Part 2

7.4K 696 22
                                    

Unicode

WTF DOBLE F#%&" TRIPLE F%#"& စောက်ကျိုးနည်း နတ်မင်း​တွေကိုမစတယ်ထင်ခဲ့တာလေ အခုတော့... ရက်စက်လိုက်ကြတာ ဘယ်လိုကံတရားကြီးလဲ

"ဒီနေ့အတွက်တာဝန်ကျေပါတယ် သွားလိုက်ပါဦးမယ်" ဟုဆိုတာ ဝမ်လိရန်ကိုကောက်ချီပြီး ထွက်သွားသောထိုသူ...
နည်းနည်းခပ်လှမ်းလှမ်းရောက်သွားမှ ရှောင်းကျန့်သတိဝင်လာကာ "ဟို... ခနလေး ဒီစာအုပ်က မိဘဆရာမှတ်စုစာအုပ်ပါ အားရန်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆရာတွေသိစေချင်တာ ဂရုစိုက်ဖို့လိုတာတွေကို စာအုပ်ထဲရေးပြီး အားရန်နဲ့ထည့်ပေးလိုက်ပါ ကျွန်တော်တို့ဘက်ကလည်း တစ်ရက်တာ အားရန်နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေပြန်ရေးထည့်ပေးပါတယ်" ဟုဆိုရင်း မှတ်စုစာအုပ်ကိုလက်ထဲထိုးပေးလိုက်ရတယ်။

ကဲ... ရှောင်းကျန့်ရေ ဘယ်လိုလုပ်ကြမလဲ နတ်မင်းအပေါင်းသူတော်ကောင်းတို့ရယ် မစတာမဟုတ်ပဲ စတာနောက်တာ ဖြစ်နေပြီလား မကယ်တင်ကြတော့ဘူးလား

########

မနက်တိုင်းမူကြိုလာတဲ့ကလေးတွေကို ဂိတ်ဝမှာထွက်ကြိုနေစဥ် ရှောင်းကျန့်ကို​​မြင်တာနဲ့ထုံးစံအတိုင်းပြေးဖက်ဖို့လုပ်တဲ့ အားရန်နဲ့ရှောင်းကျန့်ကြားကို ရှေ့ကပိတ်ရပ်လိုက်ကာ "ကျေးဇူးပြု၍ ကျွန်တော့်ကလေးနားမကပ်ပါနဲ့" ဟုဆိုလာတဲ့အားရန်အဖေကြောင့်ရှောင်းကျန့်တွန့်သွားတယ်။
ရှောင်းကျန့်လည်း ဘာလုပ်ရမှန်းမသိလို့ ဒီအတိုင်းပဲကြောင်ကြည့်နေစဥ် သူ့အနားကပ်လာပြီး "ခင်ဗျားကယောက်ျားချင်းကြိုက်တာမလား ကျွန်တော့်ကလေးကိုခင်ဗျားအစောင့်အရှောက်အောက်မှာ ဘယ်လိုစိတ်ချပြီးထားရမှာလဲ" ဟုအေးစက်စက်လေသံနဲ့ဆိုလာတော့ ရှောင်းကျန့်တစ်ကိုယ်လုံးတောင့်တင်း​အေးခဲသွားသလိုပဲ။

လှည့်ထွက်ဖို့ပြင်နေတဲ့ ထိုသူရဲ့လက်ကိုဆွဲကာ "ခနလေး အာ့ကိစ္စနဲ့ ဒါနဲ့ကဘာမှမဆိုင်သလိုပဲ ပြီးတော့ကျွန်တော်က အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုလည်း မရောထွေးတတ်လို့ စိတ်မပူပါနဲ့ ပြီးတော့ ကျွန်တော်အမှတ်မမှားရင် ခင်ဗျားကိုယ်တိုင်လည်း အာ့နေ့ညက..."

LOVE [Completed]Where stories live. Discover now