Unicode
ဒီအဆုံးသတ်ကအစတည်းကမျှော်လင့်ထားပြီးသားဆိုပေမယ့် နာကျင်မှုတိုင်းကတော့အသားမကျသေး။ အရင်ပြီးဆုံးသွားတဲ့ဇာတ်လမ်းဟောင်းတွေကလိုမျိုးစကားတွေကကြားရမယ်ဆိုတာ သိပေမယ့် မကျက်သေးတဲ့ဒဏ်ရာဟောင်းကို ပြန်အဆွခံလိုက်ရသလိုမျိုး ကြားရတိုင်း နာကျင်ရဆဲပဲ...
"အိမ်ကလည်းအရမ်းတိုက်တွန်းနေပြီ ပြီးတော့မင်းလည်းသိပါတယ် ကိုယ်ကမိသားစုဘဝကိုအရမ်းလိုချင်တယ်ဆိုတာ" ရှောင်းကျန့်အသံကုန်အော်ဟစ်လိုက်ချင်တယ်။ ဒါပေမယ့်လူကဘာသံမှထွက်မလာ အရင်လူတွေလိုပဲ "အင်း နားလည်ပါတယ် အဆင်ပြေပါစေ မင်္ဂလာဆောင်ကိုလည်း ဂုဏ်ပြုပါတယ်" ဆိုတဲ့စကားတွေသာအသက်မပါစွာထွက်လာတယ်။ "ငါ့အတွက်သားလေးမြန်မြန်မွေးပေးနော်"ဆိုတဲ့စကားကိုလည်း မမေ့မလျော့ပြောပြီး ကိုယ့်ကိုယ်ကျောခိုင်းထွက်မယ့်ကျောပြင်တွေကို မကြည့်ချင်တော့တာကြောင့် အရင်ကျောခိုင်းထွက်လာမိတယ်။ ဆောင်းဝင်စပြုလို့ အေးလာပြီဖြစ်ပေမယ့် သူ့ရင်ထဲကအပူကိုတော့ အေးသွားအောင်မလုပ်ပေးနိုင်...
တစ်ယောက်တည်း နာကျင်တာလျော့သွားရေးဆိုပြီး barမှာထိုင်သောက်မိနေတယ်။ သူ့မျက်နှာကလည်း တော်တော်ကို ဘူနေလားမသိ ဘယ်သူမှအနားတောင်လာမထိုင်ရဲကြ။ တစ်ယောက်တည်းသောက်ချင်လို့မှ ဂျောင်မှလာထိုင်နေပါတယ်ဆိုဘေးနားကို လူလာထိုင်တာကြောင့် နှင်ထုတ်ဖို့ မော့ကြည့်မိပေမယ့် ရှိသမျှနတ်ကောင်းနတ်မြတ်အကုန်လုံးက မလိုက်သလိုခံစားရတယ်။ နဖူးမှာ ရှောင်းကျန့်typeလို့မရေးထားရုံတမယ် သန့်ပြန့်နေတဲ့မျက်နှာရှင်းရှင်းလေး style pantsနဲ့ ရှပ်အင်္ကျီအဖြူက ကိုယ်ပေါ်မှာ အချိုးအစားကျစွာ...
သူ့ကိုစူးစိုက်ကြည့်နေတော့ မျက်လုံးတွေထဲမှာ ဘယ်လောက်မျောသွားလဲမသိတော့ စိတ်နဲ့လူနဲ့ပြန်ကပ်တဲ့အချိန်မှာ လူကbarမှာမဟုတ်တော့... ခန္ဓာကိုယ်ပေါ်မှာ အစုန်အဆန်ပြေးနေတဲ့လက်တွေ ပြီးတော့ တဖြည်းဖြည်းနဲ့နက်ရှိုင်းလာတဲ့ အနမ်းတွေက ရှောင်းကျန့်barမှာ သောက်ခဲ့တဲ့ အရက်ထက်ပိုရစ်မူးစေတယ်... ဒီညတော့ ညတာရှည်တော့မယ်ထင်တယ်
YOU ARE READING
LOVE [Completed]
Fanfictionအချစ်ဆိုတာ ပိုင်ဆိုင်တာ မပိုင်ဆိုင်တာက အဓိကမဟုတ်ပါဘူး အခ်စ္ဆိုတာ ပိုင္ဆိုင္တာ မပိုင္ဆိုင္တာက အဓိကမဟုတ္ပါဘူး