သခင့် အလိုကျ
အပိုင်း ၉
"ဝိုင် ဖိအား မပေးဘူးဒယ်ဒိီ...
ဒယ်ဒီက သာ ခက်ခဲအောင် လုပ်နေတာ...
ကျွန်တော် သေချာပေါက်သိရမှရမယ်....ဝိုင်ရဲ့ ဖခင်ဟာ ပြောမရသလိုပုံစံဖြင့် စက္ကူ အိတ်တစ်ခုကို ပစ်ချပေးလာသည်။
"သူ့ အဖေက သာမာန် ဆရာဝန်တစ်ယောက်...သူ့အမေက အဝတ်အစားတွေ ဖန်စီတွေ ရောင်းတဲ့ဆိုင်ဖွင့်ထားတယ်....
သာမာန် မိသားစုလောက်ကများ တက်မှန်းလိုက်တာက ထိပ်ဆုံးကို...ဝိုင်က ဒယ်ဒီပစ်ချပေးသည့် စက္ကူအိတ်ကိုသွန်ချလိုက်သည်။
အိတ်ထဲမှ ဆောင်းလေရူး ရဲ့ပုံတွေထွက်ကျလာတော့သည်။
ပုံတွေ ထဲမှ ဓာတင်ပုံလေးတစ်ပုံကို အကြည့်ရောက်သွားမိသည်။ တက္ကသိုလ် တစ်ခုရှေ့မှာရိုက်မိထားတဲ့ပုံ။
ဝိုင် ပုံတွေ ကောက်ယူပြီး အပြင်ပြန်ထွက်သွားဖို့ ပြင်လိုက်သည်။"သခင်လေး...
"ရမက်ဝိုင် မင်း ဒါက ဘယ်ကိုလဲ...
"ကျွန်တော် သူမ ကို သွားရှာမလို့....
"အရူး လိုကောင် အချိန်ကိုပြန်ကြည့်ဦး...
ထိုသို့ ပြောမှ အချိန်ကို ပြန်ကြည့်လိုက်မိသည်။ဟုတ်သားပဲ အခုက အတော် ညနက်နေပြီပဲ။ငါ သူမကို ဘယ်လိုရှာတွေ့ပါ့မလဲ။
"ဝိုင်.....မင်းကို ဒါတွေပြတာ က မင်းကို သိစေချင်လို့...အဲ့ဒီကောင်မလေး က မင်းကို လိမ်ညာခဲ့တယ်ဆိုတာ.....ငါပြောတာ မယုံလို့ လက်တွေ့ပြရုံပဲ....ထပ်ပြောမယ်...ငါ အဲ့လို မိန်းကလေးတွေ ကို သဘောမကျဘူး....ကလိမ်ကကျစ်များတယ် အကြံဉာဏ်များတယ်...ကြောက်ဖို့ကောင်းတဲ့ကောင်မလေးပဲ....မင်း သူမ နဲ့ဝေးဝေးနေပါ...... ငါ ထပ်သတိပေးမယ်....
ဝိုင် ဘာမှ ပြန်မပြောတော့ပဲ အပေါ်တက်လာခဲ့သည်။
နောက်ဆုံးတော့ မင်းကိုရှာတွေ့တော့မယ်။ မင်း ငါ့လက်က မလွတ်ပါဘူး
ဆောင်းလေရူး မင်းက တကယ်ကြောက်စရာကောင်းတဲ့ကောင်မလေးပဲ။
ငါ့ကို ဘဝမှန် ဖုန်းထားပြီး ငါ့ဆီလာခဲ့တာ။ငါ့ကိုသနားအောင် လုပ်ပြီး အနားရောက်လာခဲ့တာ။ အားလုံးဟာ အလိမ်အညာတွေပဲ၊၊ ဘာကြောင့်လဲ ငါသိချင်လွန်းလို့ အချိန်တွေ မစောင့် ချင်တော့ဘူး။