ထိုင်းနိုင်ငံနယ်စပ်....
နယ်စပ်မှာရှိတဲ့ဆေးရုံဆိုပေမဲ့ကောင်းမွန့်ခန့်ညားစွာဆောက်လုပ်ထားတာကြောင့် လူသိများတဲ့ဆေးရုံကြီးတစ်ခု ထိုင်းနိုင်ငံက ဆရာဝန်တော်တော်များများမြန်မာ နှင့် တရုတ်မှ ဆရာဝန်တချို့တလေနှင့် အတော်ခေတ်မှီသည့် ဆေးရုံကြီး kong hwa..
"1021 က လူနာအခြေအနေဘယ်လိုလဲ..."
ဆေးရုံအုပ်ကြီးရဲ့အမေးကို စာရွက်တစ်ချို့ကိုလှန်လှောစစ်ဆေးနေဟန်တူတဲ့တရုတ်လူမျိုးဆရာဝန်လေးက မော့ကြည့်ပြီးဖြေလာတယ်...
"Coma stage က ပြင်းထန်လို့ ပြန်ကောင်းလာဖို့ဆိုတာ ၅၀% ပါပဲ...သူဘယ်သူလဲဆိုတာသိရပြီလား..."
"Dr. Wang ဂရုစိုက်ပေးတာကျေးဇူးတင်ပါတယ် သူဘယ်သူဆိုတာလျှို့ဝှက်ထားရမယ့်ကိစ္စဖြစ်လို့ မဖြေနိုင်တာ စိတ်မရှိပါနဲ့...တစ်ခုခုထူးခြားရငိ..ကျွန်တော့်ကိုဆက်သွယ်ပါ..."
ဒေါက်တာဝမ် ကခေါင်းငြိမ့်လိုက်ပြီး
"ကောင်းပါပြီ"
................................
"ယွင့်ကျိုး သတင်းမသိရဘူးလား အတွင်းရေးမှူးလီ "
"မသိရသေးပါဘူးအကိုလေး ကျွန်တော်တို့ထိုင်းနိုင်ငံထဲကဆေးရုံတွေအားလုံးကယ်ဆယ်ရေးနဲ့ပရဟိတ လုပ်ငန်းတွေကိုဆက်သွယ်ထားပါတယ် "
ဂျုံဒယ် ဒီအိမ်ကိုရောက်ပြီး နေ့စဉ်မေးသောစကားကတစ်ခုတည်း ယွင့်ကျိုးသတင်းဘာကြားရသေးလဲဆိုတာပင်...
အတွင်းရေးမှူးလီ လည်း မသိရပါဘူးပြောပေါင်းများတာကြောင့်တစ်ခုခု ရှာဖွေဖြေပေးချင်ပေမဲ့ ဒါမျိုးက မိမိတတ်နိုင်တဲ့ကိစ္စမှ မဟုတ်ပဲလေ....#ကျွီ........
အိမ်ရှေ့မှာကားရပ်သံ ကြားတာကြောင့်မသွားချင်သွားချင် ခြေလှမ်းတွေနဲ့ ဂျုံဒယ် တံခါးဝဆီသွားကာ ရပ်နေရသေးသည်....အိမ်ကြီးရှင်ကိုကြိုရမှာ ဂျုံဒယ် လက်ခံထားတဲ့ ချစ်သူတစ်ယောက်ရဲ့ အလုပ်မဟုတ်လား...
"ဒယ်..."
အိမ်ထဲ ဝင်လာတာနဲ့ သန်မာတဲ့ လက်မောင်းတွေကြားတွေးပွေးလာတဲ့သူ့ကြောင့် ရုန်းထွက်လိုက်ချင်လောက်အောင် အနေရကျပ်လှပေမဲ့လည်းအောင့်အီးပြီးသည်းခံပေးလိုက်သည်...