သခင့် အလိုကျ
အပိုင်း ၁၄
"ဦးဝိုင်......
"Sorry....မင်း အကျီ ကို ညစ်ပတ်အောင် လုပ်မိသွားပြီ....
"ရှင် ဘာဖြစ်လာတာလဲ....
ဘာလို့ အခု လိုတွေ ဖြစ်နေတာလဲ..."ဘာမှ မဖြစ်ဘူး ကိုယ် ခဏ နားလိုက်ရင်ကောင်းသွားမှာပါ...နည်းနည်း ပင်ပန်းလို့....
ဝိုင်က နဖူး က စီးကျနေသည့် သွေးတွေကြားမှာ ကြိုးစားရယ်ပြနေ၏။
"ရှင် ဟန်ဆောင်နေတာ ရှင် အရမ်း နာနေတယ် မဟုတ်လား...
လာ...ထိုင် လိုက်..."အင်း.....
ဝိုင်က ဆောင်း ထိုင် ခိုင်း သည့် နီးရာ ခုံမှာ ဝင်ထိုင် လိုက်၏။
"အ....
"ဦးဝိုင်...
ယိုင်ကျ သွားတာကို လိုက်ဆွဲ ပေမယ့် လက်က မသန်ပဲ အရာ မရောက်လိုက်။ ဝိုင်က သူ့ကို သူ အတော် သတိရှိသူ တစ်ယောက် မို့ ထိုင်ခုံမှာ ထိုင်လို့ရသွား၏။
"ရန်ဖြစ်လာတာလား....ရှင်ပြောတော့ ဒီနေရာကို ဘယ်သူမှ မရှာနိုင်ဘူးဆို....
ဟင်...ဘယ်သူ နဲ့ ဖြစ်လာတာလဲ..."သူရအောင်...ပြီးတော့ အခြား ၁၀ယောက်နဲ့....
ဝိုင်က မျက်လုံး မှိတ်ထားပြီးမေးတာတော့ဖြေနေ၏။
"ရှင် ရူးနေလား...၁၁ ယောက်နဲ့ တစ်ယောက် ဒီလောက် လူများတာ ဘာလို့ထွက်မပြေးတာလဲ...
"အဲ့တာဆို ကိုယ်က လူကြောက်ဖြစ်သွားမှာပေါ့...
"လူကြောက် ဖြစ်တာထက် ဒီလို ဒဏ်ရာတွေ ရတာ တန်လို့လား...သူတို့က ဓားတွေပါ ပါနေရအောင် လူသတ်ဂိုဏ်းကလား....
"ကိုယ် ဘာမှမဖြစ်ပါဘူး ဒီ ဒဏ်ရာလောက်လေးက....အရင်ကလဲ ဒဏ်ရာတွေ ခဏခဏ ရနေကျ.....
ဝိုင်က အားမရှိသလို အသံကဖျော့နေ၏။
ဆောင်း ကို ထိကိုင် ထားတဲ့ လက်ကလဲ ပူနေခဲ့သည်။"ရှင် ဖျားနေတာလား...
ဆောင်း ဆီက ကူးသွားတာ မဟုတ်လား
တစ်ညလုံး ပွေ့ထားတာ မဟုတ်လား....ဝိုင် က မျက်လုံး ဖွင့်လာပြီး...
"ကိုယ် တကယ် ဘာမှ မဖြစ် ပါဘူး ခဏလေး ပင်ပန်း လို့ ငြိမ်နေတာ...