မရောက်တာကြာတဲ့ korea မြေကိုပြန်ခြေချမိတော့ အေးမြတဲ့လေက မျက်နှာကိုတိုးဝှေ့လာတယ်...
"ဂျုံဒယ် "
ခါအီရဲ့ခေါ်သံနဲ့အတူပြေးလွှားပြီးလာဖက်တဲ့ အရပ်ခပ်မြင့်မြင့်ကြွက်သားတောင့်တင်းတဲ့ယောက်ျားနှစ်ယောက်...သေချာပေါက် ခါအီနဲ့ဆယ်ဟွန်းပေါ့...ပါ့ခ်ချန်းယောလ် နဲ့ဝေးချင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့သူငယ်ချင်းတွေကိုပါ အဆက်အသွယ်ဖြတ်ထားမိတာ..ဒါကိုတောင် အပြစ်မဆိုတဲ့သူငယ်ချင်းလေးတွေ
ဂျုံဒယ် ခပ်တင်းတင်းပြန်ပွေ့ဖက်ပြီး ထိန်းချုပ်ထားတဲ့မျက်ရည်တွေ ကိုကျဆင်းခွင့်ပေးလိုက်သည်...
"ကောင်စုတ်လေး...ငါတို့အရမ်းလွမ်းနေတာ..."
"ငါရောပါပဲ..."
"မင်း သဘောနဲ့မင်းလိုက်လာတာကောဟုတ်ရဲ့လား."
ခါအီက အရင်လိုမယုံသင်္ကာမျက်လုံးမျိုးနဲ့ချန်းယောလ်က်ုကြည့်ပြီးမေးလာတာကြောင့် ဂျုံဒယ်ကအောင့်အီးပြီးခေါင်းငြိမ့်ပြရသည်....သူငယ်ချင်းတွေကိုစိတ်မပူစေချင်ပါ...
"ကဲ...အိမ်ပြန်ကြရအောင်လေ...ဒယ်လည်းပင်ပန်းနေမှာပေါ့..."
ခါအီနဲ့ဆယ်ဟွန်းက မကြည်ကြည့် ကြည့်ရင်း ကားပါကင်အထိလိုက်ပို့ကာ သူတို့ကားတွေဆီထွက်သွားသည် မနက်ဖြန်တစ်ခါလာလည်မည်ဟုပြောရင်း တစ်ခုခုဆိုဖုန်းဆက်ဖို့လည်းမှာသွားကြသေးသည်......
ကားပေါ်မှာတိတ်တဆိတ်လိုက်ပါလာရင်း အားကျိုးကိုသတိရလာတာကြောက့်မျက်ရည်စတို့က လွင့်ခနဲ....
ဒါကိုမြင်တဲ့ ပါ့ခ်ချန်းယောလ် က မျက်ရည်စတွေကိုသူ့လက်မနဲ့ဖိသုတ်ပေးလာသည်...ပါးပြင်ပေါ်က နွေးထွေးမှုနဲ့ပြည့်စုံလှတဲ့လက်အကြီးကြီးကို ရှောင်တိမ်းမိတော့ သက်ပြင်းချသံသဲ့သဲ့ကြားရသည်...
"ကိုယ့်အိမ်ပဲသွားမယ်နော် ကလေး..."
ပြောင်းလဲသွားတဲ့အခေါ်အဝေါ်ကြောင့် အံ့အားသင့်ရပေမဲ့ အသိစိတ်တို့က လှည့်မကြည့်ရန်တားမြစ်ခဲ့သည်....
ထိုလူသားအပေါ်ဒီထက်ပိုပြီး...မယုံကြည်ချင်တော့ပါ.....