Part 4

6.3K 637 7
                                    

Unicode

ရှောင်းကျန့်ခေါင်းငုံ့သွားပြီး ဘာမှဆက်မပြောတော့ဝမ်ရိပေါ်ကပဲ "ရုတ်တရက်ဒီလိုပြောလိုက်တာ တောင်းပန်ပါတယ် အခုချက်ချင်းအဖြေပေးဖို့မလိုပါဘူး ဖြည်းဖြည်းချင်းစဥ်းစား...."

"မဟုတ်ဘူး တောင်းပန်ပါတယ် ကျွန်တော်ငြင်းရလိမ့်မယ် ငါတို့ကမဖြစ်နိုင်ဘူး" ဆိုပြီး ဝမ်ရိပေါ်စကားမဆုံးခင်မှာ ဖြတ်ပြောလိုက်တဲ့ ရှောင်းကျန့်ရဲ့အဖြေစကား...

"တကယ်တောင်းပန်ပါတယ်" ဝမ်ရိပေါ် သူရှေ့မှာ ခေါင်းငုံ့ပြီး တောင်းပန်စကားသာဆိုနေတဲ့ ရှောင်းကျန့်ကို စိတ်မရှည်စွာနဲ့ ပခုံးနှစ်ဖက်ကိုဆွဲကိုင်ပြီး မေးခွန်းတွေထုတ်မိတယ်

"ဘာလို့လဲ ကျွန်တော် ခင်ဗျားကိုတကယ်သဘောကျတာ ကျွန်တော်ကခင်ဗျားနဲ့ပတ်သတ်ပြီးအကုန်လုံးကို အလေးအနက်တွေးထားတာ"

"အဲ့ဒါကြောင့်မလို မဖြစ်တာ!!! မင်းသိလား ကိုယ်အရင်ကdateတွေအများကြီးလုပ်ဖူးတယ် ဒါပေမယ့်အနှေးနဲ့အမြန်လမ်းခွဲရတာချည်းပဲ အကြောင်းပြချက်ကဘာလဲ မင်းသိလား ငါမိသားစုဘဝစတင်ချင်တယ် ငါ့သားအရွယ်ရောက်လာတော့မယ် ငါ့သားကပိုအရေးကြီးတယ် အာ့လိုမျိုးအကြောင်းပြချက်တွေချည်းပဲ ကိုယ်ဘာမှပြန်မပြောနိုင်ခဲ့ဘူး ကိုယ်တိုင်ကလည်း မူကြိုကျောင်းဆရာတစ်ယောက်ဖြစ်နေတဲ့အတွက် ကလေးတွေကဘယ်လောက်အရေးကြီးတယ်ဆိုတာသိတယ်"

"ခင်ဗျားကကျွန်တော့်ကိုမယုံတာလား သူတို့လိုပဲထားသွားမယ်လို့ထင်နေတာလား" လို့ဝမ်ရိပေါ်ကမေးခွန်းထုတ်တော့ ရှောင်းကျန့်ကဖြေးညှင်းစွာ ခေါင်းကိုရမ်းတယ်

"အာ့ဆိုဘာလို့လဲ!! ဘာလို့ကျွန်တော်တို့ကမဖြစ်နိုင်ရတာလဲ!!!!!!" သူ့ကိုမယုံကြည်လို့မဟုတ်ဘဲ ဇွတ်ငြင်းနေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်ဒေါသထွက်လာပြီး ရှောင်းကျန့်ပခုံးနှစ်ဖက်ကို ပိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်မိတယ်

"မင်းကိုမယုံတာမဟုတ်ဘူး ကိုယ်ဘာသာကိုယ်မယုံတာ အရင်လူတွေစွန့်ခွာသွားတိုင်း ဪ... နောက်ဆုံးတော့ဒီလိုမျိုးပြီးဆုံးသွားတာပဲဆိုပြီးတွေးမိတယ် အမြဲတမ်းဒီလိုမျိုးဇာတ်သိမ်းမှာပဲ ဘာမှထူးခြားလာမှာမဟုတ်ဘူးဆိုပြီးတွေးနေခဲ့တာ ကိုယ်ရိပေါ်ကိုအရမ်းကိုသဘောကျပေမယ့် ရိပေါ်ကိုယ့်ကိုပစ်သွားမှာကိုမကြောက်ပါဘူး ဒါပေမယ့် ဒီနေ့သိလာရတာက အားရန်ပြုံးပျော်နေဖို့က သူ့မိဘတွေနဲ့ပဲပိုသက်ဆိုင်တယ် ကိုယ်ကအပြင်လူသက်သက်ပဲဟာ အဲ့ဒါကြောင့်မလို့အားရန်အတွက်တွေးပြီးတော့ပဲဖြစ်ဖြစ် ​အားရန်အမေနဲ့ပဲ ပြန်အဆင်ပြေအောင်လုပ်လိုက်ပါ တောင်းပန်ပါတယ်" ရှောင်းကျန့် သူ့ပခုံးပေါ်ကလက်တွေ လျော့ကျသွားတာနဲ့ ရိပေါ်ရှေ့ကနေပြေးထွက်ခဲ့တယ်

LOVE [Completed]Where stories live. Discover now