Final

7.6K 739 43
                                    

Unicode

ရှောင်းကျန့်ရင်ဘတ်ထဲက နာနေတာကို ဖြေဖျောက်ဖို့ တစ်ခုခုတော့လုပ်မှဖြစ်မယ်။ barလည်းမသွားချင် barရောက်မှပိုလွမ်းလာရင် ဒုက္ခ

ဇာတ်လမ်း​တွေထဲကလို စိတ်ပြေလက်ပျောက်ခရီးထွက်ရအောင်လည်း ဘဏ်အကောင့်ထဲက ပိုက်ဆံပမာဏကခွင့်မပြု

တောရွာလေးမှာဇာတ်မြှုပ်ပြီးသွားနေဖို့ကျလည်း ဘာလုပ်ကိုင်စားသောက်ရမှန်းမသိ

ဇာတ်လမ်းတွေထဲကျလည်းလွယ်လိုက်တာ အသည်းကွဲလို့ ခရီးထွက်ရတာနဲ့ တစ်ခြားမှာသွားနေရတာနဲ့ သူ့အလှည့်ကျဘာလို့ဒီလောက်ခက်ခဲနေတာလဲ

တစ်ပတ်လောက်ခွင့်ယူပြီး အိမ်တွင်းအောင်းချင်တာတောင် တစ်ခြားအတန်းကဆရာကခွင့်ယူသွားလို့ ခွင့်ယူလို့မရတဲ့အပြင် အတန်း၂ခုကိုပါတာဝန်ယူနေရတဲ့ဘဝ

ဘဝကြီးကိုလွယ်မနေဘူး အသည်းကွဲနေတဲ့

ရှောင်းကျန့်လေးကိုဘယ်သူမှမကယ်တင်ကြတော့ဘူးလား...

ဘယ်နှရက်ရှိသွားပြီလဲတောင်မသိ အသည်းကလည်းကွဲကောင်းတုံး
ရှောင်းကျန့်ကျောင်းကစားကွင်းထဲမှာ ငုတ်တုတ်ထိုင်နေတာ ဘယ်လောက်တောင်ကြာသွားလဲတောင်မသိ သူ့ရှေ့ကိုလာရပ်တဲ့ခြေထောက်သေးသေးလေးတစ်စုံ ပြီးတော့​ရှောင်းကျန့်ပါးပေါ်ရောက်လာတဲ့ လက်သေးသေးလေးရယ်

"ကျွန်တော်မပြောခဲ့ဘူးလား ကျွန်တော်ကသာ ဆရာ့ကိုတန်ဖိုးအထားဆုံးလို့ ကျွန်တော်ကဆရာ့ကိုပျော်အောင်ထားနိုင်ပါတယ်ဆိုတာကို ယုံမှမယုံတာ ကျွန်တော့်ကိုသာရွေးခဲ့ရင် ဒီလိုမျိုးစိတ်ပင်ပန်းတာတွေဖြစ်ရမှာမဟုတ်ဘူး" ဆိုပြီးလာပြောတဲ့ အားရန်ကြောင့် သူ့မှာရယ်ရမလို ငိုရမလို တကယ်ပဲ အဖေကိုမရရင် သားကိုကြံလိုက်သင့်လား

"ဟုတ်တယ်နော် အားရန် ဒါပေမယ့်အခုဘယ်လိုလုပ်ကြမလဲ ရိပေါ်ကိုအရမ်းသဘောကျနေတယ် အာ့ခံစားချက်ကိုလည်းရပ်လို့မရဘူးဖြစ်နေတယ် တောင်းပန်ပါတယ် တကယ်တောင်းပန်ပါတယ်" ဆိုပြီး ငိုချတဲ့ရှောင်းကျန့်ကြောင့် အားရန်လေးလည်းဘာလုပ်ရမှန်းမသိ

LOVE [Completed]Where stories live. Discover now