Unicode
ဝမ်ရိပေါ်တို့တော်တော်ကိုဘူနေပြီ။ နှစ်သစ်ကိုကောနဲ့နှစ်ယောက်တည်းဖြတ်သန်းမယ်လို့ကြိမ်းဝါးထားတာလေ။
နှစ်ယောက်တည်းအချိန်ဖြုန်းလို့ရအောင် သားကိုတောင်သူ့အဖွားတွေဆီပို့ထားတာ။
ဒါကိုရက်ကပ်မှအလုပ်ကအရေးကြီးကိစ္စနဲ့ခရီးထွက်ရတယ်။ လိအရေးကြီးအလုပ်။ ကိုယ်ပိုင်တဲ့companyဖြစ်နေလို့ပေါ့။ မဟုတ်ရင်ချက်ချင်းထွက်စာတင်ပြီးပြီ။
၃၁နေ့ညနေတော့ဘာကြီးဖြစ်နေနေကောဆီအရောက်ပြန်။ ညနေစာကိုအိမ်မှာတင်အတူတူချက် ညစာစား။ ထမင်းလုံးစီရင်း TVခနကြည့်။ မီးရှူးမီးပန်းဖောက်တာတွေခနငေး။ ည၁၂မထိုးခင်ကနေ နောက်တစ်နေ့ကူးတဲ့အချိန်ရောက်တဲ့အထိကောကိုနမ်း။ ပြီးရင်အဟမ်းကြမယ်လို့တွေးထားတာလေ။
စောက်ကျိုးနည်းရာသီဥတုကိုထည့်မထွက်မိတာမှားတာပဲ။ နှင်းကျလို့ဆိုပြီး လေယာဥ်ကdelayဖြစ်နေတယ်။ လိလိုပဲ...။
အခုလိုပုံစံအတိုင်းသာဆို ညစာမစားဘဲ main courseကိုတန်းကူးရမယ့်အခြေအနေရောက်နေပြီ။
ငါ့ကောသေးသေးလေးအိမ်မှာတစ်ယောက်တည်း အထီးကျန်နေလောက်ပြီ။ ဒီလိုရာသီဥတုမှာ ကောကိုရင်ခွင်ထဲထည့်ပြီးနေရမယ့်ဟာကို အခုတော့...။
ကောရေ ကောရဲ့လွမ်းတယ်...
ရိပေါ်Hong Kongလေဆိပ်ကိုဆိုက်တော့ ည၁၀နာရီကျော်နေပြီ။
အရေးအကြောင်းဆိုလမ်းကပိတ်ပြီ။ New Yearကိုကိုယ့်အိမ်ကိုမနေဘဲလမ်းပေါ်ဘာထွက်လုပ်ကြမှန်းကိုမသိဘူး။ ဒရမ်မာတွေထဲကလို 'ကောရောကျွန်တော်လာပြီ' ဆိုပြီးTaxiပေါ်ကဆင်းပြေးရအောင်ကျတော့လည်း ၂ရက်တစ်ပိုင်းခရီးကိုကောနဲ့သားဖို့ဝယ်လာတဲ့ လက်ဆောင်ထုပ်တစ်သိန်းကရှိသေးတယ်။ ပြီးတော့ဒီရာသီဥတုနဲ့ဆင်းပြေးရင် သွေးမပူခင်တစ်ကိုယ်လုံးခဲတောင့်ပြီး ကောဆီရောက်လာမှာမဟုတ်ဘူး။ ဦးနှောက်မရှိတဲ့အလုပ်လုပ်ရအောင် ဝမ်ရိပေါ်သည် သောက်ချဥ်မဟုတ်။ energyကိုချွေတာရမယ်လေ။ အိမ်ရောက်မှပဲ ကောနဲ့အတူသွေးပူလေ့ကျင့်ခန်းလုပ်မှာပေါ့။ အဟဲဟဲ...။
YOU ARE READING
LOVE [Completed]
Fanfictionအချစ်ဆိုတာ ပိုင်ဆိုင်တာ မပိုင်ဆိုင်တာက အဓိကမဟုတ်ပါဘူး အခ်စ္ဆိုတာ ပိုင္ဆိုင္တာ မပိုင္ဆိုင္တာက အဓိကမဟုတ္ပါဘူး