိုတာ...
" ကိုယ့်ကိုတွေ့လိုက်ရလို့ အံ့သြသွားတယ်ထင်တယ် ဒယ်.."
"ပထမဆုံးတွေ့ဆုံခြင်းပါ...ကင်မ်ချန်း ပါ..."
"ချန်း.....ချန်း....ဟုတ်လား "
ဂျုံဒယ်တကယ်မုန်းတဲ့ ပါးချိုင့်နက်ကလေးများပေါ်အောင်ပြုံးရင်း နာမည်ကိုတစ်လုံးခြင်းရွတ်ကြည့်နေတဲ့သူ့ကိုလျစ်လျှူရှုလိုက်ပြီး...
"လူကြီးမင်းလာတာ ဝမ်ယွင့်ကျိုးနဲ့ ပက်သက်ပြီးလာတာမဟုတ်ဘူးလား..."
"အာ...ဟုတ်တာပေါ့...ဟုတ်ပါတယ် ကိုယ်တို့ delight ဘက်ကနေ ရှာဖွေရေးဆင်းပေးနေတာ ၁၀ရက်ရှိပါပြီ ဝမ်ယွင့်ကျိုးနဲ့ပက်သက်ပြီး ဒါလေးပဲ ပြန်ရှာတွေ့တယ် "
ချန်းယောလ်ရဲ့အတွင်းရေးမှူးချပေးလာတဲ့ အိတ်လေးထဲမှာတော့ ငွေရောင်လက်နေတဲ့ ဆွဲကြိုးလေးတစ်ကုံး...
(Flash back)
"ဘာလေးလဲချန်းရဲ့..."
"ဆွဲကြိုးလေးလေ ကိုယ့်ကိုယ်စား မင်းကိုစောင့်ရှောက်ဖို့.. "
"လော့ကတ်သီးလေးက ဘာပုံလေးလည်း"
လပေါ်မှာလူသေးသေးလေးထိုင်နေတဲ့ ပုံစံနဲ့လော့ကတ်လေးကိုစိတ်ဝင်တစားကြည့်ပြိးမေးလာတဲ့သူ...