သခင့် အလိုကျ
အပိုင်း ၈
"ဘာလဲဟ....ဒီမှာ သူတစ်ယောက်ပဲရှိတယ် ထင်နေတာလား....
"သူ့ထက်အကြီးတွေလဲ ရှိနေတာကို လေးစားမူ မရှိဘူး ရာထူးကြီးတယ်ဆိုပြီး လုပ်ချင်ရာ လုပ်နေတယ်...သူ့အဖေကြောင့်သာ မဟုတ်ရင် ငါတို့ကလဲ သူ့ကို သူဌေးလို့ လက်မခံနိုင်ဘူး....
"တောင်းပန်ပါတယ်ရှင့် သူဌေး က စိတ်ညစ်စရာရှိနေလို့ပါ...
"စိတ်ညစ်စရာရှိတယ်...ဘာစိတ်ညစ်စရာလဲ...ထိုင်စိတ်ညစ်နေလိူ့ ငွေရမလာဘူး... ထုပ်ကုန် ထုပ်ဖို့ ဆွေးနွေးနေတာ
အခြားသူတွေက အားတက်သရောဆွေးနွေးနေသလောက်သူကတော့ ဘာလုပ်သွားလဲ.....အခုကရော ငါတို့က ဆက်ထိုင်နေရမှာလား ထသွားရမှာလား....."ဆက်ထိုင်နေတော့ရော ဘာထူးမှာ မို့လို့လဲ....
အခန်းထဲမှ သူတွေဟာ ဒေါသ မျက်နှာတွေဖြင့် ထ ထွက်သွားကြတော့သည်။
စာရေးမလေးဟာ လဲ စာရွက်လေးတွေ လိုက်ပြန်ကောက်ပြီး ထွက်လာခဲ့ရသည်။ဝိုင်ကတော့ ခြေလှမ်းကျဲတွေဖြင့် ကားပါကင်သို့ရောက်နေပြီဖြစ်သည်။
"သခင်လေး ဘယ်သွားမလို့လဲ....
"မနေ့ကနေရာ...
"ခင်ဗျာ....
"နောက်ကလိုက်ခဲ့....
"ဟုတ်ကဲ့ သခင်လေး.....
ဝိုင်က ကားကို လောကြီးစွာမောင်းလာခဲ့သည်။ မနက်ကနေ နေ့လည်ထိ ဖုန်းပိတ်ထားပြီး လူပါပျောက်နေတာ မရိုးသားနိုင်။ ဆောင်းလေရူး တစ်ခုခု ဖြစ်နေပြီဆိုတာ သေချာသည်။ မနေ့ညက သူပေါ့လျော့မိသွားသည်လေ။ ရန်ဖြစ်ပြီး ပြန်လာပေမယ့် ဆောင်းလေရူး တစ်ယောက် ထဲပြန်တာကို ခွင့်ပြုလိုက်မိသည်။
ဒါဟာ အန္ဒရာယ်ကို ဖိတ်ခေါ်လိုက်မိတာလား။ မနေ့က လာခဲ့သည့် နေရာကိုနောက်တစ်ကြိမ် ထပ်လာခဲ့သည်။ အပေါ်မှ ဝတ်ထားသည့် ကုဒ်ကို ဆွဲချွတ်လိုက်ပြီး ကားနောက်ခန်းထဲ ပစ်လိုက်သည်။
ပြီးနောက် ကားကို အရှိန်နှင့် မောင်းလျှက် စက်ရုံတွင်းသို့ဝင်သွားလိုက်သည်။
စက်ရုံထဲမှ လူအချို့ဟာ ဗြုန်းခနဲကားက ပြေးဝင်လာတာကြောင့် ခုန်ပေါက်ရှောင်လိုက်ကြရသည်။