Part 3

6.8K 676 13
                                    

Unicode

အဲ့ဒီကလေးအဖေကိုတွေ့တိုင်း လူကဖျားချင်သလိုလို နာချင်သလိုလိုခံစားနေရတာကြောင့် ဘာဖြစ်နေနေ ဒီညတော့ မူးအောင်သောက်ပြီးမှောက်တာဖြစ်ဖြစ် တစ်ခြားလူနဲ့အစားထိုးတာဖြစ်ဖြစ်လုပ်မှဖြစ်တော့မယ်လို့ဆုံးဖြတ်ချက်ချကာ barကိုခြေဦးလှည့်ရတော့တယ်။ ရောက်ကတည်းက သောက်နေတာ ဘယ်နှခွက်မြောက်မှန်းမသိ လူကတရိပ်ရိပ်နဲ့တက်လာသလို ခံစားရတယ်။ အိမ်သာကပြန်အထွက် ​လူကတကယ်မူးနေပြီထင်တယ်။ရှေ့ကတစ်ယောကိက ​ဟိုကလေးအဖေဝမ်ရိပေါ်ကြီးနဲ့တူနေသလိုပဲ...

"ဝမ် ရိ ပေါ်?"

########

နေကမျက်နှာကိုထိုးလာတာကြောင့် နေကွယ်လိုကွယ်ငြား လူကတစ်ဖက်လှည့်ဖို့လုပ်လိုက်တော့ ခါးပေါ်ကလက်က ပိုတင်းပြီးဖက်လာတယ်

ခါးပေါ်ကလက်? WTH!!!!!! ခါးပေါ်မှာ!!!!!!!!! လက်!!!!!!!!!!!!!!!!!!!! ရှောင်းကျန်ရေ ဘာတွေလုပ်မိပြန်ပြီလဲ

ရှောင်းကျန့်မဝံ့မရဲ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်တော့ သူ့ကိုဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ ဝမ်ရိပေါ် မျက်နှာလေးကရှင်းပြီး ဖြူဥနေတာပဲ

ရှောင်းကျန့်ရေ ငမ်းရမယ့်အချိန်မဟုတ်ဘူး ကုတင်ပေါ်ရောက်နေတာ ဝမ်FREAKINGရိပေါ်ကြီး

Flashback

"ဝမ် ရိ ပေါ်?"

ရှောင်းကျန့်အနားတိုးသွားပြီး မျက်နှာကိုလက်နှစ်ဖက်နဲ့သေချာကိုင်ပြီး သူ့မျက်နှာနားဆွဲကြည့်လိုက်တော့...

"အာ... ဟုတ်သားပဲ ဝမ်လိရန် အားရန်အဖေ ဝမ်ရိပေါ် ပဲ ဟီးဟီး ဒီကိုဘာလာလုပ်တာလဲ အားရန်ကိုမခေါ်လာဘူးလား" ဆိုပြီး ရိပေါ်ကို သွားတွေပေါ်နေအောင်ပြုံးပြနေတဲ့ ငမူးရှောင်းကျန့်

"ကျွစ်... ဘယ်လောက်တောင်သောက်ထားတာလဲ"

"ဒါကပါးပါးလေးပါ ငါမမူးသေးဘူး" ဟုသာဆိုနေသော်လည်း လူကယိုင်ထိုးကာ ဝမ်ရိပေါ်အပေါ်မှီကျနေပြီ။

ဘာမှမပြောဘဲ တွဲခေါ်သွားဖို့လုပ်နေတဲ့ရိပေါ်လက်တွေဟာ "မင်းဘယ်လိုမှမခံစားရဘူးလား ငါထင်တာကလေ အာ့နေ့က ငါတို့နှစ်ယောက်က... " ဟုပလုံးပထွေးနဲ့ထွက်လာတဲ့ ရှောင်းကျန့်အသံကြောင့် တုံ့ခနဲ့ရပ်သွားတယ်။

LOVE [Completed]Where stories live. Discover now