Part 1

16.2K 775 21
                                    

Unicode

ဒီအဆုံးသတ်ကအစတည်းကမျှော်လင့်ထားပြီးသားဆိုပေမယ့် နာကျင်မှုတိုင်းကတော့အသားမကျသေး။ အရင်ပြီးဆုံးသွားတဲ့ဇာတ်လမ်းဟောင်းတွေကလိုမျိုးစကားတွေကကြားရမယ်ဆိုတာ သိပေမယ့် မကျက်သေးတဲ့ဒဏ်ရာဟောင်းကို ​​ပြန်အဆွခံလိုက်ရသလိုမျိုး ကြားရတိုင်း နာကျင်ရဆဲပဲ...

"အိမ်ကလည်းအရမ်းတိုက်တွန်းနေပြီ ပြီးတော့မင်းလည်းသိပါတယ် ကိုယ်ကမိသားစုဘဝကိုအရမ်းလိုချင်တယ်ဆိုတာ" ရှောင်းကျန့်အသံကုန်အော်ဟစ်လိုက်ချင်တယ်။ ဒါပေမယ့်လူကဘာသံမှထွက်မလာ အရင်လူတွေလိုပဲ "အင်း နားလည်ပါတယ် အဆင်ပြေပါစေ မင်္ဂလာဆောင်ကိုလည်း ဂုဏ်ပြုပါတယ်" ဆိုတဲ့စကားတွေသာအသက်မပါစွာထွက်လာတယ်။ "ငါ့အတွက်သား​လေးမြန်မြန်မွေးပေးနော်"ဆိုတဲ့စကားကိုလည်း မမေ့မလျော့ပြောပြီး ကိုယ့်ကိုယ်ကျောခိုင်းထွက်မယ့်ကျောပြင်တွေကို မကြည့်ချင်တော့တာကြောင့် အရင်ကျောခိုင်းထွက်လာမိတယ်။ ​ဆောင်းဝင်စပြုလို့ အေးလာပြီဖြစ်ပေမယ့် သူ့ရင်ထဲကအပူကိုတော့ အေးသွားအောင်မလုပ်ပေးနိုင်...

တစ်ယောက်တည်း နာကျင်တာလျော့သွားရေးဆိုပြီး barမှာထိုင်သောက်မိနေတယ်။ သူ့မျက်နှာကလည်း တော်တော်ကို ဘူနေလားမသိ ဘယ်သူမှအနားတောင်လာမထိုင်ရဲ​ကြ။ တစ်ယောက်တည်းသောက်ချင်လို့မှ ဂျောင်မှလာထိုင်နေပါတယ်ဆိုဘေးနားကို လူလာထိုင်တာကြောင့် နှင်ထုတ်ဖို့ မော့ကြည့်မိပေမယ့် ရှိသမျှနတ်ကောင်းနတ်မြတ်အကုန်လုံးက မလိုက်သလိုခံစားရတယ်။ နဖူးမှာ ရှောင်းကျန့်typeလို့မရေးထားရုံတမယ် သန့်​ပြန့်နေတဲ့မျက်နှာရှင်းရှင်းလေး style pantsနဲ့ ရှပ်အင်္ကျီအဖြူက ကိုယ်ပေါ်မှာ အချိုးအစားကျစွာ...

သူ့ကိုစူးစိုက်ကြည့်နေတော့ မျက်လုံးတွေထဲမှာ ဘယ်လောက်မျောသွားလဲမသိတော့ စိတ်နဲ့လူနဲ့ပြန်ကပ်တဲ့အချိန်မှာ လူကbarမှာမဟုတ်တော့... ခန္ဓာကိုယ်ပေါ်မှာ အစုန်အဆန်ပြေးနေတဲ့လက်တွေ ပြီးတော့ တဖြည်းဖြည်းနဲ့နက်ရှိုင်းလာတဲ့ အနမ်းတွေက ရှောင်းကျန့်barမှာ သောက်ခဲ့တဲ့ အရက်ထက်ပိုရစ်မူးစေတယ်... ဒီညတော့ ညတာရှည်တော့မယ်ထင်တယ်

LOVE [Completed]Where stories live. Discover now