သခင့်အလိုကျအပိုင်း ၁
ဆောင်းလေရူး ဆိုတာ လေနှင်ရာလွင့်နေတက်တာမျိုးပါ။ ဒါကြောင့်ဖမ်းဆုပ်ဖို့လဲ ခက်ခဲသလို မြင်တွေ့ဖို့လဲ မဖြစ်နိုင်ဘူး။
******
"ဂျောက်...ဂျလောက်...ဂျောက် ဂျလောက်......
"အွန်း...ဒီလိုမှဖတ်လို့ကောင်းတာ...
ဒါဟာ အရမ်း ကို စိတ်ဝင်စားဖို့ ကောင်းတယ်...... မဟုတ်သေးဘူး...."ဂျောက်....ဂျလောက်....
အခန်းထဲမှာ ကွန်ပျူတာ ခလုပ်ဖိနှိပ်သံ နှင့် တစ်ယောက်ထဲ စကားပြောသံကလွဲလျှက်တိတ်ဆိပ်နေသည်။ဒီလို အခြေ အနေ ဒီလို တိတ်ဆိပ်နေတာ ကို သူမ အရမ်းသဘောကျတယ်လေ။ဒါမှ စာပိုရေးနိုင်ပြီး အတွေးတွေလဲ ထွက်လာတာ။
အသံတွေ ဆူနေရင် အတွေးတွေက အသံနောက်ကို နားစွန့်ရင်း ရောကုန်တယ်လေ။ ဒါကြောင့် ညဘက် ကိုသာ စာရေးဖို့ ရွေးချယ်ထားခဲ့တာပေါ့။"သမီးရေ.....သမီးရေ.... ဆောင်းလေရူး.....
ရေးနေလက်စ ဝထၳု လေးကို အဆုံးသတ်ဖို့ ပြင်နေစဉ် သူမလေးရဲ့မိခင်အသံကြောင့် ရေးလက်စ လက်ကတွန့်သွားရသည်။
"ရှင်...မာမီ....
"ရှင် ကို နောက်ထား လူ အရင်လာ.....
"လာပါပြီ....
ပြောရင်းဖြင့် တံခါးပြေးဖွင့်လိုက်သည်။
"အဲ့ဒီ ဘာမဟုတ်တဲ့စာတွေ ရေးနေပြန်ပြီလား.......ပိုက်ဆံ လဲ မရပဲနဲ့
မျက်စိပျက်မယ်လို့ပြောနေတဲ့ဟာကို....."မာမီရယ်.....ဘာလို့ ဘာမဟုတ်တဲ့စာတွေ ရမှာလဲ.....မာမီ ခံစားကြည့်ပါ....ဒါက အနုပညာ တစ်ခုပါ...မာမီသိလား....ပန်းချီ ပန်းပု ဆိုတာလဲ အနုပညာ ဖြစ်သလိုစာရေးခြင်းဆိုတာလဲအနုပညာတစ်ခု...
"ပါးစပ် ပိတ်ထားစမ်း. ..စကားများလိုက်တာ.....
မိခင်ဖြစ်သူက အော်လိုက်သဖြင့် ပါးစပ်ပိတ်ကျသွားပြီး ဇတ်ပုကျသွား
ရသည်။"တစ်နေ့ တစ်နေ့ အဲ့ဒီ ကွန်ပျူတာ ကြီးကြည့်ပြီး သွားကြီး ဖြီးလာလိုက် ရယ်နေလိုက် အရူးကြီး ကျလို့....